ပေါရိသာဒမှော်

” ပေါရိသာဒမှော် ”
ရေးသားသူ—ဆရာတာတေ
+++++++++++

ဒီတုန်းက ရန်ကုန်ထောင်ကြီး ရှိသေးတယ်ဗျ။ အဲ့ဒီ့မှာ ထောင်
မှူးကြီးက တာတေတို့ ရွာသား ဗျ။ ဦးအောင်စိန်တဲ့ ။
ထောင်မှူ းကြီး အောင်စိန် ဆိုရင် လူတိုင်းသိကြတာပေါ့ဗျာ။
ထောင်မှူး ကြီးအောင်စိန် ဆိုတာကို ရွာက ကထိန်မှာ လာ
သွားတာတော့ ကျုပ် တစ်ခါ မြင်ဖူးလိုက်တယ်။ ကျုပ်ကိုလာခေါ်
တာ သူဗျ။ ကျုပ်အကြောင်းကို ရွာက လူတွေ ပြောတာ ရှိမှာ
ပေါ့ဗျာ။ သူတို့ ထောင်ကြီးထဲမှာ သရဲတစ်ကောင် တော်တော်
သောင်းကျန်း နေတာတဲ့ဗျ ၊ ဒီသရဲက ဟိုတုန်းကတည်းကရှိ
တာ တဲ့ ။ ဦးအောင်စိန် သိတာကတော့ အင်္ဂလိပ်ခေတ်ကတည်းက ကျန်ခဲ့တဲ့ သရဲဆိုပဲ။ အဂ်လိပ် ခေတ်ကတည်းက
ကြိုးပေး သတ်ခံရပြီး သရဲ ဖြစ်နေတာတဲ့ဗျာ။ သူ့ကိုသတ်တဲ့
တပေါင်းလကွယ်နေ့ ညသန်းခေါင်မှာ အမဲသား သုံးပိဿ ာ
ချက်နဲ့ ကျွေးရတယ်ဆိုပဲ။ ဒါဆိုရင် ဒီသရဲက စောင့်ရှောက် သတဲ့ဗျာ။ ထောင်ဖောက်ပြေး တဲ့ သူဆိုရင် အုတ်ရိုးပေါ်က
ကန်ချတယ်ဆိုပဲဗျ။ သူ့ကို တစ်နှစ်တစ်ခါ မပျက်မကွက် ကျွေး
ရတယ်တဲ့ဗျာ။ အခုတော့ တပေါင်းလကွယ် မရောက်သေး
ဘဲ သရဲက တအားသောင်းကျန်း နေလို့တဲ့ဗျာ။ အဆောင်တွေ
ခေါင်မိုးတွေမှာ တဝုန်းဝုန်း တဒိုင်းဒိုင်း နဲ့ ညတိုင်း ပြေးလွှားပြီး
အဆောင်တွေ ပေါ်မှာ ခုန်ချလို ချတဲ့။ ညဆိုရင် ထောင်သား
တွေလည်း ကောင်းကောင်း မအိပ်ကြရဘူးတဲ့ဗျာ။အားလုံး
လည်း ကြောက်နေကြပြီဆိုပဲ ။ လူဆိုတာက ခက်တော့ ခက်
သားလားဗျ။ထောင်ကျနေတဲ့ လူဆိုးလူမိုက်ကြီးတွေကလည်း
သရဲတော့ ကြောက်သားလားဗျ။ ကျုပ် ရန်ကုန် ထောင်ကြီးကို
ရောက်တဲ့ ညမှာပဲ မျက်ကွင်းဆေးကွင်းပြီး စောင့်ကြည့်တယ်ဗျ
ဦးအောင်စိန် ကိုယ်တိုင်လည်း ကျုပ်နဲ့အတူလိုက်လာတာဗျ။
” ဝုန်း ”
” ဗြောင်း ” ” ဗြောင်း”
ဟော ညသန်းခေါင်လောက်ရောက်တော့ ဇာတ်လမ်းကစ
တော့တာပဲဗျို့။မြောက်ဘက် က အိပ်ဆောင်ကြီး တစ်ခုကစပြီး
ပြေးတာဗျို့၊ကျုပ်လည်း အသံကြားတဲ့ဘက်ကို ပြေးတာပေါ့ဗျာ။
ဦးအောင်စိန်လည်း ကျုပ်နဲ့ လိုက်ပြေးသဗျ။အသံကြားတဲ့
အိပ်ဆောင်ကြီး ခေါင်မိုးကို ကျုပ်မော့ပြီး ကြည့်လိုက်တယ်။
ဟာ— ဟုတ်ပါ့ဗျာ။သရဲ ကြီးဗျ၊
ဟော—ခုန်ပြီဗျို့။နောက်ထပ် အိပ်ဆောင်ကြီး တစ်ခုကိုခုန်ကူး
လိုက်ပြီဗျာ။ ဟာ–ခုန်လိုက်တာများ ခုနှစ်လံ ရှစ်လံလောက်
မြောက်တက်သွားတာဗျို့။
” အုန်း ”
” ဗြောင်း ၊ ဗြောင်း ၊ ဗြောင်း ”
ဟော ခေါင်မိုးကြီး ပေါ်မှာ ပြေးပြန်ပြီဗျို့။ဟာ….နောက်တစ်
ဆောင်ရဲ့ ခေါင်မိုးပေါ်ကို ခုန်ကူးသွားပြန်ပြီဗျာ။
” ဗြောင်း.. . ဗြောင်း .. .ဗြောင်း ”
