စုန်းထီး

” စုန်းထီး “(စဆုံး) ရေးသားသူ—ဆရာတာတေ +++++++++++ ဆရာအို ပယောဂကုတဲ့ဆီကို ကျုပ် လိုက်သွားတာဗျ။ဘိုးညိုက သူလှည်းနဲ့ နွားနှစ်ကောင် တပ်ပေးလိုက်တာသူ့မှာ နွားကောင်းချည်းပဲ နှစ်ရှဉ်းရှိတာဗျို့။ နွားတစ်ရှဉ်းဆိုတာ နှစ်ကောင်ကို ခေါ်တာဗျ။ သူတို့မှာ နွားနှစ်ရှဉ်းရှိတယ်ဆိုတော နွားလေးကောင်လေဗျာ။ဘိုးညိုရဲ့နွားကြီးတွေက တကယ်နွားသန့် နွားချောကြီးတွေဗျ။လှည်းကလည်းအမြဲတမ်း တိုက်ချွတ်ပြီး ဆီမှန်မှန်ထိုးထားတော့သန့်ပြန့်ပြီးချောနေတာပါဗျာ။ရောဂါသည်က မိန်းမဗျ။သိပ်ငယ်ငယ်တော့ မဟုတ်ပါဘူး။အသက်သုံးဆယ်ကျော်လောက်ရှိမယ်။ဆရာအိုက ထုံးစံအတိုင်း ရောဂါစစ်တာပေါ့ဗျာ။ “ကလေးမဗိုက်အောင့်တာ ဘယ်အချိန်အောင့်တတ်တုံး” “ညနေ တစ်ခါအောင့်တယ် ညသန်းခေါင်လောက်မှာ တစ်ခါအောင့်တယ်ဆရာကြီး” “ဒီအချိန်တွေက ပုံမှန်ဖြစ်နေကျပဲလားကွဲ့” “ဟုတ်ကဲ့ ဆရာကြီး ပုံမှန်ပဲတော့” “ဘယ်တုန်းကစပြီး ဖြစ်တာတုံး ကလေးမရဲ့” လူနာမိန်းမကပြန်စဉ်းစားတယ်။ဒီမိန်းမကအညာတောသူ ဆိုပေမယ့် ရုပ်ရည်တော်တော်ချောမောတဲ့မိန်းမဗျ။ အိမ်ထောင်မရှိဘူး။အပျို။ “ဟိုတလောက ကျမတို့ရွာကို ဆရာတယောက် ရောက် လာတယ်” “ဒီသံခနောက်ကို ရောက်လာတာလား” “ဟုတ်ပါတယ် ဆရာ။သူများတွေ … Read more

စုန်းထီးကြီး ဦးဘသာနှင့် ပယောဂမဟုတ်သော ပယောဂ

” စုန်းထီးကြီး ဦးဘသာနှင့် ပယောဂမဟုတ်သော ပယောဂ ” ရေးသားသူ— အဂ္ဂဇော် +++++++++++ (ထမင်းစားတုန်း မဖတ်ရ) (၁) ကျုပ်တို့နယ်မှာ ဆိုရိုးစကားတစ်ခုရှိတယ်ဗျ၊ “တောသားချေးကြောက်၊ မြို့သား ရွံ့ကြောက်” တဲ့ဗျ၊ ဒီစာဆိုကို ရုတ်တရက်ဖတ်လိုက်ရင်တော့ ဘာကိုဆိုလိုမှန်းသိမှာမဟုတ်ဘူးဗျ၊ မြို့သားတွေက တောကိုလာရင် ရွံ့တွေဗွက်တွေထဲဆင်းရမှာကြောက်တယ်၊ ဖိနပ်မှာ ရွံ့ဗွက်တွေပေရင် မနေတတ်ဘဲ ဆေးချလေ့ရှိလို့ မြို့သားရွံ့ကြောက်လို့ ခေါ်တာပေါ့ဗျာ၊ ဒါက မဆန်းပါဘူး။ တောသားချေးကြောက်ဆိုတာကတော့ တခြားအရပ်မှာတော့ ဟုတ်မဟုတ်မသိပေမယ့် ကျုပ်တို့အရပ်မှာတော့ သိပ်ဟုတ်သဗျ၊ တောသားတွေက ချေးပါပြီးရင် လက်နဲ့ထိမှာကို တအားရွံတာပေါ့ဗျာ၊ ဒါကြောင့် ကိစ္စ ပြီးရင် လက်နဲ့မရှင်းဘဲ ချေးကုန်းတဲ့တုတ်နဲ့ရှင်းတယ်၊ ဒါမှ မဟုတ် စာရွက်နဲ့သုံးပြီး ဖြေရှင်းကြတယ်ပေါ့ဗျာ။ အဲဒီခေတ်တုန်းက ကျုပ်တို့ရွာမှာ အိမ်တိုင်း အိမ်သာမဆောက်ကြဘူး၊ ရှိတဲ့အိမ်သာကလည်း … Read more

