အောင်မြတ်သာနှင့်ရေကန်စောင့်မောင်နှမ

” အောင်မြတ်သာနှင့်ရေကန်စောင့်မောင်နှမ ” မူရင်းရေးသားသူ — ဆရာဇေယန(ရာမည) +++++++++++ ဆရာနဲ့ကျွန်တော် ထန်းခေါက်ကုန်းရွာကိုစဝင်တော့ – ရွာအဝမှာ ရေကန်ကြီးတစ်ကန်ကို အရင်တွေ့လိုက်ရတယ်။ ကန်ရဲ့ဘေးမှာတော့ ထုံးဖြူ နဲ့ရေးထားတဲ့ “ရေဆင်းမကူးရ အန္တရာယ်ရှိသည်”တဲ့ ။ ရေကန်ရဲ့ဘေးမှာတော့ တစ်ပိုင်းတစ်စ စေတီလေးတစ်ဆူကိုဖူးမြင်လိုက်ရတယ်။ တစ်ပိုင်းတစ်စနဲ့တည်ထားတာတော်တော်ကြာနေပီဆိုတာ အောက်ခြေကရေညှိတွေကိုကြည့်ပြီး သိလိုက်ရတယ်။ ရွာကလူတွေကိုမေးကြည့်တော့ – “ဒီစေတီတည်တော့ ရေကန်ကအစောင့်တွေမကြိုက်ဘူး – ရေကန်ကလဲနှစ်တိုင်းလူသေတယ်။ တစ်နှစ်တစ်ယောက်ပုံမှန်ရေနစ်သေတယ်။ ရွာကလူတွေရေထဲမဆင်းရင်တောင် စိတ်မမှန်တဲ့သူတွေ၊ ဝက်ရူးပြန်တဲ့လူတွေက အလိုလိုရေထဲခုန်ချပြီးသေကြတာ၊ ဒီစေတီတည်တော့လဲ အနှောင့်အယှက်တွေပေးကြတယ်၊ ဘယ်သူမှမတည်ရဲကြတော့ဘူး”လို့ပြောတာကိုကြားခဲ့ရတယ်။ ဒီလိုနဲ့ကျွန်တော်တို့လဲ ရွာမှာတစ်ညတာ အိပ်စက်အနားယူဖြစ်ခဲ့တယ်။ မလင်းမမှိန်ထွန်းလင်းနေတဲ့ လရောင်အောက်မှာ ထန်းခေါက်ကုန်းရွာလေးက ငြိမ်သက်တိတ်ဆိတ်နေသလို တစ်ခါတစ်ရံ မြည်တွန်နေတဲ့ ကျေးငှက်တွေရဲ့အသံကလဲ ညချမ်းအချိန်အခါလေးကို ပို၍အဓိပ္ပါယ်ပြည့်စုံစေခဲ့သည်။ ထိုအချိန်မှာပဲ– “လုပ်ကြပါဦး ကိုထွန်းမောင် ဘာဖြစ်လဲမသိဘူး … Read more

အင်ကု မှင်စာ အပိုင်း(၁၁)

အင်ကု မှင်စာ အပိုင်း(၁၁) ရေးသားသူ— ပီပီ(မန္တလေး) +++++++++++ အခန်း၂၃။ နှင်းနု ဒီမနက်မှာ အခါတိုင်းထက် စော၍ အိပ်ရာက နိုးနေ၏။ မနေ့ညကလည်း ကံဆောင့် အကြောင်း တနုံ့နုံ့တွေးရင်း ဒေါသဖြစ်ကာ ၊ အတော်နှင့် အိပ်မရခဲ့။ ” ကိုကံဆောင် ကိုကံဆောင်၊ ဒင်း ငါ့ကို ချစ်ခွင့်ပန်တုန်းက ပန်ခဲ့ပြီး ၊ အခုကျမှ ငါ့ကို ဖုတ်လေတဲ့ငပိ ၊ ရှိတယ်လို့ မအောက်မေ့တဲ့ လူစိမ်းကားကြီးပါလား ။ တောက်! ဒီမနက်တော့ ဒင်းကို သူ့အိမ်အထိ သွားရှာပြီး မျက်နှာချင်းဆိုင် ရန်တွေ့ပစ်အုံးမယ် ။ တွေ့ကြသေးတာပေါ့ ကိုကံဆောင်ရယ် ၊ နှင်းနုကို အလွယ်ရမယ်ထင်လို့ ပေါ့ပျက်ပျက်သဘောထားပြီး စိမ်းကားနိုင်သူကြီး ၊ ဟွန်း တွေ့မယ် … Read more