ပြေးပြန်ပြီဗျို့။ဟုတ်တာပေါ့ဗျာ။အိပ်ဆောင်ထဲက လူတွေ ဘယ့်
နှယ်လုပ်ပြီး အိပ်နိုင်မှာတုံး ။ ကျုပ်က မျက်ကွင်းဆေး ကွင်းထား
လို့သာ မြင်ရတာပေါ့ဗျာ။ ဟာ….ခုန်ပြန်ပြီဗျို့၊ ဟာ…ခုနှစ်လံ
လောက်ကို မြင့်သွားတာဗျာ။ဟော….ထောင်အုတ်ရိုးပေါ်ကို
ကျသွားတာဗျ၊ ။ ဟော ဟော….ထောင်အုတ်ရိုးပေါ်မှာ မားမား
ကြီး လျှောက်သွားနေတာဗျာ။ ဒီတော့ မှ ကျုပ်လည်း သေသေ
ချာချာ ကြည့်မိတာဗျ။အရပ်က ခုနှစ်ပေလောက်ရှိမယ်ဗျ ။
ဆံပင်က ကျောကုန်း လောက်အထိ အုပ်နေတာဗျ။မျက်နှာကြီး
ကိုပါ ဆံပင်တွေက အုပ်နေတာဗျို့။ခါးမှာတော့ ပုဆိုးဖြူဖြူကြီး
စည်းထားတယ်။ဟော….ထောင်ဘူးဝြကီးတည့်တည့်မှာ
ငုတ်တုတ်ကြီးထိုင်နေပြီဗျို့။ကျုပ်က ကျုပ်မြင်တာကို ပြောပြ
လိုက်တယ်။
” မောင်တာတေ ဒါဆိုရင် ဘယ်လိုလုပ်မတုံးကွ ”
” ကျုပ်လည်း မသိဘူးဗျ.. ဦးအောင်စိန်ရဲ့ ၊ ဒီကိစ္စ ကိုမနက်ဖြန်
ညရောက်မှ ကျုပ် မဖဲဝါ ကို မေးပေးမယ် ”
” ဟေ ဟုတ်လား ၊ မဖဲဝါကို မင်းမေးလို့ရလားကွ မောင်တာတေရ ”
” ရပါတယ် ဗျ။ ဒါပေမဲ့ ကျုပ်လိုအပ်တာလေးတွေ ဦးအောင်စိန်
စီစဉ်ပေးမှ ရမယ် ”
” ဟာ လုပ်ပေးရမှာကွ မောင်တာတေရ ၊ ကဲ ပြော မောင်တာတေ ဘာတွေ လိုအပ်တုန်း ”
” အမဲသား နှစ်ပိဿ ာ ဟင်းတစ်အိုးချက်ပေးပါ။ ထမင်းတစ်အိုး
ချက်ရမယ်။ငှက်ပျောဖက်နဲ့ ထမင်းတောင်းလေး ပြင်ပေးပါဗျာ”
” ဟာ ရစေရမယ်ကွာ ၊ မင်းဘယ်တော့လောက်လိုချင်တာတုံး”
” မနက်ဖြန် ညနေခြောက်နာရီ ရရင်ပြီးရောဗျာ ”
“ဟာ ရတာပေါ့ကွာ ၊ မောင်တာတေရ ၊ ဒါ ရန်ကုန်မြို့ ကြီးပဲကွ၊ အချိန်မရွေး၀ယ်လို့ရပါတယ်။ ကဲ နောက်ထပ်ကော ဘာ
လိုသေးတုံး ”
” နတ်၀င်သည် တစ်ယောက် ခေါ်ပေးဗျာ ”
” ဟေ နတ်၀င်သည် ဟုတ်လား ၊ နတ်ကတော်ပေါ့ ”
” ဟုတ်တယ်ဗျ ၊ မဖဲဝါ ၀င်မှာလို့လည်း ပြောဗျာ။ ဒါကိုကူညီရင်
ကျန်းမာမယ် ၊ စီးပွားတက်မယ်လို့လည်း ပြောဗျာ ”
” သြော် ဒီလိုလား ရတယ် ရတယ် ၊ ဒီအတွက်တော့ နည်းနည်းမှကို မပူနဲ့ မောင်တာတေ၊ ဟောဒီ ထောင်ကြီးထဲမှာ
ထောင်မှူးကတော်တွေက အလကားနေရင် နတ်ပဲမေးနေတာ
ကွ၊ သူတို့ကို ခေါ်ခိုင်းရင် နတ်၀င်သည် တစ်ယောက်မကဘူး
နှစ်ဆယ် သုံးဆယ်လောက်တောင်ရဦးမှာ ”
” ဟာ တစ်ယောက်ပဲ ၊ တစ်ယောက်ပဲ ၊ တစ်ယောက်ဆို
ရပါပြီဗျာ ”
ရန်ကုန်မြို့ ကြီးဆိုတော့လည်း လိုတာ အကုန်ရတာပေါ့ဗျာ။
ကျုပ်တို့ တောလို မရှားဘူးပေါ့ဗျာ။နောက်နေ့ညနေ ငါးနာရီ
ထိုးတာနဲ့ ကျုပ်လိုချင်တာတွေ အားလုံးရနေပြီဗျ။နတ်ကတော်
ကဒေါ်စိန်တဲ့ ။ ကျုပ်တို့ အညာသူ နတ်ကတော်တွေလို မဟုတ်