အောင်မြတ်သာနှင့်ဘီလူးလက်ပြတ်

” အောင်မြတ်သာနှင့်ဘီလူးလက်ပြတ် “(စ/ဆုံး) ရေးသားသူ—ဇေယန(ရာမည) +++++++++++ “ ကျွီ ကျွီ ကျွီ” — အိမ်ရှေ့မြေကွက်လပ်ကနေ ထွက်ပေါ်လာတဲ့ ရေဘော်ထိုးသံကြောင့် နေ့လည်ခင်းတစ်ရေးတစ်မောအိပ်ဖို့လုပ်နေတဲ့ ဒေါ်မမကြီး ‌မျက်နှာကိုရှံ့မဲ့ကာ အိမ်အောက်ကို ဆင်းလာခဲ့လိုက်တယ်။ “ ဦးမောင်လေး— ရေဘော်ထိုးတာ ဘယ်လောက်ကြာဦးမှာလဲ” “ ခဏနေဆိုပြီးပါပြီ… ဘာဖြစ်လို့လဲ အစ်မ” “ ဘာမှမဟုတ်ပါဘူး… ဒီတိုင်းမေးလိုက်တာ” မျက်နှာထိမျက်နှာထားနဲ့ပြောပြီး ပြန်တက်သွားတဲ့ အိမ်ရှင်မိန်းမကြောင့် လက်သမားဆရာတွေအချင်းချင်းကြည့်လိုက်ပြီး “ ဒီမိန်းမမျက်နှာက တစ်လောကလုံး သူ့လုပ်စာ စားထားသလိုပဲနော်” “ ဟေ့ကောင် သူများအကြောင်းမပြောနဲ့ ကိုယ့်အလုပ်သာကိုယ်လုပ်စမ်းပါ” ဦးမောင်လေးစကားကြောင့် ဝိုင်းကူလုပ်ပေးနေကြတဲ့သူတွေ ငြိမ်သွားပြီး ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေခဲ့ကြတယ်။ “ အစ်မ .. ခုနက ဦးမောင်လေးကို ဘာသွားမေးနေတာလဲ” “ ရေဘော်ထိုးတာ ဘယ်အချိန်ပြီးမလဲလို့ … Read more

