ပုဂ္ဂိုလ်ထူး
“ပုဂ္ဂိုလ်ထူး”(စ/ဆုံး) ရေးသားသူ—အဂ္ဂဇော် +++++++++++++++++++++ (၁) ရာသက်ပန်ရွာ။ ရွာနာမည်ကဆန်းသော်လည်း ရွာကလေးကတော့ သမားရိုးကျရွာကလေး တစ်ရွာဖြစ်သည်။ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသတွင်တည်ရှိပြီး ရွာသူရွာသားများမှာ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း စိုက်ပျိုးကာအသက်မွေးကြသည်။ ရွာကလေးက အနည်းငယ်ခေါင်လံပြီး အေးချမ်းပြီးဆိတ်ငြိမ်သည့်ရွာကလေးဖြစ်သည်။ ရွာတွင် သတင်းနှင့်ပြန်ကြားရေးဟု အမည်ပေးထားခံရသည့် အရီးမှုံက ယခုမနက်ယာခင်းထဲသို့အလာ၊ ရွာထိပ်ရှိဇရပ်ကလေးတွင် လူကြီးတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ရွာနှင့် အနီးအပါးရွာများတွင် အရီးမှုံမသိ မကျွမ်းသည့်လူဟူ၍မရှိ။ သို့သော် ထိုလူကြီးကိုတော့ အရီးမှုံ တစ်ခါမှ မတွေ့ဖူးသေးပေ၊ ခရီးသွားတစ်ယောက်ဖြစ်မည်ဟုထင်ပြီး အရီးမှုံလည်း မစပ်စုတော့ဘဲ ယာခင်းထဲသို့လာခဲ့သည်။ နေ့လည်ထမင်းစားနားချိန်ပြီးသည့်အခါ အရီးမှုံပြန်လာခဲ့သည်။ အရီးမှုံက အသက်ကြီးပြီမို့ နေ့တစ်ပိုင်းသာယာခင်းထဲတွင် လုပ်သည်။ ကျန်သည့်အလုပ်များကို အိမ်မှလူငယ်များနှင့်ချန်ထားခဲ့ပြီး တောင်းကလေးတစ်ခုရွက်ကာ ရွာသို့ပြန်လာခဲ့သည်။ ဇရပ်ကလေးပေါ်ကြည့်မိလိုက်သည့်အခါ မနက်ကတွေ့ခဲ့သည့် ထိုလူကြီးသည် တစ်ကိုယ်လုံး … Read more