ဘူးဗျ၊ အသားဖြူဖြူ ပိန်ပိန်ပါးပါးပဲ။ည ကိုးနာရီလောက်မှရန်ကုန်မှာက လူခြေတိတ်တာကိုဗျ။ ကျုပ်ကို ဦးအောင်စိန်က
ဂျစ်ကားလေးတစ်စီးနဲ့ လိုက်ပို့တယ်။ သင်္ချိုင်းကုန်းကြီးဗျ။ အကျယ်ကြီးပါပဲဗျာ။ မြို့ကြီးကလည်း ကြီးတော့ သင်္ချိ ုင်း ကုန်းကြီး
ကလည်း ကြီးတာပေါ့ဗျာ။ ဘယ် သင်္ချိ ုင်းမှန်းတော့ မသိဘူးဗျ။
ဦးအောင်စိန် ခေါ်လာတာပဲ။ကားပေါ်မှာက ကားမောင်းတဲ့
ရဲသားရယ် ၊ ဦးအောင်စိန်ရယ် ၊ နတ်၀င်သည် ဒေါ်စိန်ရယ် ၊
ကျ ုပ်ရယ်ဗျ။ ကားမောင်းတဲ့ ရဲသားက ထမင်းတောင်း ထမ်း
လာတယ်။ ကျုပ်က ခပ်ကြီးကြီး ဗျက်ကျယ်ကျယ် ဂူတစ်လုံးကို
လိုက်ရှာတာပေါ့ဗျာ။ ဟော…တွေ့ပြီဗျိ ု့။ ဘုရားဒကာကြီး
ဦးကောက်ဆိုပဲ။ဂူရှေ့မှာက မြေနေရာ အလွတ်လေးရှိတယ်။
မြက်ခင်းလေးပေါက်လို့ဗျ။ ကျုပ်ကထုံးစံအတိုင်း ဂူပေါ်မှာ
ထမင်းပွဲ ပြင်ပြီး ဖယောင်းတိုင် ထွန်းတယ်။ ပြီးတော့ ဂူရှေ့က
မြက်ခင်းလေးပေါ်မှာ ဒေါ်စိန်က ဆံပင်ဖြန့်ပြီး ကြုံ့ကြုံ့လေး
ထိုင်တယ်။ ကျုပ် မဖဲဝါ ကို ပင့်တယ် ၊ တစ်ခါ ၊ မကြွသေးဘူးဗျ။
ခဏ စောင့်ပြီး နောက်တစ်ခါ ၊ မကြွသေးဘူးဗျိ ု့။ ခဏစောင့်
ပြီး နောက် တစ်ခါ….
” ဝူး….ဝူး…ဝူး….အီး – အီ – အီ ”
ဟော မဖဲဝါ ရဲ့ ခွေးကြီးအသံတော့ ကြားရပြီဗျိ ု့။ ကျုပ်လည်း
သင်္ချိ ုင်းကုန်းကြီးတစ်ခွင်ကို လိုက်ကြည့်တယ်။ ဟော…လာပြီ
ဗျို့။ လေထဲကနေ လွင့်ပြီးလာတာဗျ။ ဖြူဖြူ အရိပ်ကြီးပဲ မြင်
ရတယ်။ ကျုပ်က မျက်ကွင်းဆေး ကွင်းမထားဘူးလေဗျာ။
ဟော…ဒေါ်စိန် ကိုယ်ကိုသွားကပ်သွားပြီဗျို့။
” ဟီး…ဟီး…ဟီး…ဟီး ”
ဒေါ်စိန် လက်ကြီးတွေ ကွေးကောက်ပြီး ဆံပင်ဖားလျားကြီးနဲ့
ထလာတယ်။ ဦးအောင်စိန် နဲ့ ကားမောင်းတဲ့ ရဲသားက ခပ်
လှမ်းလှမ်းက ဂူတစ်လုံးနားမှာရပ်လို့ဗျ။ ဟော ဂူကြီးပေါ်ကို
ခုန်တက်သွားပြီဗျို့။ မဖဲဝါ ဒူးကြီးထောင်ပြီး စားပြီဗျာ။
ကျုပ်ကတော့ မြင်နေကြမြင်ကွင်းမို့ မဆန်းပေမဲ့ ဦးအောင်စိန်
တို့ကတော့အထူးအဆန်းဖြစ်ပြီး အံ့သြနေကြတာပေါ့ဗျာ။
” ဟီ – ဟီ – ဟီ – ဟီ ”
မဖဲဝါ ကအမဲသားပိုကြိုက်တာဗျ။ တအားစားတော့တာပဲဗျ။
တော်တော်လေးစားသောက်ပြီးတော့မှ ကျုပ်ကို မော့ကြည့်
တယ်။ မဖဲဝါ ၀င်ရင် ကျုပ်အမြဲ သတိထားမိတာက ဘယ်တော့
မှ မျက်တောင်မခတ်ဘူးဗျ။ မျက်လုံးကြီးတွေ ပြူးထွက်နေတာ
ဗျ။ အခုလည်း နတ်ကတော် ဒေါ်စိန်က မျက်လုံးကြီးတွေ ပြူး
လို့ဗျ ။
” ဟဲ့ တာတေ ဘာအကြောင်းရှိလို့တုံး ”
မဖဲဝါ က ကျုပ်ကို မေးပြီဗျို့။ကျုပ်လည်း ချက်ချင်းပြောရတာ
ပေါ့ဗျာ။
” ဒီလိုပါ မဖဲဝါ ရန်ကုန်ထောင်ကြီးထဲမှာ သရဲကြီး တစ်ကောင်
တစ်အားသောင်ကျန်းနေလို့ပါ။ ထောင်ကျတဲ့ သူတွေရော..