အောက်လမ်းဘိုးထင် နှင့် အထက်လမ်းဆရာ ဩ

” အောက်လမ်းဘိုးထင် နှင့် အထက်လမ်းဆရာ ဩ ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း (၁) ညနေအချိန်အခါသည် ရောက်ရှိလာပြီး နေလုံး‌ကြီးသည် မာန် စွယ်ကျိုးကာ အနောက်ဘက်သို့ ငုတ်လျှိုးပြောက်ကွယ်လုပြီ ဖြစ်သည်။ထိုအချိန် ထိုအခါ၌ တောတောင်တနေရာ လှည်း လမ်းလေးတွင် လူငယ်ငါးယောက်မှာ လမ်းလျှောက်လို့နေသည်။သူတို့သည် မောင်ဘိုးထင်တို့လူငယ်တစုဖြစ်ပြီး အထုတ်ထမ်းထားသော သာရမှာ သူ၏ ဘေးတွင်ရှိသော ဖိုးထွေးအားအထုတ်ကို ပေးလိုက်ရင်း နောက်မှ လမ်းလျှောက်နေသော မောင်ဘိုးထင်တို့ကို ကြည့်ကာ “ဘိုးထင် မင်းက ဘယ်အိမ်ကို သွားမှာလဲ အိမ်သစ်ကိုပဲလား” “အဘဆီကို အရင်၀င်မယ် ပြီးတော့ စပါးပွဲစားကဝေပြောတဲ့ အထက်လမ်းဆရာ ဆိုတဲ့ သူကိုလည်း သတိထားရဦးမယ် ” “အေးကွာ အထက်လမ်းဆရာဆိုတဲ့ သူတွေကလည်း လူကောင်း၊လူဆိုးတောင် မခွဲတတ်ဘူးလား မသိဘူး” … Read more

ဘွားမယ်စိန်နှင့်အောက်လမ်းဘိုးဟန်

” ဘွားမယ်စိန်နှင့်အောက်လမ်းဘိုးဟန် ” ရေးသားသူ— ယဉ်မင်း(ကန့်ဘလူ) +++++++++++ “ဘိုးဟန်ရှိလားဗျို့… ” ” ဝင်ခဲ့ကြလေကွာ…ဘယ်သူတွေတုန်း” ဘိုးဟန်၏အမည်ကိုအော်ခေါ်၍ ခြံဝိုင်းအတွင်းသို့ဝင်လာသည်က အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးကြီးတစ်ဦးတို့ဖြစ်သည်။ “ကဲ…ပြော…ဘာကိစ္စရှိလို့လဲ” “ဟို…ဆရာဘိုးဟန်ဘယ်မှာလဲဗျ…။ကျုပ်တို့က ဆရာနဲ့တွေ့ချင်လို့” ဘိုးဟန်၏တပည့်ဖြစ်သူသံတိုင်အား အမျိုးသားကမေးလေသောအခါ၌ သံတိုင်က မျက်နှာထားခပ်တင်းတင်းဖြင့်… “ကျုပ်ဆရာမရှိဘူး…၊တောထဲဆေးမြစ်သွားရှာတယ်…။ ခင်ဗျာတို့လာရင်းကိစ္စကိုသာပြော ကျုပ်ကုနိုင်တယ်…။ ကျုပ်ကဆရာဘိုးဟန်ရဲ့တပည့်ပါ….ဘာလဲ ခင်ဗျားတို့က ကျုပ်ကိုအထင်သေးကြတာလား” “အာ…အဲ့လိုမဟုတ်ပါဘူးကွာ…။ ကဲပါ…ပြောပါ့မယ်… ဒီလိုဟေ့…ဒီကငါ့​အစ်မ နာမည်က မခင်ကြီးလို့ခေါ်တယ်။ သူကတစ်ဖက်ရွာမှာနေတာ… အစ်မ ခင်ဗျားဖြစ်တာတွေကို သံတိုင်ကိုပြောပြလိုက်လေဗျာ” “သြော်…အေး..အေး…ဒီလိုပါ ကွယ်…၊အစ်မကနေ့ပိုင်းဆိုလူကောင်းပါ….ညဘက်ဆိုရင် ဗိုက်တွေနာလွန်းလို့ လူးလှိမ့်အော်ဟစ်နေရတာ…။ ရောဂါကြောင့်ထင်ပြီး သမားစုံအောင်လည်းလိုက်ကုသပြီးပါပြီ။ ဒါပေမယ်လို့အခုထက်ထိ ညဘက်ဆို ဗိုက်ကအောင့်နေတုန်းပဲကွယ်… အဲ့တာကြောင့် ဆရာဘိုးဟန်နဲ့လာကုရတာပါ” “ဒါလေးများ ဗျာ…လာ အိမ်ပေါ်တက်ကြ… ကျုပ်စီရင်ပေးပါ့မယ်” ဘိုးဟန်၏တပည့် သံတိုင်သည် တတ်ကျွမ်းသမျှဖြင့် ကုသပေးတော့သည်။ ကုသသူတို့ကလည်း … Read more

