တောင်းပန်ပါတယ် သူကြီးရာ

* တောင်းပန်ပါတယ် သူကြီးရာ * ရေးသားသူ— ဆရာတင်ညွန့် +++++++++++ ဒီမနက် သူကြီး အတော်လေး ပေါက်ကွဲနေတယ်။ ဟေ့ … ဘယ် ငါးမြွေထိုးလဲကွ … ငါ့မြင်းကို ခိုးရသတဲ့လား … မင့် အမေရိုးမျိုးသူခိုး … မိလို့ကတော့ ငါကိုယ်တိုင် နှစ်လုံးပြူးနဲ့ အဆုံးထိုးစီရင်မယ်” နှစ်လုံးပြူးကြီးထမ်းပြီးတော့ တစ်ရွာလုံး ပတ်ရမ်းနေတဲ့ သူကြီးကြောင့် တစ်ရွာလုံး မလှုပ်ရဲဘူး။ အိမ်တံခါး တွေပိတ်၊ ညဆိုလို မီးမှိတ်။ သူခိုးမြန်မြန်မိပါစေလို့ပဲ ဆုတောင်းပေးနေကြတာ။ ဒါပေမဲ့ နောက်တစ်နေ့မှာ မြင်းက သူ့အလိုလို ပြန်ရောက်လာတယ်။ မြင်းလည်ပင်းမှာ စာနှစ်စောင်ချည် ထားတယ်။ စာတစ်စောင်ထဲမှာ သူကြီးခင်ဗျား တောင်းပန်ပါတယ် သူကြီးမြင်းမှန်းမသိလို့ ယူသွားမိပါတယ်။ အရေးကြီးတဲ့ကိစ္စရှိနေလို့ သူကြီးမြင်းကို ခေတ္တယူသုံးမိတာပါ။ ကျေးဇူးဆပ်တဲ့အနေနဲ့ … Read more

ဘွားမယ်စိန်နဲ့တစ်ရွာသူ သရဲမ

” ဘွားမယ်စိန်နဲ့တစ်ရွာသူ သရဲမ “(စ…ဆုံး) ရေးသားသူ — ယဉ်မင်း(ကန့်ဘလူ) +++++++++++ ရွာအမည်က မင်းကင်းရွာဖြစ်သည်။ ထိုရွာသည် “သောင်ထွန်းရွာ”နှင့်အနည်းငယ်သာကွာဝေး၏။ “မင်းကင်းရွာ”၌နွားအမြောက်အများ…၊ ဆိတ်ကောင်ရေအမြောက်အများမွေးမြူကြပြီး တိရိစ္ဆာန် မွေးမြူရေးကိုအဓိကထားလုပ်ကိုင်ကြသည်ဟုဆိုရပေမည်။ ထိုအခါအနီးအနားရှိရွာများမှ မင်းကင်းရွာဆီသို့လာရောက်ကြပြီး နွားများ၊ဆိတ်များဝယ်ယူတတ်ကြသည်။ စီးပွားရေးအဆင်ပြေသော ရွာတစ်ရွာဖြစ်သည်နှင့်အလျှောက် မင်းကင်းရွာသူမိန်းမပျိုလေးများသည်လည်းရွှေတွဲလဲ၊ငွေတွဲလဲဖြင့် လှပသပ်ရပ်စွာနေထိုင်ကြရ၏။ တစ်နေ့သ၌… မင်းကင်းရွာထဲ၌ သတင်းတစ်ခုထူးနေလေသည်။ ထိုသည်ကား… “ဟဲ့…ရွှေစင်လင်နောက်လိုက်ပြေးသွားတယ်တဲ့…” “ဟုတ်လို့လား…မခင်ကျော့ရယ်…ရွှေစင်မှာရည်းစားရှိတာကျုပ်မကြားမိပါဘူးနော်…” “အေ့လေ…သတင်းကဟုတ်လို့လားတော်” မခင်ကျော့ဆိုသည့် သတင်းပြောသူမိန်းမကြီးအား ကျန်ရွာသူနှစ်ယောက်က မယုံကြည်သလိုပြောလေသည်။ ထိုအခါ မခင်ကျော့ဆိုသည့်အမျိုးသမီးကြီးကထပ်မံ၍… “အမလေး….ဟုတ်သမှသိပ်ဟုတ်ပါအေ… ညည်းတို့ကလည်း ငါကိုယ်တိုင်သူ့အမေ မခင်ကြီးပြောတာကိုသေချာကြားတာဟယ်။ဟိုမှာသမီးလင်နောက်လိုက်လို့မအေက တငိုငိုတရီရီနဲ့အေ့” “ဟောတော်…ဒါဆိုကလေးမလေးမိုက်လိုက်တာတော်…။မိဘတွေကရွှေတွဲလဲ၊ငွေတွဲလဲထားတာကို ရည်းစားရှိလည်းလာတောင်းခိုင်းပေါ့…ခုကြ မိဘတွေဘယ်လောက်ရှက်လိုက်ကြမလဲတော်…” မချိတင်ကဲအသံဖြင့်ရွာသူတစ်ယောက်ကပြောလေတော့ မခင်ကျော့ကဆက်ပြီး “အေးပါဆိုဟယ်…သူ့အဖေဆိုလေ… မိဘတွေမျက်နှာကိုမထောက်တဲ့သမီး သွားလေရာဘေးတွေ့ပါစေဆိုပြီးဒေါပါပါကို ပြောတာအေ့” “အမလေး…ကြောက်စရာကြီးပါလား…။မိဘတွေ ကျိန်တာက သားသမီးကိုတကယ်ထိတယ်တော်ရေ့… ဘယ်လောက်စိတ်ဆိုးဆိုးဒီလိုကြီးတော့ မကျိန်သင့်ပါဘူးတော်” … Read more