ထောင်တာ၀န် ရှိတဲ့လူတွေရော ညဆိုရင်မအိပ်ကြရဘူးဗျ။
။ဒါ ဘယ်လိုဖြစ်တာလဲဆိုတာ သိချင်လို့ပါ ”
” အဲ့ဒါ ပေါရိသာရမှော် အောင်သွားတဲ့ တိမ်ညွန့်ဆိုတဲ့ကောင်
ဟဲ့ ။ အင်္ဂလိပ် ခေတ်က အင်္ဂလိပ်ကို တော်လှန်မယ်ဆိုပြီး
ပေါရိသာရမှော် သွင်းတာ အောင်သွားတယ်။ ဒါပေမဲ့ မကြံစည်
သင့်တာ ကြံစည်မိလို့ အဖမ်းခံရပြီး ကြိုးပေးအသတ်ခံရတာ ”
( မဖဲဝါ ပြောတဲ့ အင်္ဂလိပ်ခေတ်က ကိုတိမ်ညွန့်ဆိုတဲ့ လူပေါရိသာရ မှော်သွင်းပုံကို ခင်ဗျားတို့ နားထောင်လို့ကောင်းအောင်
ကျုပ်ကပဲ ပြန်ပြောလိုက်ပြီဗျို့ )
ဒီရန်ကုန်မှာပဲတဲ့ဗျ။
တာမွေ သင်္ချိုင်းမှာတဲ့ဗျာ။ ယောနယ်က ဆင်းလာတဲ့ ဆရာကြီး
ဦးကုန်းဘောင်ဆိုတဲ့ ပုဂ္ဂိုလ် ကြီးက ကိုတိမ်ညွန့်ဆိုတဲ့ လူငယ်
တစ်ယောက်ကို ပေါရိသာရမှော် သွင်းပေးခဲ့တာတဲ့ဗျာ။
တာမွေ သင်္ချိ ုင်းကုန်းကြီးရဲ့ အလယ်တည့်တည့်မှာ လူတစ်ရပ်
မြှုပ်ရုံ မြေကျင်းတူးရတယ်။ ကိုတိမ်ညွန့်က အင်္ကျီကို တုံးလုံး
ချွတ် ၊ ခါးတောင်းမြှောင်အောင်ကျိုက်ပြီး မြေကြီးထဲမှာ ဆင်းပြီး
မတ်တတ်ရပ် နေရတာတဲ့ဗျ။ ပြီးတော့ မြေကျင်းကို မြေပြန်ဖို့
ရတယ်။ ကိုတိမ်ညွန့်က မြေကြီးပေါ်မှာ ခေါင်းလေးပဲ ပေါ်နေ
တာတဲ့ဗျ။ ဒါတွေ အားလုံးကို ကူညီလုပ်ပေးဖို့ ကိုတိမ်ညွန့်ရဲ့
သူငယ်ချင်း ကိုစံမြဆိုတဲ့ လူတစ်ယောက်လိုက်လာပြီး လုပ်
ပေးတာဆိုပဲ။ ဆရာကြီးက ကိုတိမ်ညွန့်ရဲ့ ပါးစပ်ကို ဟခိုင်းပြီး
လူသေကောင်ရဲ့ လက်ဖျံရိုး အပိုင်းလေးနဲ့ ထောက်ထားတာ
တဲ့ဗျာ။ ဒီတော့ ကိုတိမ်ညွန့်က ပါးစပ်ပိတ်လို့ မရတော့ဘူးပေါ့
ဗျာ။ ဆရာကြီးက ရေလုံအိုးကွဲထဲမှာ ထည့်ထားတဲ့ အစိမ်းသေ
မသာရဲ့ လတ်လတ်ဆတ်ဆတ် အသားကို လှီးထားတဲ့ အသားတစ်ကလေး ခုနှစ်တစ်ကို အဆင့်သင့်ကိုင်ပြီး ဂါထာ
စုတ်ရတာတဲ့ဗျာ။ ကိုစံမြက မြေကျင်းနောက်မှာ ထိုင်ပြီး ကိုတိမ်ညွန့်ရဲ့ ခေါင်းကို ကိုင်ပြီး ထိန်းထားရတယ်တဲ့ဗျ။
ဆရာကြီးက ဂါထာစုံအောင်စုတ်ပြီးတိုင်း လူအသားတစ်ကလေးတစ်တစ်ကို ကိုတိမ်ညွန့် ရဲ့ဟနေတဲ့ ပါးစပ်ထဲကို ထိုး
ထည့်ပေးရတာတဲ့ဗျာ။ ကိုတိမ်ညွန့်ကလည်း အဲ့ဒီအသားတစ်ကို ကြိတ်မှိတ်ပြီး မျိုချရတာတဲ့ဗျိ ု့။ အဲ့ဒီလို အသားတစ်တစ်ခု
မျိုချလိုက်တိုင်း တာမွေ သင်္ချိ ုင်းကုန်းကြီးထဲမှာ ကျီးတွေ
” ဝုန်း ” ကနဲ ထပျိ ု တာတဲ့ဗျို့။ သင်္ချိ ုင်းထဲက ခွေးတွေလည်း
တစ်ပြိုင်နက်တည်း အူတော့တာဆိုပဲ။သင်္ချိ ုင်းဂူတွေကြားက