စုန်းထီးကြီး ဦးဘသာနှင့် ဝမ်းတွင်းပါ မိသက်

စုန်းထီးကြီး ဦးဘသာနှင့် ဝမ်းတွင်းပါ မိသက် ရေးသားသူ— အဂ္ဂဇော် +++++++++++ (၁) တစ်နေကုန်လို့ တစ်မိုးသောက်ခဲ့ပြန်ပြီဗျာ၊ ကျုပ်ကတော့ သူများအိမ်ရောက်နေတာဆိုတော့ အိမ်မှာတုန်းကလို မနက်အစောကြီးမထချင်ဘူးပေါ့ဗျာ၊ ဒီမှာအလုပ်မှမရှိတာပဲ၊ ဒီတော့ နေမြင့်အောင်နည်းနည်းနှပ်မယ်ဆိုပြီးတွေးထားတာပေါ့၊ ဒါပေမယ့် မရပါဘူးဗျာ၊ ကျုပ်တို့တဲခေါင်မိုးပေါ်က သစ်ပင်မှာ မိုးမလင်းသေးဘူး ငှက်တွေလာလာပြီး နားကြတာဗျ၊ ဆက်ရက်တွေထင်ပါရဲ့ဗျာ၊ ဆူညံအောင်အော်နေတဲ့အပြင်ကို တဲခေါင်မိုးပေါ်ခုန်ချပြီး ခုန်ဆွခုန်ဆွသွားကြတာဆိုတော့ တစ်ဘုတ်ဘုတ်နဲ့ပေါ့ဗျာ။ လက်ပံပင်ဆက်ရက်ကျတယ်ဆိုတာ ဒါမျိုးကိုပြောချင်တာနေမှာ၊ ကျုပ်လည်း နားငြီးလွန်းလို့ ခေါင်းအပေါ်ကို ခေါင်းအုံးဖိပြီး မှောက်အိပ်တာတောင်မှ ဒီအသံတွေကို အတိုင်းသားကြားနေရတာ။ “အလတ်ကောင်၊ ပေပြီးအိပ်မနေနဲ့၊ ထစမ်းပါကွ” ဦးဘသာကျုပ်ကိုနှိုးတော့ မနက်ခုနစ်နာရီတောင်မထိုးသေးပါဘူးဗျာ၊ ကျုပ်လည်း အိပ်မရတော့မယ့်အတူတူ ထလိုက်ရတော့တယ်၊ ခြင်ထောင်တွေဘာတွေသိမ်းပြီးတော့ မျက်နှာသစ်ဖို့ ခြံထဲဆင်းခဲ့တာပေါ့ဗျာ၊ မီးဖိုချောင်က အိမ်မကြီးထဲမှာမရှိဘဲနဲ့ ခြံအနောက်ဘက်တစ်နေရာမှာ တဲကလေးလုပ်ထားတာဗျ၊ မီးဖိုချောင်ထဲက မီးခိုးတွေထွက်ပြီး … Read more

