အောင်မြတ်သာနှင့်အိမ်စောင့်သရဲမ

အောင်မြတ်သာနှင့်အိမ်စောင့်သရဲမ ရေးသားသူ— ဇေယန(ရာမည) +++++++++++ “ အဟွတ် အဟွတ် အဟွတ်” အိမ်ခန်းထဲကနေ ချောင်းခြောက်ဆိုးသံထွက်ပေါ် လာတာကြောင့် ထမင်းအိုးတည်နေတဲ့ ယဉ်လှတစ်ယောက် ကပြာကယာအခန်းထဲ ပြေးဝင်လာခဲ့လိုက်တယ်။ “ အမေ… ချောင်းတွေဆိုးနေပြန်ပြီလား” “ ခဏနေ သက်သာသွားမှာအေ.. ငါ့ကို ယက်ဆားဘူးလေးပေးစမ်းပါဦး” “ အမေ ဆေးခန်းသွားပြရအောင်လား” “ မပြချင်ပါဘူး.. ငါက နေမကောင်းဖြစ်တာမှမဟုတ်တာ၊ အခန့်မသင့်လို့ ချောင်းဆိုးနေတာ ရေးကြီးခွင်ကျယ်လုပ်မနေစမ်းပါနဲ့” “ အမေကတော့ ပြောရဆိုရခက်လိုက်တာ၊ ဆေးခန်းပြလို့ ဘယ်လောက်မှမကုန်ပါဘူး” “ ယဉ်လှ.. နင့်အလုပ်နင်သွားလုပ်စမ်း၊ ငါ့ကိုဆရာလာမလုပ်နေနဲ့” မိခင်ဖြစ်သူရဲ့ စကားကြောင့် ယဉ်လှတစ်ယောက် ဆောင့်ချည်အောင့်ချည်နဲ့ မီးဖိုချောင်ထဲကို ပြန်ဝင်သွားခဲ့တယ်။ “ ယဉ်လှ … ဒီကိုလာဦး” “ ဘာဖြစ်လို့လဲအမေ” “ … Read more

အောင်မြတ်သာနှင့်အိမ်စောင့်သရဲမ

” အောင်မြတ်သာနှင့်အိမ်စောင့်သရဲမ ” ရေးသားသူ— ဇေယန(ရာမည) +++++++++++ “ အဟွတ် အဟွတ် အဟွတ်” အိမ်ခန်းထဲကနေ ချောင်းခြောက်ဆိုးသံထွက်ပေါ် လာတာကြောင့် ထမင်းအိုးတည်နေတဲ့ ယဉ်လှတစ်ယောက် ကပြာကယာအခန်းထဲ ပြေးဝင်လာခဲ့လိုက်တယ်။ “ အမေ… ချောင်းတွေဆိုးနေပြန်ပြီလား” “ ခဏနေ သက်သာသွားမှာအေ.. ငါ့ကို ယက်ဆားဘူးလေးပေးစမ်းပါဦး” “ အမေ ဆေးခန်းသွားပြရအောင်လား” “ မပြချင်ပါဘူး.. ငါက နေမကောင်းဖြစ်တာမှမဟုတ်တာ၊ အခန့်မသင့်လို့ ချောင်းဆိုးနေတာ ရေးကြီးခွင်ကျယ်လုပ်မနေစမ်းပါနဲ့” “ အမေကတော့ ပြောရဆိုရခက်လိုက်တာ၊ ဆေးခန်းပြလို့ ဘယ်လောက်မှမကုန်ပါဘူး” “ ယဉ်လှ.. နင့်အလုပ်နင်သွားလုပ်စမ်း၊ ငါ့ကိုဆရာလာမလုပ်နေနဲ့” မိခင်ဖြစ်သူရဲ့ စကားကြောင့် ယဉ်လှတစ်ယောက် ဆောင့်ချည်အောင့်ချည်နဲ့ မီးဖိုချောင်ထဲကို ပြန်ဝင်သွားခဲ့တယ်။ “ ယဉ်လှ … ဒီကိုလာဦး” “ … Read more