သရဲ တစ္ဆေ တွေ ပြေးသံ လွှားသံ တွေလည်း ကြားရတယ်တဲ့။
ဆရာကြီးက ဂါထာစုတ်လိုက် ၊ အသားတစ် တစ်ခုကျွေးလိုက်
နဲ့ ကိုတိမ်ညွန့်က ကြိတ်မှိတ်ပြီး မျိုချလိုက်နဲ့ အသားတစ်တွေ
ကုန်ခါနီးလာတဲ့ အခါအခြေအနေက ပိုပိုဆိုးလာရောတဲဗျို့။
ဂူတွေကြားထဲကနေပြီး သရဲတွေ ထလာလိုက်တာ မရေ
နိုင်အောင်ပဲတဲ့ဗျာ။ ကိုတိမ်ညွန့်ရော ကိုစံမြရော မြင်နေကြ
ရတာတဲ့ဗျ။
” ဟီး – ဟီး – ဟီး – ဟီး – အင်း – အင်း ”
လူညည်းသံလို အသံကြီးတွေနဲ့သူတို့ဆီကို ရွေ့လာကြတာတဲ့
ဗျ ၊၊
” မောင်တိမ်ညွန့်မကြောက်နဲ့ ၊ မင်း အောင်တော့မှာမို့လို့ဝိုင်း
ဖျက်ဆီး ကြတာ ။ မကြောက်နဲ့ မောင်စံမြ ၊ ဆရာကြီး ပေး
ထားတဲ့ ခြေမန်းကွင်းတွေ အဆင်သင့် လုပ်ထား ၊ မင်းသူငယ်ချင်းကို ခြေမန်းကွင်း ရအောင်သွပ်နော် ၊ လွတ်ထွက်သွားလို့
ကတော့ မင်းသူငယ်ချင်း သွက်သွက်ခါအောင် ရူးသွားလိမ့်မယ်ဟေ့ ”
” စိတ်ချပါ ဆရာကြီး ”
ကိုစံမြကလည်း သူ့ကိုပေးထားတဲ့ ခြေမန်းကွင်းတွေကို
အဆင်သင့် ပြင်ထားသတဲ့ဗျို့။ သရဲကြီးတွေကလည်း
မည်းမည်း မည်းမည်း နဲ့သူတို့ဘက်ကို တဖြည်းဖြည်း နီးလာပြီ
တဲ့ဗျာ။ လျှာကြီးတွေကလည်း တွဲလောင်းကြီးတွေ ကျလို့ဆိုပဲ။
မျက်လုံးကြီးတွေကလည်း နီရဲပြီး ကျွတ်ထွက်မလိုဖြစ်နေတာ
တဲ့ဗျို့။
” ကဲ မောင်တိမ်ညွန့်ရေ ဒါ နောက်ဆုံး အသားတစ်ပဲဟေ့။
သတိခိုင်ခိုင်ထားပေတော့ ”
လို့ပြောပြီး ဆရာကြီးဦးကုန်းဘောင်က ပေါရိသာရမှော်ကြီးရဲ့
နောက်ဆုံးဂါထာကို ပီပီသသ ရွတ်တော့တာတဲ့ဗျို့။
ဒီမှာတင် သရဲတွေဟာ အသံနက်ကြီးတွေနဲ့ အော်ပြီး သူတို့
ဆီကို တစ်ရှိန်ထိုးပြေးလာကြတာတဲ့ဗျာ။ ဒါပေမဲ့ သူတို့တွေ
က နည်းနည်းမှကို အကြောက်အလန့်မရှိတော့ အနားရောက်တာနဲ့ အကုန်လုံး ပျောက်ကုန်ကြရောတဲ့ဗျို့။ နောက်ဆုံး
အသားတစ်ကို ဆရာကြီးက ပါးစပ်ထဲ ထည့်ပေးတယ်။ ကိုတိမ်ညွန့်ကလည်း မျိ ုချတယ်။
” ဝုန်း…ဝုန်း….ဝုန်း ”
သင်္ချိ ုင်းကုန်းမြေကြီးဟာ သိမ့်ကနဲ သိမ့်ကနဲ ဖြစ်အောင်
လှုပ်သွားတာတဲ့ဗျိ ု့။ ပြီးတော့ တော်လဲတဲ့ အသံလို အသံကြီး
တွေလည်း တဝုန်းဝုန်း မြည်သွားတာတဲ့ ။ ခဏကြာတော့
ကိုတိမ်ညွန့်ကို မြှုပ်ထားတဲ့ မြေကျင်းက မြေကြီးတွေဟာ
ပွထလာပြီး ဘေးကို ရွေ့သွားတယ်။ ကိုတိမ်ညွန့်က တဖြေးဖြေး မြေကျင်းထဲက ပေါ်ပေါ်လာတယ်။ ခါးလောက်အထိလည်း
ပေါ်လာရော ပါးစပ်ကြီးက ပါးစပ်ကြီးက ပိုကျယ်လာပြီး ထောက်ထားတဲ့ လူရိုးက ပြုတ်ထွက်သွားတယ် ။
