ချစ်ကလဲ့စား

” ချစ်ကလဲ့စား “(စ/ဆုံး) ရေးသားသူ…တာတေ +++++++++++ ကျုပ် မနေ့က ရွာကို ပြန်ရောက်တာဗျ။ ဆရာမနိုင်ရွာမှာနေတဲ့ ကိုဂျာအေး ဆိုတဲ့လူပေါ့ဗျာ။ ဒီမှာနေတုန်းကတော့ လက်သမားလုပ်တာဗျ။ အိမ်တွေ ဘာတွေဆောက်ရင် သူက လက်ထောက်လက်သမားပေါ့ဗျာ။ ဘီရိုတို့၊ ကြောင်အိမ်တို့လည်း စပ်တယ်ဗျ။ လက်ရာမဆိုးပါဘူး။ နောက်တော့ ဆရာမနိုင်ကနေ ထွက်သွားတယ် ကြားတာပဲ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတော့ ကျုပ်ဆီကို တန်းတန်းမတ်မတ်ကို ရောက်လာတာဗျို့။ တွေ့စကတော့ ကိုဂျာအေးကို ကျုပ်ဖြင့် မှတ်ကို မမှတ်မိတာဗျ။ ဒီမှာနေတုန်းက အရပ်ရှည်ရှည် ပိန်ပိန်ကိုင်းကိုင်းကြီးဗျ။ အခုတွေ့တော့ အသားတွေကလည်း လတ်လို့၊ ဝလည်း တော်တော် ဝလာတာဗျ။ နှုတ်ခမ်းမွေးကြီးကလည်း ရှိနေတော့ ကျုပ်က သူ့ကို တွေ့တွေ့ချင်း ဘယ်မှတ်မိမှာတုံးဗျ။ “ဟေ့ကောင် တာတေ၊ ငါပါကွ၊ ကိုကြီးဂျာအေးပါဟ” … Read more

စုန်းကြောက်တဲ့ဗုံ

” စုန်းကြောက်တဲ့ဗုံ ” (စ/ဆုံး) မူရင်းရေးသူ_ဆရာတာတေ +++++++++++ ဆရာကြီး ဦးမင်းအောင်နဲ့ ဆရာနွံဖတို့နောက်ကို ကျုပ်လျှောက်လိုက်နေတုန်းကဗျ။ ကျုပ်ကိုယ်တိုင် ကြုံခဲ့တဲ့ ဖြစ်ရပ် ကလေးတစ်ခုပေါ့ဗျာ။ ရှမ်းပြည်ဘက်မှာ ရောက်နေတဲ့ ကဝေပျံတစ်ယောက်ကို ဆရာကြီး ဦးမင်းအောင် နှိမ်နင်းလိုက်ပြီးလို့ ကျုပ်တို့ ပြန်အလာမှာလမ်းရွာကလေး တစ်ရွာကို ဝင်ပြီး နေ့လယ်စာ ထမင်းစားကြတယ်။ အဲဒီရွာမှာက ဆရာနွံဖရဲ့ တပည့်တစ်ယောက် ရှိတာကိုးဗျ။ ဆရာကြီးနှစ်ယောက်နဲ့ ကျုပ်နဲ့ ထမင်းစားသောက်ပြီးတဲ့အချိန်မှာ ရွာသူကြီး ရောက်လာပြီး ဆရာတွေကို ဖမ်းတော့တာဗျို့။ “သူကြီး ဘာကိစ္စများ ရှိလို့တုံးဗျ” ဆရာနွံဖက မေးသဗျ။ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ သူကြီးက ပြောတယ်- “ဒီလိုပါ ဆရာကြီးတို့၊ ကျုပ် အုပ်ချုပ်ရတဲ့ဒီရွာမှာ ကလေးမလေးတွေ နှစ်ယောက်သုံးယောက် ရှိပြီဗျ၊ အကောင်းသားကနေမူးကြ၊ ဝေကြ၊ … Read more