အောင်မြတ်သာနှင့်ဖိုးသူတော်သိုက်

” အောင်မြတ်သာနှင့်ဖိုးသူတော်သိုက် ” ရေးသားသူ—ဇေယန(ရာမည) +++++++++++ ” တောင်ကုန်းကျောင်း” နာမည်နဲ့လိုက်အောင် ကုန်းမြင့်တစ်ခုပေါ်မှာတည်ထားတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်သလို ဘုန်းကြီးကျောင်းအနောက်ဘက်မှာတော့ တောင်ကုန်းစေတီတစ်ဆူတည်ရှိခဲ့တယ်။ ဘုန်းကြီးကျောင်းရဲ့အရှေ့ဘက်မှာတော့ လူနေရပ်ကွက်တစ်ခုရှိပြီး အခြေခံလူတန်းစားတွေအများစုနေထိုင်ခဲ့ကြတယ်။ တောင်ကုန်းဆရာတော်ဥူးဝေပုလ္လလာပြီဟေ့ဆိုရင် ဘယ်လောက်ဆိုးသွမ်းပြီးဆဲဆိုနေတဲ့သူဖြစ်ပါစေ တွေ့ရာချောင်ကို၀င်ပြီးပုန်းပေတော့၊ မပုန်းဘူးဆိုရင် ဆရာတော်ရဲ့လက်စွဲတော်တောင်ဝှေးက ဦးခေါင်းထက်ကို ဒေါက်ခနဲရောက်လာတတ်လို့ပဲ။ အခုလဲ ဆိုးပေတို့ကလေးတစ်စု ဆရာတော်ကျောင်းမှာ မွေးထားတဲ့ ကြက်ကိုခိုးဖို့ ကြခတ်ရုံအောက်မှာ ပုန်းနေခဲ့ကြတယ်။ ဆရာတော်က ညနေဘက်ဆိုရင် လမ်းလျောက်ထွက်တတ်တာမို့ ဆရာတော်လစ်တာကို ခြင်ကိုက်ခံကာစောင့်နေခဲ့ကြတယ်။ ” ဆိုးပေ… ဆရာတော် ကျောင်းအောက်ဆင်းလာပြီကွ” သံဒိုးရဲ့စကားကြောင့် ပါလာတဲ့သူတွေက ကြခတ်ရုံအနောက်မှာ မလှုပ်မယှက်၀ပ်နေလိုက်ကြတယ်။ ဆရာတော် ကျောင်းပြင်ပကိုရောက်ပီဆိုတာနဲ့ ခြုံတွေကိုအကာအကွယ်ယူပြီး ဆရာတော်မွေးထားတဲ့ ကြက်တွေအနားကိုတိုးကပ်လာခဲ့ကြတယ်။ ညနေ နေ၀င်ရီတရောအချိန်ရောက်နေပြီမို့ အိပ်တန်းတက်နေကြတဲ့ ကြက်တွေက မင်းဂွတ်ပင်ပေါ်မှာ အစီအရီ။ သံဒိုးက အိပ်တန်းတက်နေကြတဲ့ … Read more

အောင်မြတ်သာနှင့် မြင်းဖြူကတဲ့ယာဉ်

အောင်မြတ်သာနှင့် မြင်းဖြူကတဲ့ယာဉ် စာရေးဆရာ —ဇေယန(ရာမည) +++++++++++ တပေါင်းလပြည့်နေ့ဖြစ်တဲ့အတွက် တိမ်သားကင်းစင်ပြီး ကြည်လင်တောက်ပနေတဲ့ သော်တာလမင်းကြီးရဲ့ အလင်းဓါတ်တွေက ဇလုပ်မြို့‌ပေါ်ကို ယိုဖိတ်ကျလျက်ရှိနေခဲ့တယ်။ အေးမြတဲ့လရောင်အောက်မှာတော့ ဇလုပ်မြို့သူ မြို့သားတွေက ဝတ်ကောင်းစားလှတွေဝတ်ဆင်ပြီး မြို့ဦးစေတီဘက်ကို ပျော်ရွှင်စွာ သွားလာနေကြတယ်။ အချို့ယောင်္ကျားလေးတွေကတော့ လမ်းမှာတွေ့တဲ့ မိန်းမပျိုလေးတွေကို ယဉ်ကျေးတဲ့အမူအယာနဲ့စနောက်ကြ ရယ်မောကြနဲ့ သွားလာနေကြသလို အချို့ကြတော့လဲ ကြင်သူရဲ့လက်ကိုဆွဲကိုင်ကာ နှစ်ယောက်တစ်ကမ္ဘာထင်ပြီး သွားလာနေကြတယ်။ များမကြာမီ မြို့ဦးစေတီရင်ပြင်တစ်ဝိုက်မှာ ဘုရားလာဖူးသူတွေပြည့်သွားခဲ့တယ်။ အချို့ တွေက အိမ်ကနေယူလာတဲ့ ဆီမီးတွေ၊ ပန်းတွေကို သင့်တင့်လျောက်ပတ်တဲ့နေရာမှာ ပူဇော်နေကြ တယ်။ ညရှစ်နာရီထိုးတော့ ရင်ပြင်တော်မှာရှိတဲ့ ဓမ္မာရုံကနေ အချက်ပေးခေါင်းလောင်းသံ တစ်ခု ထွက်ပေါ်လာခဲ့တယ်။ မြို့သူမြို့သားတွေလဲ ခေါင်းလောင်းသံကြားတာနဲ့ ရောက်တဲ့နေရာကနေ ဓမ္မာရုံရှိရာဘက်ကို စုပြုံတိုးဝှေ့လာခဲ့ကြတယ်။ ဓမ္မာရုံထဲမှာတော့ ဆန်အိမ်ပေါင်းများစွာကို ကျကျနနစီထားပြီး ဆန်အိတ်တွေအရှေ့မှာတော့ … Read more