” မောင်စံမြ အဆင်သင့် ဖြစ်ပြီလား ”
လို့ ဆရာကြီး ဦးကုန်းဘောင်က အော်လိုက်တဲ့ အချိန်မှာ ပဲ
ကိုတိမ်ညွန့်က မြေကျင်းထဲကနေ အပေါ်ကို ခုနှစ်လံ ၊ ရှစ်လံ
လောက်မြောက်တက်ပြီး မြေကြီးပေါ်ကို “ဘုတ် ´´ ကနဲ
ပြန်ကျလာတယ်။
” ပေါရိသာရ တဲ့ဟေ့ ”
လို့ ကြွေးကြော်ပြီး နောက်တစ်ခါ ထခုန်ပြန်သတဲ့ဗျိ ု့။ ဒီတစ်ခါ
မြေကြီးအပေါ်ပြန်အကျမှာ ကိုစံမြက အတင်းတက်ဖိပြီး
ခြေမန်းကွင်းကို ခပ်မြန်မြန်လေး စွပ်ပေးလိုက်တယ်တဲ့ဗျို့။ဒီတော့မှ ကိုတိမ်ညွန့် ငြိမ်သွားရောတဲ့ဗျာ။
” အောင်ပြီဟေ့ ၊ အောင်ပြီ ”
ဆရာကြီးဦးကုန်ဘောင်ရဲ့ အသံကြီးက တာမွေသင်္ချိ ုင်းထဲမှာ
လွှမ်းသွားတယ်ဆိုပဲ ။
” ကဲ ငါ့တပည့် မောင် တိမ်ညွန့် တစ်ရာတစ်ယောက် ၊
တစ်ထောင်တစ်ယောက် ၊ တစ်သောင်းတစ်ယောက်ဆိုသလို
မင်းကတော့ ထူးထူးခြားခြား ပေါရိသာရ မှော်ကြီး အောင်သွား
ပြီကွဲ့ ။ တုတ်ပြီး ၊ ဓားပြီး ၊ သေနတ်ပြီး ခုန်ရင် ခုနှစ်လံအကျော်
ဟေ့ မောင်တိမ်ညွန့်ရဲ့။ ကဲ ငါ့တပည့်ကြီး ဒီအစွမ်းတွေနဲ့
အမျိ ုးဘာသာ သာသနာကို စောင့်ရှောက်နိုင်တဲ့ အပြင်
အဂ်လိပ်တွေရဲ့ ကျွန်ဘ၀ကနေ ဗမာနိုင်ငံကြီးကို ကယ်တင်နိုင်တဲ့ ယောင်္ကျားကောင်းဖြစ်ပါစေဗျာ ”
” ဝုန်း ” ” အား….အား …. အား ”
အဲ့ဒီ့အချိန်ကစပြီး လူစွမ်းကောင်းကြီး ကိုတိမ်ညွန့်ဟာအင်္ဂလိပ်
တွေကို အမျိုးမျိုး အနှောင့်အယှက် ပေးတော့တာပဲတဲ့ဗျာ။
အင်္ဂလိပ်စစ်တပ်ထဲ ၀င်ပြီး အမျိုးမျိုးနှောင့်ယှက်ပြီး အဂ်လိပ်
ဂေါ်ရာ ပုလိပ်တွေက သေနတ်နဲ့ ဝိုင်းပစ်တာ ကျည်ပြီးနေတော့
မသေဘူးဆိုပဲဗျ။ ကျည်ဆံ မှန်တဲ့ နေရာက နီနီကြီး စူထွက်
လာပေမဲ့ ကျည်က သူ့အသားကို မဖောက်နိုင်ဘူးတဲ့ဗျာ။
နောက်တော့ အင်္ဂလိပ်စစ်သားတွေက တော်တော်ကို
လန့်ဖြန့်လာကြတဲ့ အထိ ဖြစ်တော့တာတဲ့ဗျို့။ ကိုတိမ်ညွန့်က
နောက်ဆုံး အင်္ဂလိပ်ဘုရင်ခံကို ၀င်ဖမ်းပြီး ပြန်ပေးဆွဲမယ်လို့
စဉ်းစားတယ်။ ဘုရင်ခံကို ဖမ်းထားပြီး ဗမာပြည်ကနေ
အင်္ဂလိပ်တွေကို ထွက်ခိုင်းမယ်ပေါ့ဗျာ။ အဲ့ဒီလိုအတွေးနဲ့
ဘုရင်ခံရဲ့ အိမ်တော်၀င်းကြီးထဲကို ခုန်၀င်သွားတယ်ဆိုပဲ။
ဘုရင်ခံရဲ့ အိမ်တော်၀င်းမှာက စစ်တပ်ကြီးရှိနေတော့ သူ့ကိုသေနတ်နဲ့ ဝိုင်းပစ်ကြတာတဲ့ဗျိ ု့။ သေနတ်ကျည်ဆန်တွေက
သူ့ကို တည့်တည့်မှန်တယ်။ ဒါပေမဲ့ ကိုတိမ်ညွန့်က ဘာမှမဖြစ်
ဘူး။ဒါနဲ့ ကိုတိမ်ညွန့် ပြန်ခုန်ထွက်ခဲ့ရသတဲ့ဗျာ။ အင်္ဂလိပ်တွေ