ဦးဖိုးဝေ နှင့် အောက်လမ်းဆရာလောဘ

ဦးဖိုးဝေ နှင့် အောက်လမ်းဆရာလောဘ ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) ဦးဖိုးဝေ နှင့် သူရိယတို့သည် ကြာကန်ရွာလက်ခုပ်တောင်မှ ထွက်လာကြပြီး‌နောက်တွင် မည်သည့်နေရာသွားရမည်ကို မစဉ်းစားရသေးပေ။ဦးဖိုးဝေ၏ မူလအစီအစဉ်မှာ ကြာကန်ရွာကို ဒုက္ခပေးသောအောက်လမ်းဆရာအား လိုက်ရှာမည် ဖြစ်သည် ။ဦးဖိုးဝေ ပြောထားသည်ကို သိထားသော သူရိယသည် “အဘ ကျနော်တို့ အောက်လမ်းဆရာကို ဘယ်လိုခြေရာခံကြမလဲ ” “သူက ပညာရပ်သုံးပြီး ကိုယ်ဖျောက်သွားတာဆိုတော့ တို့လည်း ပညာရပ်သုံးကြတာပေါ့ သူ့ဆီကို တခါတည်း မရောက်နိုင်ပေမဲ့ သူရှိနေတဲ့ရွာ ဒါမှမဟုတ် မြို့ကို သိရမှာပဲ” “ကျနော်လည်း စိတ်ဝင်စားတယ် အောက်လမ်းဆရာကို ဘယ်လိုခြေရာခံရမလဲဆိုတာ သိချင်တယ် ” “သိရမှာပေါ့ကွယ် ” ဦးဖိုးဝေသည် ထိုမျှသာပြောပြီး လမ်းဘေးရှိ ကျွန်းပင်တပင် ၏ အရိပ်အောက်သို့ … Read more

အောက်လမ်းဘိုးထင် နှင့် စပါးပွဲစား ကဝေ

” အောက်လမ်းဘိုးထင် နှင့် စပါးပွဲစား ကဝေ ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) အင်းတောရွာသားသူရွာသားများသည် ယခုအချိန်တွင်‌ တိရိစ္ဆန်သွေးများသောက်ခဲ့သည့် သူတို့အကြောင်းအား တွေးမိတိုင်း ပျို့အန်မိကြ၏။မောင်ဘိုးထင်တို့သည် ရွာလူကြီး ဦးထွန်း၏ အိမ်၌ပင် ဆက်လက်တည်းခိုလေသည်။ဦးထွန်းသည် မောင်ဘိုးထင်တို့အား ကျေးဇူးတင်လွန်း၍ ခဏ ခဏ လက်အုပ်ချီကာ ကျေးဇူးတင်စကားပြောပြီး အသက်အရွယ် နှင့် မမျှအောင်ပင် ရိုသေလေးစားမှုပေးနေ၍ ‌အားနာလာကာ တားယူရသည်အထိပင် ဖြစ်သည် ။ “ရပါတယ် ဦးထွန်းရယ် လက်အုပ်ချီတဲ့အထိတော့ ကျုပ်တို့ကို မလုပ်ပါနဲ့ မနေတတ်ဘူးဗျ” “ဟုတ်တယ် ဦးထွန်း ကျုပ်တို့က ရွာဦးကျောင်းက ဘုန်းကြီးတွေမဟုတ်ဘူးလေဗျာ ” ပေတူး၏ စကားကြောင့် ဦးထွန်း ပြုံးလိုက်မိသည်။ဤသို့ဖြင့် ဦးထွန်း၏ အိမ်ပေါ်တွင် ထိုင်နေကြရင်း ဖိုးထွေးမှ … Read more