အောင်မြတ်သာနှင့်ပျောက်ကွယ်နေသောဘုရားကျောင်း

” အောင်မြတ်သာနှင့်ပျောက်ကွယ်နေသောဘုရားကျောင်း ” စာရေးသူ — ဇေယန(ရာမည) +++++++++++ “ရွှေညောင်ပင်မြို့မှကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်နားရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက် ခေတ္တအနားယူခဲ့ကြတယ်။ အုပ်ဆိုင်းမှိုင်းညို့နေတဲ့ ညောင်ပင်တွေ မြို့အဝင်ဝမှာတန်းစီပေါက်ရောက်နေတာမို့ ရွှေညောင်ပင်မြို့ဆိုပြီးနာမည်တွင်တယ်လို့ ပြောကြသလို၊ ဒီမြို့ကို စတင်တည်ထောင်ခဲ့တဲ့ ဟိန္ဒူလူမျိုးတစ်ဦးက သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ညောင်ပင်တွေအောက်မှာ​မြုပ်နှံသွားရာကနေ ရွှေညောင်ပင်မြို့ဆိုပြီး အမည်တွင်လာတယ်လို့လဲဆိုစမှတ်ရှိခဲ့ကြတယ်။ ရွှေညောင်ပင်မြို့မှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံစုဝေးနေထိုင်ကြပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းလဲမရှိသလောက်ရှားပါးခဲ့တယ်။ သီတင်းကျွတ်ပွဲတော်၊ ဒီပါဝလီပွဲတော်အစရှိတဲ့ ဘာသာရေးပွဲတော်များကျင်းပတဲ့အခါမှာလဲ သူ့ဘာသာ ကိုယ့်လူမျိုးခွဲခြားမှုမရှိပဲ တွေ့သမျှလူအားလုံးပျော်ရွှင်စွာဝင်ရောက်ဆင်နွှဲလေ့ရှိကြတယ်။ ယခုလဲ အောင်​မြတ်သာတို့ရောက်နေတဲ့ အချိန်က ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပနေတဲ့အချိန်ဖြစ်တာနဲ့အညီ မြို့ထဲမှာရှိတဲ့ ဗုဒ္ဓဘာသာလူမျိုးတွေကတော့ ရေအိုးလေးတွေကိုယ်စီရွက်ရင်း ညောင်ရေသွန်းမယ့်နေရာဆီသွားနေကြသလို အခြား ဘာသာခြားလူမျိုးတွေကလဲ သွားလာနေကြတဲ့သူတွေကို ရင်းရင်းနှီးနှီး စကားပြောဆိုနှုတ်ဆက်နေပုံလေးက မြင်ရသူအဖို့စိတ်ကြည်နူးစရာဖြစ်ခဲ့ရတယ်။ ” ဟေ့ ကူးမာရ် —  နင်က အဝတ်အစားသစ်တွေ ဝတ်ပြီးဘယ်သွားမလို့လဲ” … Read more

