ဦးဖိုးဝေ နှင့် ကသိုဏ်း

” ဦးဖိုးဝေ နှင့် ကသိုဏ်း ”
ရေးသားသူ— မောင်တင်ဆန်း
+++++++++++

*အခန်း(၁)

သစ်ရိပ် သစ်ခက်များ နှင့် မြက်ပင် ရှည်များလှုပ်ရှားနေသော နေရာတွင် မောင်ဖိုးဝေ တင်ပလ္လင်ခွေထိုင်နေသည် ၊ ထို့နောက် လေတိုက်၍ မြက်ပင် အဖျားလေးများလှုပ်ရှားနေသည်ကို စူးစိုက်ကြည့်ကာ လေ လေဟု မှတ်နေသည် ထိုသည်က လေကသိုဏ်း တနည်း ဝါယော ကသိုဏ်း ရှူနည်းဖြစ်၏၊
မောင်ဖိုး‌ဝေ သည် ဆရာတော်ပေးသော နည်းအတိုင်း သူ၏ ရှေ့တွင် ရှိနေသော မြက်ပင်လေးများလေတိုက်၍ ယိမ်းနွဲ့နေသည်ကို ကြည့်ကာ လေ‌ လေ ဟု မှတ် နေရာ လပေါင်းအတော်ကြာပြီသည် ။သမာဓိ အစကတည်းက ကောင်းပြီးသားဖြစ်နေသော မောင်ဖိုးဝေသည် ပြောစရာမရှိအောင်ကို တိုးတက်နေပြီဖြစ်သည် ။လေ လေ ဟုမှတ်ရသော ကသိုဏ်း၏ အစွမ်းသည်က စိတ်စွမ်းအင်ကို အကောင်းဆုံးအထောက် အကူပြုလေသည်။ သူသည် ဝါယော ကသိုဏ်း (ဝါ) လေကသိုဏ်း ကို နှစ်လကျော်မျှ ကောင်းမွန်စွာ ရှု့မှတ်ပြီး၍ ခေတ္တနားနေချိန် ဆရာတော်‌သည် သူ၏ရှေ့သို့ ရောက်လာလေသည် ။ ထို့နောက် ဆရာတော်သည် မောင်ဖိုးဝေအား ကြည့်ကာ မိန့်တော် မူလာ၏။
“ဒကာလေး ဝါယောကသိုဏ်း ပြည့်စုံရင် ပထဝိ ကသိုဏ်း မြေကသိုဏ်း ကျင့်ကြံပါ ”
“မှန်ပါ့ဘုရား နည်းပေးတော် မူပါ ”
“အခု ဒကာလေးက ဝါယော ကသိုဏ်း ကျင့် ကြံ ပြီးပြီဆို‌တော့ အခုနောက် ထပ် ပထဝိကသိုဏ်း မြေကသိုဏ်း ကျင့်ကြံ ရလိမ့်မယ် ”
“တင်ပါ့ ဘုရား တပည့်တော် ကြိုးစားပါမယ် ”
” အခု ဝါယောကသိုဏ် ကျင့်ကြံပြီးတော့ ဒကာလေးစိတ်ထဲ ဘယ်လိုနေလဲ ‌လျှောက်တင်ပါဦး”
