ပျောက်ဆုံးနေသော ကိုရင်ငယ်

” ပျောက်ဆုံးနေသော ကိုရင်ငယ် ” +++++++++ တောက်တဲ့ကျေးရွာ – နံနက်ခင်း နေခြည်ဖြာဆင်းစအချိန်—။ ဆွမ်းခံ၀င်လာခဲ့ကြသည့် ရွာဦးကျောင်းဆီက ရဟန်တို့နဲ့အတူ ကလေးငယ်တစ်ယောက် လိုက်ပါလာခဲ့တယ်။ ကလေးငယ်ရဲ့ ပုံသဏ္ဍာန်က မျက်နှာလေး ညှိုးငယ်နေပြီး လက်မှာလည်း အ၀တ်ထုပ်ကလေးတစ်ခုကို ကိုင်စွဲထားလို့ရယ်။ ” ဖိုးပိန်—တို့ကျောင်းကို ရောက်ရင် မင်း နေပျော်သွားမှာပါကွာ။ ဘာမှ မစိုးရိမ်နဲ့ သိလား။ ငါတို့ ရှိတယ်—” ဆွမ်းချိုင့်ကို ဆွဲကိုင်သည့် ငယ်ရွယ်သူ ကိုရင်တစ်ပါးက ကလေးငယ်ကို အားပေးတယ်။ ဒါပေမယ့်လည်း ကလေးငယ်ကတော့ အခုထိ ပျော်ရွှင်ဟန်မပြသေးဘူး။ ဒီလိုနဲ့ပဲ သူတို့တတွေ ကျောင်းဆီကို ပြန်ရောက်ခဲ့ကြပြီးနောက် ကလေးငယ်ကို ကျောင်းထိုင်က တွေ့ဆုံပြီး အကျိုးအကြောင်း မေးမြန်းပြီးတဲ့နောက် သူတို့ရဲ့ ရွာဦးကျောင်းဆီမှာ ဘုန်းကြီးကျောင်းသား အဖြစ်နဲ့ နေခဲ့ဖို့ … Read more