ကလည်း ဒီကောင် နောက်တစ်ကြိမ် ၀င်လာမှ မိအောင်ဖမ်း
မယ်ဆိုပြီး အားလုံးအသင့်ပြင်ပြီး စောင့်နေကြတယ်တဲ့။
ကိုတိမ်ညွန့်ကလည်း နှစ်ရက်လောက်ခြားပြီးတာနဲ့ ညဘက်မှာ ဘုရင်ခံ၀င်းကို ၀င်ပြန်တာပဲတဲ့ဗျ။ ပုခုံးမှာလည်းကြိုးခွေ
တစ်ခွေ ပါလာတယ်တဲ့။ ဘုရင်ခံကို ကြိုးတုတ်ဖို့ပေါ့ဗျာ။
ဒါပေမဲ့ အဆင်သင့်စောင့်နေတဲ့ အဂ်လိပ်စစ်သားတွေက
လူနှစ်ဆယ်လောက် ဝိုင်းဖိထားပြီး မေ့ဆေးနဲ့ နှာခေါင်းကို
အုပ်ပြီးဖမ်းတော့မှ သတိမေ့ပြီး မိတော့တာပေါ့။ ကိုတိမ်ညွန့်
လူစွမ်းကောင်းမှန်းကို အင်္ဂလိပ်တွေက သိထားတော့ကြိုပြီး
ပြင်ဆင်ထားကြတာပေါ့ဗျာ။ ဒီမှာတင် လက်နှစ်ဖက်ရော ၊
ခြေနှစ်ဖက်ရော ၊ လည်ပင်းမှာရော သံကြိုးချည်ပြီး ဖမ်းထား
လိုက်တာ ကိုတိမ်ညွန့်လည်း ဘာမှ မတတ်နိုင်တော့ဘူးဗျို့။
ဘုရင်ခံကို လုပ်ကြံဖို့ ကြံစည်တဲ့အမှုနဲ့ ကြိုးပေးသတ်ဖို့ စီရင်
ချက်ချပြီး တပေါင်းလကွယ် နေ့မှာ သတ်ပစ်လိုက်တယ်တဲ့။
ကြိုးစင်ပေါ်တင်တဲ့အထိ သံကြိုးတွေကို မဖြတ်ရဲလို့ သံကြိုး
တန်းလန်းကြီးနဲ့ကို ကြိုးပေးရတာဆိုပဲ။ အဲ့ဒီ့အချိန်က ထောင်
ပိုင်ကြီးကအင်္ဂလိပ် ဆိုပေမယ့် လောကီပညာ တော်တော်
တတ်တယ်ဆိုပဲဗျာ။ ကိုတိမ်ညွန့်ကို ကြိုးပေးသတ်တဲ့ ကြိုးကို
ထောင်ပိုင်ကြီးက ယူပြီး ကိုတိမ်ညွန့်ကို သူ့အမိန့်နဲ့. ထောင်
အုတ်ရိုးပေါ်မှာ စောင့်ဖို့ အစီအစဉ် လုပ်လိုက်တာတဲ့ဗျာ။
ဒါ့ကြောင့် ရန်ကုန်ထောင်ကြီးရဲ့ အုတ်ရိုးပေါ်မှာ ပေါရိသာရ
မှော်အောင်ထားတဲ့ ဗမာပြည်ကို ကျွန်ဘ၀ကနေ အလွန်
ကယ်တင်ချင်တဲ့ သရဲကိုတိမ်ညွန့်ကြီး အမြဲ စောင့်နေရတာတဲ့
ဗျာ။ သူ့ကို သတ်တဲ့ တပေါင်းလကွယ် နေ့ ညတိုင်း အမဲသား
ဟင်းမဲ့ ကျွေးတယ်ဆိုပဲ။ ထောင်ပိုင်တစ်ယောက်ပြောင်းတိုင်း
ပြောခဲ့တော့ ဆက်ကျွေးပြီး သူ့ကို ဆက်ခိုင်းရတာတဲ့ဗျာ။
ဒါတွေကို မဖဲဝါ သေသေချာချာ ပြောပြတာဗျ။ ကျုပ်ရော ၊
ရဲသားရော ၊ ဦးအောင်စိန် ရော အံ့သြနေကြတာပေါ့ဗျာ။
” ဒါဆိုရင် ဘာဖြစ်လို့ အခုသောင်းကျန်းနေတာတုံး မဖဲဝါ ”
” ဟဲ့…တာတေ ရန်ကုန်ထောင်က မကြာခင် ပိတ်ပစ်တော့
မှာ ။ ဒါကို တိမ်ညွန့် ကသိတယ်။ သူ ဒီဘဝြကီးအတိုင်း
ကျန်ခဲ့မှာကို စိုးရိမ်ပြိး အခုလို လုပ်နေတာ။ ထောင်ရဲ့ အရှေ့
ဘက်က အုတ်ရိုးအတွင်းဘက်မှာ ညောင်ပင်ရှိတယ်။
အဲ့ဒီညောင်ပင်ရဲ့ ပင်စည်ကနေ မြောက်ဘက်ကို ခြေလှမ်း
ငါးလှမ်းလောက် လှမ်းပြီး တူးလိုက်ရင် သူ့ကိုသတ်တဲ့ကြိုး
