စုန်းထီးကြီးဦးဘသာနှင့် ကိုပေါက်ချွန်း
” စုန်းထီးကြီးဦးဘသာနှင့် ကိုပေါက်ချွန်း ” ရေးသားသူ—အဂ္ဂဇော် +++++++++++ (၁) “ကဲ ဖမ်းပြီဟေ့- ဖွင့်စမ်းကွာ” ကျုပ်လည်း ဖျာပေါ်ဆောင့်ကြောင့်ထိုင်လိုက်ပြီးတော့ ပြုံးဖြီးဖြီးနဲ့ လက်ထဲက ဖဲချပ်သုံးချပ်ကို ဖျာပေါ်ကိုပစ်ချလိုက်တော့တယ်။ “ရော့ဗျာ၊ ဒီတစ်ခါတော့ ဘူမဟုတ်တော့ဘူး၊ ရှစ်ဗျ၊ ရှစ်” ကိုပေါက်ချွန်းက တစ်ဝိုင်းလုံးကိုဆက်ဖမ်းတယ်ဗျ၊ တစ်ဝိုင်းလုံးက နှစ်ပေါက်ကျတဲ့လူနဲ့ ငါးပေါက်ကျတဲ့လူနဲ့ပေါ့ဗျာ၊ ပြီးတော့သူက ကျုပ်အရှေ့မှာပုံထားတဲ့ ပိုက်ဆံတွေကိုလှမ်းယူဖို့လုပ်ပါရောဗျာ၊ ကျုပ်ကလည်း ကိုပေါက်ချွန်းလက်ကိုပုတ်ချလိုက်ပြီးတော့ “အောင်မာ၊ ခင်ဗျားကတ်တောင်မလှန်ဘဲနဲ့ စားချင်လို့ရမလားဗျ၊ ကျုပ်ကတ်က ရှစ်နော်ဗျ၊ ခင်ဗျား” ဒီတော့မှာ ကိုပေါက်ချွန်းက ပြုံးရင်း “အေးကွာ၊ ငါလောသွားတယ်” သူကပြောပြီးတော့ သူ့ကတ်နှစ်ကတ်ကိုလှန်လိုက်တယ်ဗျ၊ သူ့ကတ်က ခုနစ်နဲ့ အေဗျာ၊ ခုနစ်တောင်မှ ပေါက်ချွန်းခုနစ်နဲ့ပေါက်ချွန်းအေဗျ။ ကျုပ်ဖြင့် သူ့ကတ်ကိုမြင်တော့ နိုင်ပြီလို့တွေးပြီး ဆောင့်ကြောင့်ထိုင်ထားရာကနေ ဖင်ထိုင်ကျသွားတော့တယ်ဗျာ၊ ကိုပေါက်ချွန်းက … Read more