ဘွားမယ်စိန်နှင့် သူတပါးပေးသောလက်ဆောင်

” ဘွားမယ်စိန်နှင့် သူတပါးပေးသောလက်ဆောင် ” စဆုံး ရေးသားသူ— ယဉ်မင်း(ကန့်ဘလူ) +++++++++++ အခန်း-၁ “အမေ— ဟောသည်မှာ ရွာသူကြီးဦးနောင်ချို ရောက်နေတယ်တော့” “အေး—အေး—လာပြီ— လာပြီ” ဘွားမယ်စိန်သူ၏ခြံဝိုင်းအနောက်ဘက်ရှိ မာလကာပင်များကိုရေလောင်းနေခဲ့သည်။ ထိုစဥ်ခြံရှေ့မှ သမီးဖြစ်သူ ဒေါ်ဝင်း၏ခေါ်သံကြောင့် ရေလောင်းလက်စကို ခဏထားခဲ့ပြီး ခြံရှေ့ဆီသို့ထွက်လာခဲ့တော့၏။ ရွာသူကြီးဦးနောင်ချိုသည်ကား ကွပ်ပျစ်၌ထိုင်နေခဲ့သည်။ ဘွားမယ်စိန် ကွပ်ပျစ်အနားဆီသို့ရောက်လာလေတော့… “ကဲ…နောင်ချိုရေ ရွာထဲမှာ ဘာသတင်းများထူးလို့ ရောက်လာခဲ့တုန်း” ကွပ်ပျစ်သို့ဝင်ထိုင်ရင်းမေးလိုက်လေတော့ သူကြီးဦးနောင်ချိုက ရေနွေးကြမ်းငှဲ့ရင်းမှ… “သတင်းကတော့ထူးတယ်လည်းမဟုတ်ရပါဘူး ဘွားရယ်” “ဟေ…မောင်ရင့်စကားကတမျိုးပါလား” သူကြီးဦးနောင်ချိုသည် သူငှဲ့ထားသော ရေနွေးကြမ်းပန်းကန်လုံးအား ဘွားမယ်စိန်၏ရှေ့သို့တိုးကပ်ပေးလိုက်သည်။ ဘွားမယ်စိန်သည်ကား မျက်နှာမကောင်းသော သူကြီးဦးနောင်ချိုကို အကဲခတ်နေလေသည်။ “ကျုပ်….ဘယ်ကစပြီးပြောရမလဲမသိပါဘူး ဘွားရယ်…” “အလို…….ဘာများတုန်း…ပြောမှာသာပြောလိုက်ပါကွယ် — ဘွားဖြင့် မောင်ရင့်ကိုကြည့်ပြီးစိတ်တွေပူလာရတယ်” ဘွားမယ်စိန်၏မျက်နှာအား သူကြီးဦးနောင်ချိုက တစ်ချက်ကြည့်လေသည်။ ပြီးလေတော့ … Read more

အောက်လမ်းဘိုးထင် နှင့် သွေးစုပ်ရွာ

” အောက်လမ်းဘိုးထင် နှင့် သွေးစုပ်ရွာ ” ရေးသားသူ—မောင်တင်ဆန်း +++++++++++ *အခန်း (၁) မောင်ဘိုးထင်တို့သည် သူတို့လာစဉ်ကနားခဲ့သော လယ်ကွင်းများဘေးရှိ ဇရပ်သို့ ရောက်လာပြန်ပြီ ဖြစ်သည်။မွန်းတည့်ပြီး ချိန်မို့ လာစဉ်ကအတိုင်း ပေတူး နှင့် မောင်ဘိုးထင်တို့ ငါးရှဉ့် မျှားလိုက်ကြသည်။ထို့နောက် သူတို့နှစ်‌ယောက်သည် ငါးရှဉ့် များကို နှီးကြောဖြင့် ဗိုက်ခွဲပြီး သွေးများကို ပန်းကန်တလုံးထဲ ထည့်ထားလိုက်သည်။မောင်ဘိုးထင် လုပ်ခိုင်းသည့်အတိုင်းပင် ပေတူးသည် ငါးရှဉ့်ကို နှီးကြောဖြင့် ဗိုက်ခွဲနေရင်းမှ “ဘိုးထင် ဒီသွေးတွေ ဘာလုပ်ဖို့လဲဟ ” “မင်းမကြာခင် သိလာပါလိမ့်မယ် ” “ငါးရှဉ့်ကသွေးတော့ တော်တော်ထွက်တာပဲဟ” “အခုမှ မသိသလိုလုပ်နေပြန်ပြီ ပေတူးကတော့” “ငါသိပြီ ဒီသွေးတွေကို ဟိုတဲက လူကြီးကို တိုက်မလို့ မဟုတ်လား ” “မင်းက … Read more