မြှုပ်ထားတာ တွေ့လိမ့်မယ်။ သံပိုက်လုံး နဲ့ ထည့်ပြီး မြှုပ်ထား
တာ။ အဲ့ဒါကို ဖော် တိမ်ညွန့် ကိုခေါ်ပြီး အလှူဒါနလုပ်ပြီး တရား
နာခိုင်းလိုက် ။ အဲ့ဒီကြိုးကိုလည်း ထောင်ပိုင်ကိုယ်တိုင် မီးရှို့
ဖျက်စီးလိုက် ၊ တိမ်ညွန့်ကိုလည်း ထောင်ပိုင်က အမိန့်ပြန်ပြီး
လွတ်ရာ ကျွတ်ရာ သွားခိုင်းလိုက်။ တိမ်ညွန့် လည်း ကျွတ်
ချိန်ရောက်ပါပြီ။ နင်တို့ လုပ်ပေးလိုက်ကြ တာတေ ”
” ဟာ စိတ်ချပါ မဖဲဝါ။ ကျုပ်တို့ ကိုတိမ်ညွန့် ကြီးကို ကျွတ်အောင်လွတ်အောင် လုပ်ပေးလိုက်ပါ့မယ်ဗျာ။ ”
မဖဲဝါထွက်သွားလို့ သတိလစ်နေတဲ့ ဒေါ်စိန်ကို မနဲ နှာနှပ်ယူ
ရတယ်ဗျို့၊ မဖဲဝါ၀င်ထားတဲ့ အချိန် နဲနဲ ကြာသွားတာကိုးဗျ။
ကျုပ်တို့ရန်ကုန် ထောင်ကြီးထဲကို ပြန်ရောက်တော့ ဦးအောင်စိန်က ထောင်ပိုင်ကြီးနဲ့ တွေ့တယ်၊ အကျိုးအကြောင်းတွေ ပြော
ပြပြီး နောက်နှစ်ရက် အကြာမှာ ဘုန်းကြီးတွေ ပင့်တယ်။
ထောင်ထဲက လူအကုန် မုန့်ဟင်းခါး ကျွေးပြီး ကိုတိမ်ညွန့်
အတွက် ဒါန လုပ်ပေးတယ်။ ပြီးတော့ မဖဲဝါပြောတဲ့ အတိုင်း
ကြိုးကိုရှာရတယ်။ တွေ့တာပေါ့ဗျာ။ သံချေးတွေ တက်နေတဲ့
သံပိုက်လုံးကြီးထဲက ကိုတိမ်ညွန့်ကို သတ်ခဲ့တဲ့ ကြိုးကို

ထုတ်ယူပြီးရန်ကုန် ထောင်ပိုင်ကြိးကိုယ်တိုင် မီးရှို့ဖျက်စီးတယ်
” ပေါရိသာရ မှော်အောင်ထားတဲ့ သူရဲကောင်း ကြီး ဦးတိမ်ညွန့် သင် သွားလိုရာကို သွားနိုင်ပြီ။ သင့်အတွက် ရည်စူးပြီး
ပြုလုပ်သမျှ ကုသိုလ် ကောင်းမှု အဖို့ဘာဂကို ကျုပ်ထောင်ပိုင်
ြုကီးက သင့်အားအမျှပေးဝေပါတယ်။ ဦးတိမ်ညွန့် သာဓုခေါ်
ပါဗျာ။ အမျှ အမျှ အမျှ ဦးတိမ်ညွန့် ရေ—- ကောင်းရာဘုံဘ၀
ကို ရောက်ပါစေဗျာ ”
အဲ့ဒီ့ညကတည်းက ထောင်ကြီးတစ်ခုလုံး ငြိမ်သွားတာပါပဲဗျာ။
ကျုပ်လည်း ညဘက်မှာမျက်ကွင်းဆေး ကွင်းပြီး ထောင်ကြီး
ရဲ့ အုတ်ရိုးပေါ်ကို လိုက်ကြည့်တာဘာမှ မတွေ့တော့ဘူးဗျ။
ကိစ္စတွေ အားလုံးပြီးတော့ ဦးအောင်စိန် ကိုယ်တိုင်ကျုပ်ကို
ရွာအရောက်ပြန်ပို့ပေးတယ်။ ထောင်ပိုင်ကြီးကလည်းကျုပ်ကို
လက်ဆောင်တွေ ပေးလိုက်တာမှ မနည်းပါဘူးဗျာ။အဲထူးဆန်း
တာ တစ်ခု ပြောရဦးမယ်။ ရန်ကုန်ထောင်ကြီး ပိတ်တော့မယ့်
ကိစ္စကို မဖဲဝါပြောမှ ထောင်ပိုင်ကြီးရော ထောင်မှူးတွေရော
သိကြတာတဲ့ဗျို့။ သူတို့ လုံး၀မသိဘူးဆိုပဲ။ နောက်တော့
ရန်ကုန်ထောင်ကြီး တကယ်ပိတ်သွားတာပါပဲဗျာ–

ပြီးပါပြီ။

Leave a Comment