ပျောက်ဆုံးနေသော ကိုရင်ငယ်

” ပျောက်ဆုံးနေသော ကိုရင်ငယ် ” +++++++++ တောက်တဲ့ကျေးရွာ – နံနက်ခင်း နေခြည်ဖြာဆင်းစအချိန်—။ ဆွမ်းခံ၀င်လာခဲ့ကြသည့် ရွာဦးကျောင်းဆီက ရဟန်တို့နဲ့အတူ ကလေးငယ်တစ်ယောက် လိုက်ပါလာခဲ့တယ်။ ကလေးငယ်ရဲ့ ပုံသဏ္ဍာန်က မျက်နှာလေး ညှိုးငယ်နေပြီး လက်မှာလည်း အ၀တ်ထုပ်ကလေးတစ်ခုကို ကိုင်စွဲထားလို့ရယ်။ ” ဖိုးပိန်—တို့ကျောင်းကို ရောက်ရင် မင်း နေပျော်သွားမှာပါကွာ။ ဘာမှ မစိုးရိမ်နဲ့ သိလား။ ငါတို့ ရှိတယ်—” ဆွမ်းချိုင့်ကို ဆွဲကိုင်သည့် ငယ်ရွယ်သူ ကိုရင်တစ်ပါးက ကလေးငယ်ကို အားပေးတယ်။ ဒါပေမယ့်လည်း ကလေးငယ်ကတော့ အခုထိ ပျော်ရွှင်ဟန်မပြသေးဘူး။ ဒီလိုနဲ့ပဲ သူတို့တတွေ ကျောင်းဆီကို ပြန်ရောက်ခဲ့ကြပြီးနောက် ကလေးငယ်ကို ကျောင်းထိုင်က တွေ့ဆုံပြီး အကျိုးအကြောင်း မေးမြန်းပြီးတဲ့နောက် သူတို့ရဲ့ ရွာဦးကျောင်းဆီမှာ ဘုန်းကြီးကျောင်းသား အဖြစ်နဲ့ နေခဲ့ဖို့ … Read more

သရဲပေတိုး

” သရဲပေတိုး ” (စ/ဆုံး) မူရင်းရေးသူ- – – ဆရာတာတေ +++++++++++ ကျုပ်တို့ရွာက ထနောင်းကုန်းလေ။ အရှေ့မြောက်ဘက်မှာ ငွေသားကုန်း၊ဘန့်ဘွေးကုန်းဝက်စု၊ ငွေတွင်းကုန်းဆိုတဲ့ ရွာရှိတယ် ။ အရှေ့ဘက်မှာတော့ ကျားဟုန်းရွာရှိတယ် ။ အနောက်ဘက်မှာတော့ ရွာသစ်တို့ ဆရာမနိုင်တို့ရှိတယ် ။ ကျုပ်တို့ ထနောင်းကုန်းသူကြီးက လွှတ်စိတ်တိုတဲ့သူကြီးပါ ဗျာ။ ကျုပ်တောင်တခါက ထိပ်တုံးခတ်ခဲ့ရသေးတယ်ဗျ ။ ခိုင်းစရာများရှိရင်တော့လူလွှတ်ပြီး မတွေ့တွေ့အောက်ရှာခိုင်း တက်ပါ့ဗျ ။အခုတလော ကျုပ်ဘယ်မှသိပ်မသွားဖြစ်ဘူး အိမ်မှာ ပဲခြေငြိမ်နေတယ်။ နေကလဲပူပါ့ဗျာ အောက်ပြည်မှာမိုးရွာပေမဲ့ ကျုပ်တို့အညာဘက်ကို မိုးဖွဲလေး တခါနှစ်ခါလောက်ပဲရောက် သေးတယ်ဗျ ။ ကျုပ်လဲထမင်းစားပြီးထဲက ဝိုင်းထဲက မန်းကျည်းပင်ကြီး အောက်ခင်းထားတဲ့သစ်သားကွပ်ပျစ်ပေါ်မှာ ဝါပိုးခြမ်းကလေး ခေါင်းအုန်းပြီး အိပ်နေတာဗျို့ ။ မီးညှိထားတဲ့နဂါးဆေးပေါ့လိတ်ကလေးကို တစ်ဖွာနှစ်ဖွာ ဖွာ … Read more

အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်

” အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင် ” +++++++++++++++++++++++++++++++ အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးဆက်လာရင်း ထုံးကျောက်တောင်တွေ ထူထပ်စွာတည်ရှိနေတဲ့ ထုံးကျောက်ရွာဘက်ကို ရောက်လာခဲ့တယ်။ တောင်တွေက ရွာပတ်ပတ်လည်မှာနေရာယူထားတဲ့အတွက် ထုံးကျောက်ရွာက ဒယ်အိုးပုံစံလိုဖြစ်နေပြီး မိုးတွင်းကာလတွေဆိုရင် ရေကြီးမှုဒဏ်ကိုအမြဲတမ်းလိုလိုခံခဲ့ကြရတယ်။ ဒါကြောင့် ရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းမှာ လက်လှော်လှေလေးတွေ ရှိတတ်ကြတယ်။ အောင်မြတ်သာတို့ရွာကိုရောက်တဲ့နေ့မှာပဲ တစ်ရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်နေပြီး ပစ္စည်းတွေကိုသယ်ယူနေကြတာမြင်လိုက်ရတယ်။ လူတွေရဲ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပေါ်လွင်နေတဲ့အတွက် အောင်မြတ်သာက ဘာအရေးကိစ္စများဖြစ်လဲဆိုပြီး မေးဖို့အလုပ် ရွာအရှေ့ဘက် တောင်ကြောကနေ မိုးခြိမ်းသံလိုအသံတွေ ထွက်လာခဲ့တယ်။ ရွာခံလူတွေကလဲ အသံကြားတာနဲ့ ကြောက်လန့်ကာ တုန်တုန်ရီရီဖြစ်နေတာမြင်တော့ “ ဒီမယ် ဒီမယ် ရွာမှာဘာအရေးကိစ္စများဖြစ်နေတာလဲ” အောင်မြတ်သာစကားကြောင့် အပေါ်ပိုင်းဗလာကျင်းထားတဲ့လူက “ ခင်ဗျားတို့က ခရီးသွားတွေထင်တယ်” “ ဟုတ်ပါတယ် ကျုပ်တို့ကခရီးသွားတွေပါ၊ ဘာကိစ္စဖြစ်တာလဲပြောပေးပါဦး။ ကျုပ်တို့ကူညီနိုင်ရင် ကူညီပေးပါ့မယ်” “ ဘာဖြစ်ရမလဲဗျာ ကျုပ်တို့ရွာက လူငယ်နှစ်ယောက်က အရှေ့တောင်ကြောမှာရှိတဲ့ကျောက်ဖားရုပ်နှစ်ရုပ်ကို … Read more

နှစ်တစ်ရာကျိန်စာ

“နှစ်တစ်ရာကျိန်စာ”(စ/ဆုံး) ——————————— ဒီနေ့သုံးဖန်လှရွာ တွင် ဘုရားတည်ရန်ပန္နက်ချမည်။ ကာလသားများမှာမြေတူးမြေသယ်သကဲ့သို့ ကျေးရွာသူပျိုဖြူကာလသမီးများကလည်းတစ်တပ်တစ်အား တစ်ဖက်တစ်လှမ်းမှကူညီအားဖြည့်ကြသည်။ ထိုအထဲတွင် သူကြီးဦးငွေဆောင် ကအတက်ကြွဆုံး။ ဒီရွာကြီးက ရှေးအရင်တည်းကရှိခဲ့သောရွာကြီးဟုလူတိုင်းကပြောကြသည်။ ရွာနဲ့ပတ်သက်၍လည်းတစ်ထောက်တစ်ညပုံပြင်တွေအများကြီးရှိသည်။ ဦးငွေဆောင်မှာ အသက်ငါးဆယ်နားနီးသော်လည်း အသားဖြူဖြူအရပ်မြင့်မြင့်နှင့်ခန့်တုန်းသန့်တုန်းလူပျိုကြီးဆိုလည်းမမှားပေ။ မစွံလို့လူပျိုကြီးဖြစ်နေတာတော့မဟုတ်ပေ။ စွံတော့စွံသည်။တစ်ဦးတည်းသောသားမို့ သူကိုတိုင်ကစိတ်မပါသည့်တိုင် မိဘစကားနားထောင်ကာ အိမ်ထောင်ပြုရန်အကြိမ်ကြိမ်ကြိုးစားဖူးသည်။ ဒါပေမယ့် သူနှင့်ပတ်သက်သမျှသော သူတို့သမီးလောင်းများမှာ အကြောင်းအမျိုးမျိုးကြောင့်သေဆုံးသူတွေနှင့် တစ်ချို့ဆိုရူးသွားကြသည်။ နောက်တော့သူကလူကြမ်းတစ်ယောက်ဖြစ်ကာ ဘယ်သမီးရှင်မှ မစပ်ဟပ်ရဲတော့ပေ။ ဦးငွေဆောင်ဧ။်မိဘဖြစ်သူ ဦးငွေရှင်နှင့် ဒေါ်ခင်ဆောင်းတို့မှာ ပစ္စည်းဉစ္စာလည်းကုံလုံ သားချောသားလှတစ်ယောက်မွေးထားပါသော်လည်း သားဖြစ်သူ၏အတိတ်ကံကြောင့် ရှေ့ရေးမလှမှာကိုရတက်မအေးရှာပဲ သားစိတ်နှင့်ပင်ရှေ့ဆက်နောက်ဆက်ကွယ်လွန်သွားကြသည်။ ခုတော့ဦးငွေဆောင်မှာသူ၏တပည့်လေးများနှင့်နေထိုင်လေသည်။ လွန်ခဲ့သော သုံးလခန့်က ဦးငွေဆောင်၏နေအိမ်သို့ သူတော်စင်တစ်ပါးရောက်လာခဲ့သည်။ သူတော်စင်ကြှီးမှာ မုတ်ဆိတ်ကျင်စွယ်တွေနှင့် အသက်ရွယ်ကြီးရင့်လှသောပုံစံရှိသော်လည်း စူးရှတောက်ပသောမျက်ဝန်းနှင့် ဖျတ်လတ်သောအမူရာက သူတော်စင်ကြီး၏သီလနှင့်သမာဓိကိုဖော်ပြနေလေသည်။ သူတော်စင်ကြီးက သူ့ဘဝအတိတ်ကံနှင့်ပတ်သက်၍ တစ်စွန်းတစ်စဟောကြားလာခဲ့သည်။ “”လူလေးအနေနဲ့ အခုဘဝမမဟုတ်ဘူး အရင့်အရင် … Read more

