အသူရကယ်ဘုံ
အသူရကယ်ဘုံ(စ/ဆုံး) မူရင်းရေးသားသူ — ဆရာတာတေ +++++++++++ ဒီဘိုးတော်ကြီးနာမည်က ဦးစုံတဲ့ဗျ။ ကျုပ်တို့ကတော့ ဘိုးစုံလို့ခေါ်ကြတယ်။ အသက်အရွယ်က ရှစ်ဆယ်ကျော်ပြီ။ လူကတော့ သန်သန်မာမာပဲ ရှိသေးတာဗျ။ အခုအရွယ်အထိ နွားနောက်ကပြေးလိုက်တုံး ရှိသေးတာ။မန်ကျည်းရွက်ခူးတာတို့ မန်ကျည်းသီး ဆွတ်တာတို့ဆိုရင် ဘိုးစုံက ဘယ်သူ့ကိုခိုင်းတာမဟုတ်ဘူးဗျ သူကိုယ်တိုင်အပင်တက်တာ။ ဟိုတလောကလည်း အုန်းသီးတက်ခူးလို့ သူ့သားတွေက မနည်းကို ပြောထားရတာ။ အသက်ငါးဆယ်ကျော် ခြောက်ဆယ်ကျော်ရှိနေတဲံ့ သူ့သားတွေကမှ အိုစာကြသေးတယ်။ ဘိုးစုံကကြည့်လိုက်ရင် အသက်ငါးဆယ်ကျော်လောက်ပဲ ရှိသေးတယ်လို့ ထင်ရတာ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဘိုးစုံကို ကာလသားတွေက မခံချင်အောင် စကြတာဗျ ဒါနဲ့ဘိုးစုံက ကာလသားတွေကို စိန်ခေါ်လိုက်သဗျ။ “ဟေ့ကောင်သာညို မင်းတို့ကြိုက်တဲ့မြင်းတစ်ကောင်ရှာလိုက် ပြီးတော့ မြင်းစီးကောင်းတဲ့ကောင်လည်းခေါ်လာခဲ့ ငါအဲဒီမြင်းနဲ့ ပြိုင်ပြေးမယ် ။ငွေငါးရာကြေး အေး တစ်ခုတော့ ရှိတယ် ငွေတော့ … Read more