အောက်လမ်းဘိုးထင် နှင့် ဝိညာဉ်အငြိုး

” အောက်လမ်းဘိုးထင် နှင့် ဝိညာဉ်အငြိုး ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) မောင်ဘိုးထင်တို့သည် အချိန်လင့်သည်အထိ ပန်းချီငို၏ အိမ်တွင် မအိပ်သေးပဲ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် ပွဲခံ နေကြလေသည်။သူတို့သည် မကြီး နှင့် ရာကြီး သေဆုံးသွားသည်ကို မသိပေ။ညားနေလောက်ပြီးဟုသာ ကလေးအတွေး နှင့် ပျော်မြူးနေကြ‌၏။ထို့ကြောင့် ပန်းချီငို ဧည့်ခံကျွေးမွေးသော ကြက်ကာလသားချက်ကို အားရပါးရစားကာ စကားများတပြောပြော နှင့် ပွဲကျနေလေသည်။ “ကိုပန်းချီငို ကျုပ်တို့ရဲ့ အကြံ မပိုင်ဘူးလား ” “ပိုင်ပါ့ ဖိုးထွေးရာ မင်းတို့ကို ဒီလောက်ထိ တော်မှန်း ထင်ကို မထင်ထားတာ ” “ဖိုးထွေးပဲဗျာ ဒီလောက်ကတော့ အသေးအဖွဲ့ပါ ” “ကိုဖိုးထွေး ခင်ဗျား တယောက်တည်းကြောင့်တော့ မဟုတ်ဘူးနော် … Read more

စုန်းထီးကြီးဦးဘသာနှင့် သဘက်ကြီးငညို

” စုန်းထီးကြီးဦးဘသာနှင့် သဘက်ကြီးငညို ” ရေးသားသူ— အဂ္ဂဇော် +++++++++ (၁) သဘက်ကြီးငညိုအကြောင်းပြောဖို့က ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြီးပြောရမှာမို့လို့ သူ့ကိုသပ်သပ်ပြောပြဖို့စီစဉ်လိုက်တာဗျ၊ ဒီအကြောင်းတွေပြောမယ်ဆိုရင် ကျုပ်အဘိုးခေတ်ကနေ စပြီးပြောရမှာပဲဗျ၊ ခင်ဗျားတို့ကို အရင်ကပြောခဲ့ဖူးသလို ကျုပ်တို့က သူကြီးမျိုးရိုးဗျ၊ ကျုပ်အဘိုးရဲ့အဖေကလည်း သူကြီးပဲ၊ ကျုပ်အဘိုးကလည်း သူကြီးပဲ၊ နောက်ပြီး ကျုပ်အဖေလည်း သူကြီးပေါ့ဗျာ၊ ကျုပ်အဘိုးရဲ့အဖေကတော့ ဗမာမင်းလက်ထက်ကို မီလိုက်တာပေါ့ဗျာ၊ အဲဒီတုန်းက ကျုပ်တို့ရွာက ဖက်လိပ်ရွာဆိုတဲ့ ရွာကလေးပေါ့၊ နောက်ပြီး ကျုပ်အဘိုးကျတော့ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ် နှစ်ခေတ်ကိုမီလိုက်တာပေါ့ဗျာ။ ကျုပ်အဖေကတော့ အသက်နှစ်ဆယ်လောက်ကတည်းက သူကြီးဖြစ်လာတဲ့အတွက်ကြောင့်ရယ်၊ အဖေက သမာသမတ်ကျတာကြောင့်ရယ် သူကြီးလေးဆိုပြီး ရွာကလူတွေတော်တော်များများက ချစ်ခင်ကြပေမယ့် ကျုပ်အဘိုးကိုကျတော့ တစ်ရွာလုံးက ကြောက်ရတယ်ဗျ၊ အခုထိ ရွာက တစ်ချို့လူတွေ အဖေ့ကိုအမြင်မကြည်တာက အဖေမကောင်းလို့မဟုတ်ဘူးဗျ၊ ကျုပ်အဘိုးရဲ့ … Read more