ဗွေဆိုး

ဗွေဆိုး(စ/ဆုံး) ရေးသူ— ဆရာ တာတေ +++++++++++ တာတေတို့ အညာသားတွေက နွားချစ်တဲ့သူများတယ်ဗျ။ အညာရွာတွေမှာ နွားကြည့်တတ်တဲ့ ဘိုးတော်ကြီး တွေဆိုရင် မျက်နှာလွှတ်ပွင့်တာဗျ။ နွားဝယ်သွားပြီဆို ရင် အဲ့ဒီဘိုးတော်ကြီးတွေကို အရအမိပင့်သွားကြရ တာဗျို့။ နွားဝယ်တယ်ဆိုတာလည်း နွားချောရုံ၊ သန်မာရုံ၊ ထွား ကြိုင်းရုံနဲ့တင် ဝယ်ကြတာ မဟုတ်ဘူးဗျ။ ဘက်ပေါင်း စုံအောင် ကြည့်ပြီးမှဝယ်ကြတာ။ ပါးစပ်ဖြဲပြီး သွားကြည့် ရတယ်။ နွားဆိုတာ ဘယ်ဘက်မှာ အပေါ်အံခြောက် ချောင်း။ အောက်အံခြောက်ချောင်း၊ ညဘက်မှာလည်း အပေါ်အံခြောက်ချောင်း၊ အောက်အံခြောက်ချောင်း၊ ရှေ့သွားက အောက်မှာရှစ်ချောင်း၊ အပေါ်မှာ သွားမရှိ ဘူးဗျ။ အားလုံးပေါင်းရင် သုံးဆယ့်နှစ်ချောင်းပေါ့ဗျာ။ သွားကြည့်ပြီးရင် ဗွေကြည့်ရသေးတယ်ဗျ။ ဗွေထီး ဆောင်း၊ ဗွေချိန်ခွင်၊ ဗွေချိန်ဖောက်၊ ဗွေကျီးနား။ လင်းတနင်းဗွေ၊ ဗွေထူး၊ … Read more

ဦးဖိုးဝေ နှင့် လူသတ်အရုပ်

” ဦးဖိုးဝေ နှင့် လူသတ်အရုပ် ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ (၂၇) အခန်း-၁ ကြီးမားသော တောင်တန်းကြီးများ၏ တောင်‌ေခြတွင်ရှိသော ရွာလေးတရွာ၏ အမည်မှာ မိုးကြိုးရွာဖြစ်သည် ၊ မိုးကြိုးရွာသည် နှစ်ရှည်အပင်ကြီးများ၏ အုံ့ဆိုင်းမှု့အောက်ဖြစ်နေသည်အတွက် ညပိုင်း လရောင်ထွန်းလင်း‌ေနပါသောလည်း အရိပ်များကျနေရာ ရွာလေး၏ နေရာ အတော်များများတွင် အမှောင်ရိပ်များဖြစ်သာ ပြည့်နေလေသည် ၊ ကွက်တိကွက်ကျား လရောင်ဆမ်းသော နေရာတွင်တော့ သျှောင်တစောင်းကို ထုံးထားပြီး တောင်ချေပုဆိုးကို ခါးတောင်းကျိုက်ထားကာ ‌ဓားတလက်ကို ပုခုံးပေါ်ထမ်းထားသော လူတယောက် အေးဆေးတည်ငြိမ်စွာလမ်းလျှောက်နေသည် ၊ ထိုလူ ဦးတည်နေသော နေရာမှာ ရွာတောင်ပိုင်းရှိ အိမ်တလုံးသို့ဖြစ်သည် ထိုလူသည် အိမ်လေးတလုံးရှေ့ရောက်သောအခါ ပုခုံးပေါ်ထမ်းထားသော ဓားအား လက်ဖြစ် ဘေးသို့ လွှဲကိုင်လိုက်ပြီး အိမ်ပေါ်သို့ တက်သွားပါလေတော့သည်။ … Read more

အင်ကု မှင်စာ အပိုင်း(၁၀)