အောင်မြတ်သာနှင့်စားကျက်လုပွဲ

” အောင်မြတ်သာနှင့်စားကျက်လုပွဲ “(စ-ဆုံး) +++++++++++++++++++++ ” ဟိတ်ကောင် ရပ်လိုက်စမ်း မင်းကဘယ်သူ့အခွင့်နဲ့ ဒီနယ်ထဲကိုဝင်လာရတာလဲ -” ခြောက်ကပ်ကပ်အသံနက်ကြီးနဲ့အော်လိုက်တဲ့အသံကြောင့် ကျွန်တော်လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားခဲ့တယ်။ ဘာဖြစ်လို့လဲ‌ဆိုတော့ အခုရောက်နေတဲ့နေရာကို ကျွန်တော်လုံးဝမသိခဲ့လိုပဲ။ ” ဟေ့ကောင် မင်းကိုမေးနေတယ် မင်းဘယ်ကနေလာတာလဲ” အသံသာကြားရပြီး အကောင်အထည်ကိုမမြင်ရတာကြောင့် ခေါင်းတစ်ခုလုံးထူပူသွားပြီး ဘေးဘီကိုလိုက်ကြည့်နေတဲ့အချိန် – ” ငါတို့က ရေမြောင်းထဲမှာရှိနေတာ မင်းကိုငါတို့မြင်နေရတယ်နော် ” ဆိုပြီး ပြောလိုက်တဲ့အသံကိုကြားလိုက်ရတယ်။ ” ကျွန်တော်ဘယ်ရောက်နေတာလဲ အခုပြောနေတဲ့သူတွေကရော ဘယ်သူတွေလဲ ” ” ဟားဟားဟား – အဟီးအဟီး – ဟက်ဟက် မင်းကအတော်သနားဖို့ကောင်းတဲ့ကောင်ပဲ အခုမင်းရောက်နေတဲ့နေရာက မြေနီဖုန်းဆိုးတောလို့ခေါ်တယ် မင်းဒီမှာနေချင်တိုင်းနေလို့မရဘူး မင်းအတွက်နေရာဒီမှာမရှိဘူး” ” မဟုတ်ဘူးလေ ကျွန်တော်က သပြေကုန်းရွာမှာနေတာ ဒီမှာလဲ ကျွန်တော်မနေပါဘူး သပြေကုန်းရွာကိုဘယ်လိုပြန်ရမလဲ လမ်းပြကြပါဦး” … Read more

အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်

” အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင် ” +++++++++++++++++++++++++++++++ အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးဆက်လာရင်း ထုံးကျောက်တောင်တွေ ထူထပ်စွာတည်ရှိနေတဲ့ ထုံးကျောက်ရွာဘက်ကို ရောက်လာခဲ့တယ်။ တောင်တွေက ရွာပတ်ပတ်လည်မှာနေရာယူထားတဲ့အတွက် ထုံးကျောက်ရွာက ဒယ်အိုးပုံစံလိုဖြစ်နေပြီး မိုးတွင်းကာလတွေဆိုရင် ရေကြီးမှုဒဏ်ကိုအမြဲတမ်းလိုလိုခံခဲ့ကြရတယ်။ ဒါကြောင့် ရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းမှာ လက်လှော်လှေလေးတွေ ရှိတတ်ကြတယ်။ အောင်မြတ်သာတို့ရွာကိုရောက်တဲ့နေ့မှာပဲ တစ်ရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်နေပြီး ပစ္စည်းတွေကိုသယ်ယူနေကြတာမြင်လိုက်ရတယ်။ လူတွေရဲ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပေါ်လွင်နေတဲ့အတွက် အောင်မြတ်သာက ဘာအရေးကိစ္စများဖြစ်လဲဆိုပြီး မေးဖို့အလုပ် ရွာအရှေ့ဘက် တောင်ကြောကနေ မိုးခြိမ်းသံလိုအသံတွေ ထွက်လာခဲ့တယ်။ ရွာခံလူတွေကလဲ အသံကြားတာနဲ့ ကြောက်လန့်ကာ တုန်တုန်ရီရီဖြစ်နေတာမြင်တော့ “ ဒီမယ် ဒီမယ် ရွာမှာဘာအရေးကိစ္စများဖြစ်နေတာလဲ” အောင်မြတ်သာစကားကြောင့် အပေါ်ပိုင်းဗလာကျင်းထားတဲ့လူက “ ခင်ဗျားတို့က ခရီးသွားတွေထင်တယ်” “ ဟုတ်ပါတယ် ကျုပ်တို့ကခရီးသွားတွေပါ၊ ဘာကိစ္စဖြစ်တာလဲပြောပေးပါဦး။ ကျုပ်တို့ကူညီနိုင်ရင် ကူညီပေးပါ့မယ်” “ ဘာဖြစ်ရမလဲဗျာ ကျုပ်တို့ရွာက လူငယ်နှစ်ယောက်က အရှေ့တောင်ကြောမှာရှိတဲ့ကျောက်ဖားရုပ်နှစ်ရုပ်ကို … Read more