အောင်မြတ်သာနှင့်ငွေယားသိုက်

” အောင်မြတ်သာနှင့်ငွေယားသိုက် ” ရေးသားသူ— ဇေယန(ရာမည) +++++++++++ “ ချွင် ချလွင် ချလွင်— ” နဂါးကြီးတစ်ကောင်အိပ်ပျော်သလိုဖြစ်နေတဲ့ တောင်တန်း ပေါ်ကနေထွက်ပေါ်လာတဲ့အသံကြောင့် စင်္ကြန်လျောက်နေ တဲ့ အောင်မြတ်သာရဲ့ခြေလှမ်းတွေရပ်တန့်သွားသလို အိပ် ဖို့ပြင်နေကြတဲ့ သက်ခိုင်နဲ့ တောက်ရတို့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ ဆရာ တောင်တန်းပေါ်မှာ မြည်နေတဲ့အသံတွေကြားတယ် မဟုတ်လား.. အဲဒါ ဘာအသံတွေလဲဟင်” သက်ခိုင်စကားကြောင့် အောင်မြတ်သာက လက်ထဲမှာကိုင် ထားတဲ့ ပုတီးစိပ်ကို လည်ပင်းမှာဆွဲလိုက်ပြီး “ နှစ်ပေါင်းများစွာကြာမှ တစ်ခါဖွင့်တဲ့ ငွေယားသိုက်ဆီက နေ ထွက်လာတဲ့အသံတွေဖြစ်မယ်ထင်တယ်” “ ဗျာ ငွေယားသိုက် ဟုတ်လား” “ ဟုတ်တယ် ငွေယားသိုက်ဆိုတာ နောင်ပွင့်မယ့်အရိမေတ္တိ ယျဘုရားကိုရည်စူးလှူဒါန်းထားတဲ့ ငွေထည်ပစ္စည်းတွေကို စောင့်ရှောက်နေတဲ့ သိုက်တစ်ခုပဲ၊ သိုက်ထဲမှာရှိတဲ့ငွေထည် ပစ္စည်းတွေကို … Read more

ဦးဖိုးဝေ နှင့် အိမ်ပျောက်သူများ

” ဦးဖိုးဝေ နှင့် အိမ်ပျောက်သူများ ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) ဦးဖိုးဝေ နှင့် သူရိယသည် ပွေးကိုင်းရွာမှ ထွက်လာကြသည် ။သူတို့ သွားနေသည့်နေရာမှာ မီးကွင်းရွာဖြစ်ပြီး ကျတ်လယ် တွင် မကျွတ်မလွတ်ဘဲရှိနေသေးသော ပရလောကသားများ၏ အကျိုးကို ရှေ့ရှု၍ သွားနေခြင်းဖြစ်၏။လမ်းခရီး တလျှောက် လှည်းလမ်းသည် မြက်ပင်များ ဖုံးနေပြီး လူသွားလမ်း သာလျှင် မြက်များရှင်းနေသည် ကိုတွေ့ရသည် ။ သူရိယသည် ဦးဖိုးဝေ၏ နောက်မှ လျှောက်နေရင်း စကားဆိုလိုက်လေ၏ ။ “အဘ ကျနော်တို့ မီးကွင်းရွာရောက်ရင် ဘယ်ကို အရင်သွားမှာလဲ ” “ဦးဝင်းမောင် ဆိုသူရဲ့ အိမ်ကို သွားရမှာပေါ့ ” “ဟုတ်အဘ ကျနော်လည်း ကျတ်လယ်ထဲက ပရလောက … Read more