အင်ကု မှင်စာ အပိုင်း(၁၀) ရေးသားသူ— ပီပီ(မန္တလေး) +++++++++++ အခန်း ၂၀။ နောက်တနေ့ မိုးလင်းတော့ နာရေးအိမ်မှာ အုတ်အော်သောင်းနင်း ဖြစ်ပါလေရော။ ဦးစံလွင် ဆုံးပြီး နောက်တရက်မှာ အေးအေးချို တယောက် ပျောက်ချင်းမလှ ပျောက်သွား၏။ သူမ အခန်းထဲမှာ သရေပင်ဖြင့် စည်းထားတဲ့ ဆံစုတခုသာ တွေ့ကြရသည်ဟု ဆို၏။ ဒါ့အပြင် အေးအေးချို နေသွားသည့်အခန်းမှာ လူသေကောင်ပုပ် ရှိသည့်အလား အပုပ်နံ့ကြီးက ပြင်းစွာ နံဟောင်နေသည်ဟုလည်း ဆိုကြ၏။ အနံ့ပျောက်စေရန် ထိုအခန်းကို ရေဆေးချရ၏။ တရော် ကင်ပွန်း နံ့သာအမွှေးရည်တို့ဖြင့် ပက်ဖျန်းရ၏။ ထိုမှသာ အနံ့ဆိုးကြီးက သက်သာရာ ရသွားသည်။ အမှုစစ်ဆေးသူ ရဲတပ်ဖွဲ့က ဦးစံလွင်သည် မိမိကိုယ်ကို မိမိ သတ်သေသွားသည်ဟု ကောက်ချက်ချကာ အမှုပိတ်သိမ်းပေးလိုက်သည်။ … Read more

နတ်ခုန်ချောင်း

” နတ်ခုန်ချောင်း ” ရေးသားသူ—ဆရာတာတေ +++++++++++ ဘိုးလူပေက ချက်ချင်းမပြန်ဘူးဗျ။အနီးအနားရွာတွေကိုလှည့်ပြီး ပယောဂကုနေ သေးတာ။ပြုစားထားတာတွေ၊ အပင်းသွင်းထားတာတွေ လိုက်ပြီးကုပေးတာလေဗျာ။ တချို့ကလည်း ဘိုးလူပေကို ပင့်ပြီး ဝိုင်းမြေသန့်ကြတယ်။တချို့ကတော့ ဝိုင်းထဲ မှာ အင်းမြှုပ်ပြီး တိုက်တာ၊ ခိုက်တာတွေကို အင်းလိုက်ပေးရတာဗျ။ တစ်ခါ တစ်ခါ ဘိုးလူပေက ကျုပ်တို့ရွာအထိ ရောက်လာတယ်။ ရွာရောက်ရင် တော့ ကျုပ်အိမ်ကို ဝင်တာဗျ။အမေတို့အဘတို့နဲ့လည်း ဘိုးလူပေက ခင်နေပြီလေဗျာ။ တစ်ခါ တစ်ခါ ကျတော့လည်း တခြားရွာကနေ လူလွှတ်ပြီး ကျုပ်ကိုခေါ်ခိုင်းတယ်။ကျုပ်လိုက်ကူပေးရတာပေါ့ဗျာ။ ဘိုးလူ ပေ ပယောဂထုတ်တာမျိုးကတော့ တစ်ခါမှကို မမြင်ဖူးပါဘူးဗျာ၊ တခြားဆရာ တွေဆိုရင် ပယောဂကို ခေါ်သွင်း နင်ဘယ်သူလဲမေး၊ ပယောဂကလည်း ပေကပ်ပြီး ခံနေ၊ ကြိမ်လုံးနဲ့ ထုရိုက်။ပယောဂက အံတကြိတ်ကြိတ်နဲ့ ကြုံး … Read more

