ကိုးသင်္ချိုင်းပုဆိန်
” ကိုးသင်္ချိုင်းပုဆိန် ” (စ / ဆုံး) မူရင်းရေးသားသူ— ဆရာတာတေ +++++++++++++++++++++ အဲ့ဒီတုန်းကတာတေနွားစာစဉ်းနေတာဗျာ။ အဘရဲ့ နွားညိုကြီးနှစ်ကောင်ကအစားအသောက် ဂရုစိုက်ကျွေးမွေးတာရယ်။ အနေအထိုင်ကောင်းတာရယ်ကြောင့်ဝဝဖြိုးဖြိုးနဲ တကယ်နွားချောကြီးတွေဖြစ်လာတယ်ဗျ။ သူတိုတွေကိုဂရုစိုက်တော့လည်း သူတို့ကလည်းပြန်ပြီးဂရုစိုက်တော့တာပေါ့ဗျာ။ ကျူ ပ်တိုနွားကြီးတွေက လွှတ်လိမ္မာတာဗျ။ တကယ်ကိုကြိမ်လွတ်တဲကောင်တွေဗျ။ ကြိမ်လုံးနဲရိုက်ဖို့ဝေးရောတို့တောင်မတို့ရပါဘူး ဗျာ။နွားစာစဉ်းတယ်ဆိုတာ အာရုံငြိမ်ဖို့တော့လိုသားဗျ။ခြေထောက်ကလည်း ချက်မှန်မှန်နင်းရတယ်။ လက်ကလည်းပြောင်ဖူးရိုးတွေကိုမပြတ်ထိုးပေ ရတာမို့လားကျူပ်ကလည်းပြောင်းရိုး တွေတောင်းတစ်လုံးပြည့်တော့ရပ်လိုက်တယ်။ ဒါတွေကိုနွားစာခွက်မှာပြန်ထည့်ပေး ရမှာလေ။နွားစာတောင်းကို မ မ လိုလုပ်နေတုန်း ———– “အရီး တာတေရော” “ဟဲ သာဆန်းပါလား တာတေရှိတယ် နွားစာစဉ်းနေတယ်ဟဲ့ နင်ကဘယ်ကလှည့်လာတာတုံး” “ဒီကိုပဲအရီးရဲ့ တာတေ့ဆီလာတာ” ” ကိစ္စရှိလို့လား သာဆန်းရဲ့။ နင့်ကြည့်ရတာ အရေးတကြီး ဖြစ်နေပုံပါလား ပုဆိုးကြီးကလည်း တိုတိုကြီးဝတ်လို့ဘာဖြစ်လာတာတုံးဟဲ့” ” ကျူပ်တို့မြောက်ဘက်ဝိုင်းကဖိုးထောင်ရဲ့ မိန်းမ မိညုက်ကိုသရဲ … Read more