အောင်မြတ်သာနှင့်ကျတ်သူယောင်မယ်

” အောင်မြတ်သာနှင့်ကျတ်သူယောင်မယ် ” ရေးသားသူ— ဇေယန(ရာမည) +++++++++++ “ ဆေးဆရာကြီး…. ဆေးဆရာကြီး အိပ်ပီလားရှင့်” ညကြီးအချိန်မတော် အိမ်အောက်ကနေ ခေါ်နေတဲ့အသံ ကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ ဦးညို တစ်ယောက် ရေနံဆီမီးအိမ်ကိုအလင်းတင်ကာ “ ညဘက်ကြီး ဘယ်သူလဲကွယ့်” “ ကျွန်မက ဟိုဘက် ပုတက်ကုန်းရွာကပါ . မြေးမလေး အပြင်းဖျားနေလို့ ဆရာကြီးကို လာပင့်တာပါရှင့်” “ အေးအေး ငါလိုက်လာမယ်.. ခဏစောင့်ဦး” ဦးညိုလဲ တိုင်မှာချိတ်ထားတဲ့ ဆေးလွယ်အိတ်ကို ကောက် လွယ်ကာ အိမ်ပေါ်ကနေဆင်းလာတော့ ညစ်နွမ်းနွမ်း သဘက်ကိုခေါင်းမှာပတ်ထားတဲ့ အသက် ၆ဝအရွယ် မိန်းမ တစ်ယောက်ကိုမြင်လိုက်ရတယ်။ “ ပုတက်ကုန်းရွာဆိုတာ ဘယ်နားတုန်း… ငါလဲတစ်ခါမှမ ရောက်ဖူးဘူး” ဆရာကြီး မရောက်ဖူးတာဖြစ်လိမ့်မယ်… ကညင်ပင်ရွာ အကျော်လေးဆိုရောက်ပါပြီ” … Read more

ဘွားမယ်စိန်နှင့် ကြောင်သူတော်

* ဘွားမယ်စိန်နှင့် ကြောင်သူတော် *(စ/ဆုံး) ရေးသားသူ— ယဉ်မင်း(ကန့်ဘလူ) +++++++++++ သောင်ထွန်းရွာ၌သတင်းတစ်ခုကပျံ့နှံ့နေခဲ့သည်။ ထိုသတင်းကိုကြားသိသူတိုင်းလည်း စုတ်တသပ်သပ်ဖြင့် စိတ်မကောင်းဖြစ်နေကြရှာသည်။ ထိုသတင်းမှာ…သောင်ထွန်းရွာ၏နံဘေး၌ရှိသော အင်တိုင်းရွာတွင် အမျိုးသမီးတစ်ဦး၏အလောင်းအား ရေတွင်းထဲမှတွေ့ရှိခဲ့ရခြင်းပင်။ အမျိုးသမီးဟုဆိုရအောင်လည်းအသက်အားဖြင့် နှစ်ဆယ်သာသာလေးရှိသေး၏။ ထိုသို့ငယ်ရွယ်လှသောမိန်းကလေးသည် ညကြီးအချိန်မတော်ရွာလယ်ရှိ ရေတွင်းထဲသို့ကျ၍သေဆုံးနေခြင်းသည် စဥ်းစားစရာဖြစ်နေခဲ့သည်။ မတော်တဆကျ၍သေခြင်းလား… သို့မဟုတ် မိမိကိုယ်ကိုသတ်သေခြင်းပဲလားဆိုသည့် အတွေးများဖြင့်လူများမှာစဥ်းစားရခက်နေကြသည်။ “အမေ…အင်တိုင်းရွာမှာကောင်မလေးတစ်ယောက် ရေတွင်းထဲကျသေနေတာတဲ့တော့်” ရွာထဲမှပြန်လာသောဒေါ်ဝင်းက အိမ်သို့ရောက်ရောက်ခြင်း ဘွားမယ်စိန်ကို ထိုသတင်းအားပြောပြလိုက်သည်။ “ဟေ…ဟုတ်လား…ဘယ်အရွယ်လေးလဲဟဲ့” “အို…ရှိစ…အသက်နှစ်ဆယ်တဲ့အမေ… ကောင်မလေးကအချောလေးတဲ့တော့်… ကျုပ်ဖြင့်သနားလိုက်တာအမေရယ်…” “အေး…ဘယ်နဲ့ဖြစ်တာတဲ့တုန်း” “ကောင်မလေးမှာစိတ်ညစ်စရာလည်း ရှိဟန်မတူပါဘူးအမေရယ်… သတ်သေသလား…ဒါမှမဟုတ်အသတ်ခံရသလားဆိုတာ ဘယ်သူမှသေသေချာချာမသိသေးဘူးတဲ့…” “အင်း…ဘဝတွေကလည်းဆိုးလိုက်တာအေ… ကျွတ်..ကျွတ်…ကျွတ်….” ဘွားမယ်စိန်လည်း စိတ်မကောင်းစွာဖြင့် စုတ်သပ်-လိုက်သည်။ “အင်တိုင်းရွာထဲတော့အဲ့သည်ကိစ္စက ပွက်လောရိုက်နေတာတဲ့… ရွာသူကြီးလည်းစဥ်းစားရခက်… ကောင်မလေးမိဘတွေကလည်းငိုယိုပြီး သောင်းကျန်းနေကြတယ်တဲ့လေ..” ဒေါ်ဝင်းက ကန်စွန်းရွက်များကိုချွေရင်း ရွာထဲမှကြားသိခဲ့သမျှကို ပြောနေလေသည်။ ဘွားမယ်စိန်ကတော့ … Read more