တိုက်ဆင်

” တိုက်ဆင် ” [စ-ဆုံး] ဆောင်းလုလင် +++++++++++ ယနေ့လုပ်မည့်အစီအရင်သည် ဆရာပြားအတွက် ပထမဆုံးစမ်းသပ်မှ ဖြစ်သလို အကြီးကျယ်ဆုံးသော စွန့်စားမှုကြီးလည်း ဖြစ်လေ၏။ ပြီးတော့ — ဒီနေ့အစီအရင်သည် သူများအတွက်လုပ်ပေးရခြင်းမဟုတ်။ အလုပ်အပ်သူရှိ၍စီရင်ပေးရသောအစီအရင်မဟုတ်။ ဆရာပြားကိုယ်တိုင်၏ ကိုယ်ကျိုးအတွက်လုပ်ဆောင်ရခြင်းဖြစ်သည်။တစ်နည်းအားဖြင့်အရေးကြီး သည်ဟု ဆိုရမည်။ ဆရာပြားသည် အောက်လမ်းဆရာတစ်ဦး ဖြစ်သည့်အားလျော်စွာ အလုပ်အပ်သူရှိပါကငွေမြိုးမြိုးမြက်မြက်ရလျှင် ဘယ်သူ့မျက်နှာမှမထောက် ထား။ ငွေပေးသူအလိုရှိသည့်အတိုင်း အစီအရင်များကိုအောက်လမ်းပညာ ဖြင့်ဆောင်ရွက်ပေးစမြဲဖြစ်သည်။ လင်ကွာမယားကွာကိစ္စ၊ လင်လိုချင်မယား လိုချင်သည့်ကိစ္စ၊ စာမေးပွဲအောင်ရန်၊ ရာထူးတက်ရန်၊ စကားအောင်ရန်၊ အမှုနိုင်ရန်ကိစ္စများလောက်တော့ ဆရာပြားတို့အတွက် ထမင်းစား ရေ သောက်မျှသာ ဖြစ်သည်။ တရားသည့်ဘက်၊ မတရားသည့်ဘက်ကို ဆရာ ပြားက မတွေး။ ငွေပေးသူဘက်ကလိုက်၍ အစီအရင်တွေလုပ်ပေးသည်။ ဆရာပြားလုပ်ပေးသည့် အစီအရင်များသည် အောက်လမ်းနည်းပီသ စွာ အတော်ပင်ညစ်ပတ်စုတ်ပဲ့လှပေသည်။ … Read more

အောင်မြတ်သာနှင့်နယ်ပိုင်စက်ကြိုး

” အောင်မြတ်သာနှင့်နယ်ပိုင်စက်ကြိုး ” ရေးသားသူ—ဇေယန(ရာမည) +++++++++++ ” ဟဲ့အကောင် ဘိုးဒိန်း— နင်ကဘယ်လိုဖြစ်ပြီး အမောတကောပြေးလာရတာလဲ” ပြောင်းဖူးဖက်ဆေးလိပ်ကို ရဲနေအောင်ဖွာရှိုက်ရင်း​မေးလိုက်တဲ့ ဒေါ်မှုံရဲ့စကားကြောင့် အသက်ကိုပြင်ပြင်းရှူနေတဲ့ ဘိုးဒိန်းက – ” ဟိုကောင်လေး အနားမှာ ဘယ်ကမှန်းမသိတဲ့ဆရာတွေရောက်နေတယ်၊ သူတို့နေတဲ့ အိမ်နားကိုကပ်လိုက်တာနဲ့ အသားတွေပူလာလို့ ပြန်ပြေးလာတာဗျ” ” ပူမှာပေါ့ဟဲ့ —  သူတို့က သာမန်ဆရာတွေမှမဟုတ်တာ၊ နင်ပြောတော့ ဒီကိစ္စကို တစ်ယောက်ထဲလုပ်နိုင်ပါတယ်ဆို” ” အစကတော့ သူတို့ကိုလျော့တွက်ခဲ့မိတယ်၊ အခုတော့ အမေကြီး ကူညီမှ ရတော့မယ်ထင်ပါရဲ့” ” နင်က ငါ့ရဲ့ သားတပည့်လိုဖြစ်နေတာရယ်၊ ငါ့ပညာတွေမထုတ်သုံးတာကြာနေတာရယ်ကြောင့် ဒီပွဲမှာ ငါဝင်ပါရတော့မှာပေါ့၊ ပြောစမ်း နင်ဘယ်လိုဖြစ်ချင်သလဲ” ” ကျုပ်ဆီကပညာသင်ပြီး ကျုပ်အကို သိုင်းခြုံကို ရူးသွပ်အောင်လုပ်ခဲ့တဲ့ ငတိကိုတော့ တစ်သက်လုံး … Read more