“တပည့်တော် ရဲ့ စိတ်က တည်ငြိမ်နေပြီး တောင်အောက်ကို ရောက်ချင်တယ် လို့ စိတ်ညွှတ်လိုက်က တောင်အောက်ကို တပည့်တော်ရဲ့ ခန္ဓာကိုယ်က လေရဲ့ အလျင်လို ရောက်ရှိသွားပါတယ် ဘုရား”
ဆရာတော်သည် မောင်ဖိုးဝေ၏ စကားကို ပြုံးကာနားထောင်နေပြီး ခေါင်းကို ဖြည်းညင်းစွာညိတ်လိုက်ကာ
“အင်း ဒကာလေးရဲ့ စရဏ အားက အတော်ကို အားကောင်းတာပဲ ဘုန်းကြီးတို့များ အခု ကသိုဏ်းကျင့်စဉ်ကို နှစ်အတော်ကြာအောင် ကျင့်ရတယ် အဲ့လို ပါရမီ အားနည်း လို့ထင်ပါရဲ့ လိုချင်တာ မပြည့်နိုင်သေးဘူး ဒကာလေး”
ဆရာတော်သည် သူ၏ အကျင့်တရားကို အားမရဟန်ဖြစ် မိန့်ဆိုလေသည် ။ထိုအခါ မောင်ဖိုးဝေသည် ဆရာတော်အား လက်အုပ်ချီပြီးသာ နေ နေရ၏။ထို့နောက် ဆရာတော်သည် သက်ပြင်းတချက်ကြိမ် ချလိုက်ကာ
“ကဲ ကဲ ဒကာလေး ကျန်‌တာတွေး ခေါင်းထဲ ထည့်မနေနဲ့ အခု ပထဝီကသိုဏ်း ရှု့ပေတော့ ဘုန်းကြီး ဒကာလေးရဲ့ ကျောင်းထဲမှာ ပထဝီကသိုဏ်းချပ်ကို ထားခဲ့တယ် သွားယူပြီး သင့်တင့်တဲ့နေရာ မှာ ကျင့်ကြံပါ ကသိုဏ်း ၁၀မျိုးရှိတယ် အဲ့အထဲက ‌ပထဝီ ကသိုဏ်း၊ဝါယောကသိုဏ်း နဲ့ တေဇော ကသိုဏ်းသာ ကျင့်ကြံပါ ဒကာလေးက သမာဓိကောင်းစွာတည် ထားသူမို့ မခက်ခဲပါဘူး သိုပေမဲ့ မတူတဲ့ သဘောတရားတွေကို သိနိုင်အောင် လို့ ကြိုးစားပြီး ကျင့်ကြံပါ ”
“မှန်ပါ့ဘုရား။တပည့်တော် ကြိုးစားပါ့မယ် ဘုရား ”
“သာဓု သာဓု သာဓု ”
ဆရာတော်သည် မောင်ဖိုးဝေမှ ဦးချကန်တော့ ပြီးသောအခါ သာဓုခေါ် ပြီး ဆုပေးကာ တရားကျင့်ကြံရန် ကြွချီသွားလေ၏ ။ မောင်ဖိုးဝေသည် လည်း ဝါယောကသိုဏ်း ရှုနေရာ မှ ထလိုက်ပြီး ဆရာတော် ပေးထားသော ပထဝီကသိုဏ်း ချပ်အား ယူရန် သူ၏ ကျောင်းဆောင်ဆီသို့ ထွက်ခွာ သွားပါလေတော့သည် ။