အောက်လမ်းဘိုးထင် နှင့် မလေးအရှုပ်တော်ပုံ (၁)

” အောက်လမ်းဘိုးထင် နှင့် မလေးအရှုပ်တော်ပုံ (၁) ” ရေးသားသူ— မောင်တင်ဆန်း +++++++++++ *အခန်း (၁) စပါးပေါ်ချိန်တွင်တော့ လယ်ပိုင်ရှင် ပန်းချီငိုတယောက် ငွေရွှင်နေလေ၏။စပါးရောင်းထားသော ငွေများအား ရေတွက် ရင်း တယောက်တည်း ပြုံးရွှင်နေလေသည်။ သူ၏ အပြုံးမှာ ဒီတနှစ်တော့ မိန်းမ ရပြီ အိုရချည်သေးရဲ့ ဟူသော အတွေးမှ ဖြစ်‌ပေါ်လာသော အပြုံးပင်ဖြစ်သည်။ သူသည် ငွေများကို ရေတွက်ရင်း ငွေတထပ်အား လက်နှင့် ပုတ်ပြီး နှာခေါင်းနှင့် နမ်းရှုံ့နေစဉ် အိမ်အောက်မှ သူ့နာမည်အား ခေါ်သံ ကြားရ၍ နားစွင့်လိုက်လေ၏။ထို့နောက် ငွေများကို ပြန်သိမ်းကာ သေတ္တာထဲ ထည့်နေရင်း “ကိုပန်းချီငို ဗျို့ ကိုပန်းချီငို ” “အေး လာပါ ပြီ ကွာ … Read more

အောင်မြတ်သာ နှင့် အိမ်အိုအောက်ကငိုညဉ်းသံ

” အောင်မြတ်သာနှင့်အိမ်အိုအောက်ကငိုညဉ်းသံ ” ရေးသားသူ— ဇေယန(ရာမည) – – – – – – – – – “တိုက်နီနီအောက်မှာ ငါ့ကိုမြုပ်ထားတယ်–ကယ်ကြပါဦး– ငါ့ကိုကယ်ကြပါဦး” ဆိုတဲ့အသံက တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့နားထဲကို စူးရှစွာဝင်ရောက်လာခဲ့တယ်။ အောင်မြတ်သာနည်းတူ အင်းစမတွေရေးဆွဲနေတဲ့ သက် ခိုင်နဲ့တောက်ရတို့မျက်နှာမှာလဲ အံ့ဩမှုတွေက အထင်းသား။ ညနှစ်ချက်တီးအချိန်လောက်ရောက်တော့ တရားဖြုတ်ပြီး ထလာတဲ့အောင်မြတ်သာက “ မင်းတို့ဆွဲထားတဲ့အင်းတွေအကုန်သုံးမရဖြစ်တာရောသိ ကြလား” “ ဗျာ ဘယ်လို သုံးမရတာလဲဆရာ” “ ခုနက မင်းတို့အာရုံထဲမှာ မိန်းမတစ်ယောက်ရဲ့ စူးစူးဝါးဝါးအော်သံကိုကြားမိခဲ့တယ်မဟုတ်လား” “ ဟုတ်ပါတယ်ဆရာ ကြားမိပါတယ်” အေး အဲဒီအချိန် မင်းတို့စီရင်နေတဲ့အင်းရဲ့ဘောင်ကို တား နေချိန်မဟုတ်လား” “ ဟုတ်ပါတယ်ဆရာ..” “ တောက်ရ …အင်းပေါက်တဲ့လက္ခဏာရှစ်ပါးကို … Read more