အောင်မြတ်သာနှင့်လေးကျွန်းဘုရား

” အောင်မြတ်သာနှင့်လေးကျွန်းဘုရား ” – – – – – – – – – – – – – – – – – – – – – အောင်မြတ်သာတို့ဆရာတပည့်တွေ ပဲခူးရိုးမတောထဲမှာ ကိန်းဝပ်စံပယ်နေတဲ့ ဘုရားဆင်းတုတော်ကို ရှာဖွေဖို့ခရီးဆက်ခဲ့ကြတယ်။ ရာသီဥတုက ဆောင်းရာသီအစဖြစ်တဲ့အတွက် တောတောင်တစ်ခုလုံး မြူ ခိုးမြူ ငွေ့တွေဖုံးအုပ်နေပြီး ချမ်းစိမ့်တဲ့အငွေ့အသက်တွေကို တောင်ခြေအရောက်မှာ စတင်ခံစားလိုက်ရတယ်။ ပဲခူးရိုးမတောရဲ့ ဘယ်နေရာမှာရှိမှန်းမသိတဲ့ ဆင်းတုတော်ကို ရှာဖွေဖို့ဆိုတာ သာမန်လူတွေအနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို သက်ခိုင်သဘောပေါက်ခဲ့တယ်။ ပဲခူးရိုးမတောထဲစဝင်တဲ့အချိန်မှာတော့ အောင်မြတ်သာက “ဒီခရီးက ရက်ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး -ဒါကြောင့် ဆင်းတုတော်ကိုရှာမတွေ့မချင်း ဒီတောထဲမှာနေရမယ်ဆိုတာ သိထားကြပါ၊ … Read more

အငှား ခန္ဓာ

* အငှား ခန္ဓာ * (စ/ဆုံး) ——————— ” သြကာသ —– သြကာသ —– သြကာသ —– ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗ ——— ” ဦးကျော့သာ – ဦးကျော့သာ – ရှင် ထွက်ခဲ့စမ်း” နံနက်စောစော ဘုရားရှိခိုးနေတုန်း ထွက်ပေါ်လာသော အသံကြောင့် ချစ်ဦးတစ်ယောက် စိတ်ထဲ ထင့်ကနဲ ဖြစ်သွား၏။ ” မနက်စောစော မင်္ဂလာရှိတဲ့အချိန်မှာ အသံဆိုး အသံပျက်ကြီးနဲ့ ဘယ်သူက ခြံရှေ့လာအော်နေရတာတုန်း ” ချစ်ဦး ဘုရား ဦးချပြီး အိမ်အောက်ဆင်းလာခဲ့၏။ သူ့ထက်အရင် ခြံရှေ့ရောက်နေသူက သူ၏ မိခင် ဒေါ်မချစ်။ ချစ်ဦး လှမ်းကြည့်လိုက်တော့ အော်နေတဲ့သူက အရပ်ထဲက ဒေါ်လုံးမ … Read more