ဘွားမယ်စိန်နှင့်နှုတ်ဆော့သူ

” ဘွားမယ်စိန်နှင့်နှုတ်ဆော့သူ ” ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ) +++++++++++ “အမေ—” ကွပ်ပျစ်ခင်း၌ထိုင်နေသော ဘွားမယ်စိန်ကို ဒေါ်ဝင်းကဆန်ရွေးနေရင်းခေါ်လိုက်သည်။ ဘွားမယ်စိန် ရေနွေးကြမ်းသောက်နေရင်းကနေ ဒေါ်ဝင်းကိုလှမ်းကြည့်လိုက်ပြီးပြောလေဆိုသော အကြည့်ဖြင့်ကြည့်နေလေတော့ဒေါ်ဝင်းမှ— “အင်တိုင်းရွာကအလှူဖိတ်ထားသေးတယ်နော် မမေ့နဲ့ဦးအမေ…” “အေး— ဘယ်နေ့တုန်းအေ့…” “သဘက်ခါလေအမေရယ်…” “မဝေးတော့ဘူးပဲအေ့…ဒါနဲ့ညည်းတို့သားအမိကော လိုက်ကြမှာမလား” “မလိုက်တော့ဘူးအမေ…မတိုးတို့အလှူကလည်း ရောက်တော့မှာ ကျုပ်တို့သားအမိ ကြက်သွန်သင်… ဘာသင်ကူပေးလိုက်ဦးမယ်လေ” “အေး…အေး…အေး…ဒါဆိုရင်လည်းညည်းတို့သဘောပေါ့… အမေကတော့မောင်တိုးနဲ့မောင်အုန်းကို အဖော်ခေါ်သွားရတော့မှာပဲ…” “အမယ်လေး…အမေရယ်… ဘယ်သွားသွားအမေ့သားတွေပါနေတာကို ထူးထူးဆန်းဆန်းခေါ်သွားမယ်ပြောနေသေးတယ်တော်…” “အေ…ညည်းကလည်း စကားအရပြောတာပေါ့အေ့” “ဟုတ်ပါပြီအမေရယ်…ဒါနဲ့ကျုပ်သမီးကော မတွေ့မိဘူးလားအမေ…” “ငါ့မြေးကိုအစောက တောင်ဘက်ဝိုင်းက မိထူးတို့ဆီ ကွမ်းလေးသွားတောင်းခိုင်းထားတယ်… ဒီကလေး ဆော့နေတယ်ထင်တယ်အခုထိကိုပေါ်မလာဘူး” “ဒီလိုဆိုလည်းကျုပ်လိုက်သွားလိုက်မယ်အမေ– မဟုတ်ရင်ကွမ်းက နေစောင်းမှစားရလိမ့်မယ်…” “အေး…အေး…လိုက်သွား…လိုက်သွား…” ဒေါ်ဝင်းက ဆန်ဗန်းကိုချထားခဲ့၍ နန်းကြိုင်လေးအနောက်ဆီသို့လိုက်သွားတော့၏။ ဘွားမယ်စိန်ကတော့ သူ့ရဲ့ဆေးလိပ်ကြီးကို မီးတို့၍ဖွာရှိုက်လိုက်သည်။ ထိုစဥ် ခြံဝိုင်းထဲသို့ခပ်သုတ်သုတ်ဝင်လာသော အမျိုးသမီးတစ်ဦး။ ထိုအမျိုးသမီးကဘွားမယ်စိန်ကိုမြင်တော့ … Read more

အင်ကု မှင်စာ အပိုင်း(၉)

အင်ကု မှင်စာ အပိုင်း(၉) ရေးသားသူ— ပီပီ(မန္တလေး) +++++++++++ အခန်း၁၈။ နံနက်ခင်းဖြစ်သည်။ ကျေးငှက်မျိုးစုံက အုံဆိုင်းနေသော သစ်ပင်ကြီးများပေါ်မှ ဘာသာဘာဝ တေးသီနေကြ၏။ သင်္ချိုင်းမြေ၌ ရှိသော သုဘရာဇာကြီး၏ တဲလေးမှ မီးခိုး တလူလူ ထွက်နေသည်။ ညဘက် အရက်သောက်ပေမယ့် ဦးဘသာတယောက်က် မနက်ခင်း ဘုရားရှိခိုးတော့ မပျက်ရှာပေ။ ဘုရားဆွမ်းတော် ၊ ရေတော် ကပ်၏။ ဘုရား ရှိခိုး သည့်အခါ တထိုင်စာ ငါးပါးသီလကိုတော့ဖြင့် ယူဖြစ်အောင် ယူလိုက်သေး၏။ ပြီးနောက် မေတ္တာပို့ အမျှဝေသည်။ တနောင်နောင် ကြေးစည်သံက သုဘရာဇာကြီး၏ တဲလေးမှ နာပျော်ဖွယ် ထွက်ပေါ်လာ၏။ သုဘရာဇာကြီး တဲပြင်ထွက်လာတော့ ၊ တဲပြင်က တန်းလျားထိုင်ခုံမှာ လဘက်ရည်အိတ် နှင့် အီကြာကွေးများကို ပါဆယ်ဆွဲလာသော … Read more