*အခန်း(၂)

မောင်ဖိုးဝေသည် တထွာခန့် မြေနီနုန်း စေးစေး ဖြင့်ပြုလုပ်ထားသော ပထဝီကသိုဏ်း ချပ်ကို ယူလိုက်သည်။ထို့နောက် မောင်ဖိုးဝေသည် ထို ပထဝီ ကသိုဏ်းချပ်ကို သစ်ပင် ကျွန်းပင် တပင်၏ ပင်စီမှာ ကပ်လိုက်ပြီး သူသည်လည်း ထိုအပင်နှင့် လက်တလံမျှ တွင် ထိုင်လိုက်ကာ ထို ‌မြေနုန်း ကသိုဏ်းချပ်ကို ကြည့်၍ မြေ မြေ တနည်း ပထဝီ ကသီဏ ကို စိတ်ထဲတွင် မှတ်ရှုနေလေသည်။ မောင်ဖိုးဝေသည် မြေကသိုဏ်း အား နာရီ ပိုင်းမျှသာ ရှုနေစဉ် သူ၏ မျက်လုံးထဲတွင် မဟာ ပထဝီ မြေကြီးများအား နေရာ အနှံ့တွေ့လာရသည်။တချို့သော မြေကြီးများက လှိုင်းတပိုးများပမာ တွန့်လိပ်လာကာ နိမိတ်များအား စတင် သိမြင်လာရပါသည်။
ထို့နောက် မောင်ဖိုးဝေသည် မြေကသိုဏ်း၏ နမိတ်တို့သည်က ကျင့်ကြံခဲ့ဖူးသော သမထ တို့၏ အထောက်အကူ‌ကြောင့် များစွာသော နိမိတ်တို့ကို ရ၍ လျင်မြန်စွာ မြေကသိုဏ်း ဈာန်အချို့ကို ရရှိလာ၏။ထို့နောက် မြေကသိုဏ်းအား ဆယ် ရက်မျှသာ ကျင့်ပြီး ချိန်တွင် ဆရာတော်သည် သူ၏ မြေကသိုဏ်းကျင့်ရာ နေရာသိူ့ ကြွချီလာပြန်၏။ထို့နောက် တင်ပလ္လင်ခွေ ထိုင်နေသော မောင်ဖိုးဝေအား ဆရာတော်သည် မတ်တတ်ရပ်တော်မူလျက်သာ မိန့်ဆိုလေသည်။
“ဒကာလေး ဖိုးဝေ ပထဝီကသိုဏ်း က ဒကာလေး အတွက် ပြည့်စုံပြီ ထင်တယ် ”
“တပည့်တော်လည်း တပ်အပ်မပြောနိုင်ပါဘူးဘုရား များစွာသော နမိတ် နှင့် ဈာန်တွေတော့ ပေါ်လာပါတယ် ”
“အင်း သမထ ကျင့်ကြံတာ အထိုက်အလျောက် အောင်မြင်ထားသူအဖို့ ကသိုဏ်း ကျင့်စဥ်တွေက မြန်မပေါ့ ကဲ လျောက်တင်ပါဦးကွဲ့ ဘယ်လို နမိတ်တွေ ပေါ်တယ်ဆိုတာ ”
“မှန်ပါ့ တပည့်တော် မြေနီနုန်းမြေ စေး ကသိုဏ်ချပ်ကို မြေ မြေ ဟု မှတ်နေတဲ့ အချိန် မှာ တပည့်တော် ထုထည်ကြီးမားတဲ့ မြေထုတွေ တွေကို မြင်လာရပါတယ် နောက်ပြီး လှိုင်းတံပိုး လို လိပ်တက်နေတဲ့ မြေစိုင်တွေကို လည်း မြင်လာရပါတယ် ဘုရား ”
“ကဲ အဲ့တာဆို ဒကာလေး နောက်ဆုံး တေဇောကသိုဏ်း အရပ်ခေါ် မီးကသိုဏ်း ကို ဆက်မှတ်ပါ ကသိုဏ်းက ဆယ်ပါးရှိတယ် ဒါပေမဲ့ ဒကာလေးအတွက် အခု သုံးပါးပဲ လုံလောက်ပါပြီ”
“တင်ပါ့ ဘုရား”
“မီးကသိုဏ်းဆိုတာက မီးတောက် ဒါမှမဟုတ် မီးကျီခဲကို ရှေ့မှာ ဆန်ကော ဒါမှ မဟုတ် တခြား အကာအရံတခုခုနဲ့ မီးတောက်ကို သာမြင်အောင် အပေါက်ဖောက် ပြီး ကာထားပါ ပြီးတော့မှ မီး‌ေတာက်ကို ကြည့်ပါ ကြည့်ပြီး စိတ်ထဲမှာ မီး မီး လို့မှတ်ပေတော့ မီးတောက်က ကုန်သွားတဲ့ အခါ မျက်လုံးကို လည်းဖြည်းညင်းစွာ လိုက်ပြီးမှိတ်ပါ ဒကာလေး ”
“မှန်ပါ့ဘုရား တပည့်တော် ကျင့်ကြံပါ့မယ် ”
ထို့နောက် မောင်ဖိုးဝေသည် ဆရာတော်အား ဦးချရှိခိုးလိုက်၏။မောင်ဖိုးဝေ ရှိခိုးဦးချပြီးသော အခါ ဆရာတော်သည် မောင်ဖိုးဝေအား ဆုပေးကာ သူတရားကျင့်သည်နေ‌ရာသို့ ပြန်ကြွချီသွားပါတော့ သည် ။

*အခန်း(၃)