ကျောက်မျက်လုံးဂူ

” ကျောက်မျက်လုံးဂူ ” +++++++++++ နတ်တော်လလေဗျာ။အေးချက်က လွန် ရော။စောင်ခြုံလို့လည်း မနွေး။ ကွေးလို့ လည်း မလုံ။အိပ်လို့လည်း မပျော်။ နောက်ညတွေဆိုရင်တော့ မီးလှုံရတော့ မယ်ထင်တယ်။ ကျုပ်တောင် အိပ်မပျော် မှတော့ အဘတို့ အမေတို့ဆိုရင် ပိုဆိုး တာပေါ့ဗျာ။ “အုန်း- အုန်း- အုန်း- ဝုန်း” ဘာသံတွေတုံး။ အချိန်က သန်းခေါင် ကျော်ဗျ။ သွပ်မိုးပေါ်ကို တစ်ခုခုကျတဲ့ အသံဗျ။ “ဟဲ့ တာတေ – နင် နိုးနေလား” အမေက ကျုပ်ကို လှမ်းမေးတယ်။ ကျုပ်ကလည်း ဘာသံလဲလို့ နားစွင့် နေရာကနေအမေ့ကိုဖြေလိုက်ရတယ်။ “နိုးတာ မဟုတ်ဘူး အမေရ အိပ်လို့မရတာ၊ အေးချက်ဗျာ” “ဟဲ့ တာတေ၊ နင့်ကို အေးတာပြော မလို့ မဟုတ်ဘူး၊ … Read more

အောင်မြတ်သာနှင့်မှော်သမန်းကျား

” အောင်မြတ်သာနှင့်မှော်သမန်းကျား ” +++++++++++++++++++++ နှင်းစက်တွေတစ်ဖျောက်ဖျောက်ကျနေပြီး မြူခိုးမြူမှုန်တွေမှိုင်းညို့နေတဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသကြီးက ရောက်လာသူတွေကို လွမ်းမောအောင်တမင်တကာပြုလုပ်နေခဲ့တယ်။ ဒီလိုအချိန်အခါက ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ နေထိုင်ကြတဲ့ထမံသီလူမျိုးတွေရဲ့ အမဲလိုက်ရာသီလဲဖြစ်တယ်။ ထမံသီလူမျိုးအများစုက အမဲလိုက်တဲ့အခါ လေးနဲ့မြှားကိုအသုံးပြုပြီး သားကောင်တွေကိုဖမ်းဆီးကြတယ်။ တောကောင်အကြီးတွေဖမ်းနိုင်တဲ့သူကိုတော့ ရပ်ရွာရဲ့စံပြသူရဲကောင်းအဖြစ်လဲ ဂုဏ်ပြုတတ်ကြသေးတယ်။ ဒါကြောင့် ရပ်ရွာထဲမှာရှိတဲ့ သွေးကြွတဲ့လူငယ်အများစုက အမဲလိုက်ရာသီရောက်တဲ့အခါ ရပ်ရွာရဲ့စံပြသူရဲကောင်းဖြစ်ဖို့ စိတ်အားထက်သန်နေခဲ့ကြတယ်။ ‌ ‌” ရွှီး ——- ဒုတ်” လေအဟုန်ကိုခွင်းပြီး ပျံသန်းလာတဲ့ မြှားတံက သစ်ပင်အလယ်မှာစိုက်ထားတဲ့ ပစ်မှတ်တည့်တည့်ကိုစိုက်ဝင်သွားခဲ့တယ်။ ” ပစ်ချက်ကတော့ အရမ်းကောင်းတယ် မဲခေါင်ရေ ဒီလိုမြှားချက်ကို တောကောင်ကြီးတွေတောင်ခံနိုင်မှာမဟုတ်ဘူးကွ” လက်ခုပ်လက်ဝါးတီးပြီး အားပေးစကားဆိုလိုက်တဲ့ ရဲနောင်ရဲ့စကားကြောင့် မဲခေါင်လက်ထဲမှာကိုင်ထားတဲ့လေးကို အောက်ချလိုက်ပြီး – ” ဒီနှစ်တော့ ငါကသာစံပြသူရဲကောင်းဖြစ်ရမယ် တောလိုက်ပွဲတော်ကလဲ မကြာခင်လာတော့မယ်ဆိုတော့ လိုအပ်တဲ့ ပစ္စည်းတွေစုဖို့က မင်းဝာာဝန်နော်” … Read more