အောင်မြတ်သာနှင့်လေးကျွန်းဘုရား

” အောင်မြတ်သာနှင့်လေးကျွန်းဘုရား ” – – – – – – – – – – – – – – – – – – – – – အောင်မြတ်သာတို့ဆရာတပည့်တွေ ပဲခူးရိုးမတောထဲမှာ ကိန်းဝပ်စံပယ်နေတဲ့ ဘုရားဆင်းတုတော်ကို ရှာဖွေဖို့ခရီးဆက်ခဲ့ကြတယ်။ ရာသီဥတုက ဆောင်းရာသီအစဖြစ်တဲ့အတွက် တောတောင်တစ်ခုလုံး မြူ ခိုးမြူ ငွေ့တွေဖုံးအုပ်နေပြီး ချမ်းစိမ့်တဲ့အငွေ့အသက်တွေကို တောင်ခြေအရောက်မှာ စတင်ခံစားလိုက်ရတယ်။ ပဲခူးရိုးမတောရဲ့ ဘယ်နေရာမှာရှိမှန်းမသိတဲ့ ဆင်းတုတော်ကို ရှာဖွေဖို့ဆိုတာ သာမန်လူတွေအနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို သက်ခိုင်သဘောပေါက်ခဲ့တယ်။ ပဲခူးရိုးမတောထဲစဝင်တဲ့အချိန်မှာတော့ အောင်မြတ်သာက “ဒီခရီးက ရက်ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး -ဒါကြောင့် ဆင်းတုတော်ကိုရှာမတွေ့မချင်း ဒီတောထဲမှာနေရမယ်ဆိုတာ သိထားကြပါ၊ … Read more

အောင်မြတ်သာနှင့်မှော်သမန်းကျား

” အောင်မြတ်သာနှင့်မှော်သမန်းကျား ” +++++++++++++++++++++ နှင်းစက်တွေတစ်ဖျောက်ဖျောက်ကျနေပြီး မြူခိုးမြူမှုန်တွေမှိုင်းညို့နေတဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသကြီးက ရောက်လာသူတွေကို လွမ်းမောအောင်တမင်တကာပြုလုပ်နေခဲ့တယ်။ ဒီလိုအချိန်အခါက ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ နေထိုင်ကြတဲ့ထမံသီလူမျိုးတွေရဲ့ အမဲလိုက်ရာသီလဲဖြစ်တယ်။ ထမံသီလူမျိုးအများစုက အမဲလိုက်တဲ့အခါ လေးနဲ့မြှားကိုအသုံးပြုပြီး သားကောင်တွေကိုဖမ်းဆီးကြတယ်။ တောကောင်အကြီးတွေဖမ်းနိုင်တဲ့သူကိုတော့ ရပ်ရွာရဲ့စံပြသူရဲကောင်းအဖြစ်လဲ ဂုဏ်ပြုတတ်ကြသေးတယ်။ ဒါကြောင့် ရပ်ရွာထဲမှာရှိတဲ့ သွေးကြွတဲ့လူငယ်အများစုက အမဲလိုက်ရာသီရောက်တဲ့အခါ ရပ်ရွာရဲ့စံပြသူရဲကောင်းဖြစ်ဖို့ စိတ်အားထက်သန်နေခဲ့ကြတယ်။ ‌ ‌” ရွှီး ——- ဒုတ်” လေအဟုန်ကိုခွင်းပြီး ပျံသန်းလာတဲ့ မြှားတံက သစ်ပင်အလယ်မှာစိုက်ထားတဲ့ ပစ်မှတ်တည့်တည့်ကိုစိုက်ဝင်သွားခဲ့တယ်။ ” ပစ်ချက်ကတော့ အရမ်းကောင်းတယ် မဲခေါင်ရေ ဒီလိုမြှားချက်ကို တောကောင်ကြီးတွေတောင်ခံနိုင်မှာမဟုတ်ဘူးကွ” လက်ခုပ်လက်ဝါးတီးပြီး အားပေးစကားဆိုလိုက်တဲ့ ရဲနောင်ရဲ့စကားကြောင့် မဲခေါင်လက်ထဲမှာကိုင်ထားတဲ့လေးကို အောက်ချလိုက်ပြီး – ” ဒီနှစ်တော့ ငါကသာစံပြသူရဲကောင်းဖြစ်ရမယ် တောလိုက်ပွဲတော်ကလဲ မကြာခင်လာတော့မယ်ဆိုတော့ လိုအပ်တဲ့ ပစ္စည်းတွေစုဖို့က မင်းဝာာဝန်နော်” … Read more