မီးကသိုဏ်းသည်က ကျင့်ကြံမှု နည်းမကျက မျက်လုံးကွယ်နိုင်သည်။တောက်လောင်နေသော မီးတောက် သို့မဟုတ် ရဲရဲ နီနေသော မီးကျီခဲအား မီး မီး ဟု ကြည့်ရချင်းဖြစ်သည်။ မီးကို ကြည့်ရာ၌ ထိုင်နေသည် နေရာနှင့် အပူ မဟပ်နိုင်သော နေရာတွင် မီးတောက် သို့အဟုတ် မီးကျည်ခဲအား ထားရသည်။ပြီးနောက် မီးတောက် မီးခဲ အား မြင်နိုင်ရုံ ဆန်ကော သို့တည်း မဟုတ် တခြား အကာအကွယ် တခုခုအား အပေါက်ဖောက်၍ ရှေ့တွင် ကာ ကာ မီးမီး ဟု မှတ်ရချင်းကို မီးကသိုဏ်း ဟု ခေါ်သည် ။ယခုမောင်ဖိုးဝေသည် ဆရာတော် ပေးသည့် ကသိုဏ်း ရှု နည်းအတိုင် ကောင်းစွာ မှတ် ရှူ နေလေသည် ။ ထိုသို့ ရှူမှတ်သော အခါ မီး‌တောက်သည် တောက်လောင်နေရာ မှာ ငြိမ်နေသလို ထင်လာ၏ ထို့‌နောက် ပတ်ဝန်းကျင်တခု လုံးတွင် မီးတောက်များ ဖုံးနေသကဲ့ သို့ တချို့သော နမိတ်များ ထင်ရှားလာပြီး ပထဝီ ကသိုဏ်းမှ ဈန် အတိုင်း ရရှိလေ၏ ။ ဤ သို့ဖြင့် မောင်ဖိုးဝေသည် ၁၅ ရက်မျှ မီး ကသိုဏ်းရှု့ပြီး နမိတ် နှင့် ဈာန်တို့ ကို ရရှ်ိလာ‌၏။ထိုအခါ မှ ဆရာတော်သည်လည်း မောင်ဖိုးဝေ ဆွမ်းပြင်ပေးနေသည့်အချိန် ဆွမ်းစား ရန် စောင့်နေရင်း မောင်ဖိုးဝေ အနားရောက်လာကာ မိန့်မှာစကားဆိုလေ၏။
“ဒကာလေး တေဇော ကသိုဏ်း ရှုမှတ်တာ ဘယ်အတိုင်းအတာ ထိ အောင်မြင်ပြီလဲ ”
ဆရာတော်မှ မေးသော အခါ မောင်ဖိုးဝေသည် သူကြုံတွေ့ခဲ့ရသော နိမိတ် နှင့် ဈာန် တို့အား ပြောပြရာ ဆရာတော်သည် ပြုံး လိုက်ပြီး
“ကသိုဏ်း ကျင့်တာက ပြီး ပြီ ဒကာလေး နောက် နှစ်အနည်းငယ် ဆိုရင် စေတန်ခိုး ရမယ် ထင်ရဲ့ ”
“တင်ပါ့ ဘုရား တပည့်တော် ကြိုးစားနေပါတယ် ”
“ကသိုဏ်းက အမှန်တော့ ဆယ်ပါးရှိတယ် ဒကာလေး ကျန်တဲ့ ကသိုဏ်းတွေက ပထဝီကသိုဏ်း = မြေအဝန်း၊
အာပေါကသိုဏ်း = ရေအဝန်း၊ တေဇောကသိုဏ်း = မီးအဝန်း၊ဝါယောကသိုဏ်း = လေအဝန်း၊ နီလကသိုဏ်း = အညိုရောင်အဆင်းကသိုဏ်း၊ ပီတကသိုဏ်း = ရွှေရောင်အဆင်းကသိုဏ်း၊ လောဟိတကသိုဏ်း = အနီရောင်အဆင်းကသိုဏ်း၊ ဩဒါတကသိုဏ်း = အဖြူရောင်အဆင်းကသိုဏ်း၊ အာကာသကသိုဏ်း = ကောင်းကင်ဟင်းလင်းပြင်ကသိုဏ်း၊ အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း ဆိုပြီး ရှိတယ် ဒကာလေး ”
“တပည့်တော် မှတ်သားထားပါမယ် ဘုရား ”
ထို့နောက် ဆရာတော်သည် ဆွမ်း ဘုဥ်းပေး နေသည်။ထိုစဉ် သူတို့၏ ကျောင်းသင်္ခန်း ရှိရာ တောင်ပေါ်သို့ လူနှစ်‌ယောက် ကြောက်ရွံ့နေသော ဟန် ဖြင့်တက်လာပြီး ဆွမ်း ဘုဥ်းပေးနေသော ဆရာတော်၏ မလှမ်း မကမ်း တွင် ထိုင်လိုက်ပြီး လက်အုပ်ချီ လိုက်ကြကာ
“အရှင် ဘုရား တပည်တော် တို့ကို ကယ်ပါဦးဘုရား အရှင်ဘုရားက လောကီ ကိစ္စတွေ မှာ ဝင်မပါတော့ဘူး ဆိုတာ သိပေမဲ့ ဆရာတော် ကယ်ပေးမှ ရမှာမို့ပါ ”
“ဆရာတော်သည် ဆွမ်းဘုဥ်းပေးနေတာကို ရပ်လိုက်ကာ ”
“ဘုန်းကြီးကတော့ လောကီကိစ္စတွေ မှာ ဝင်မပါတော့ပါဘူး ဒါပေမဲ့ ဒကာကြီးတို့ ကံကောင်းတယ် ဟော့ဒီက မောင်ကျောင်းသား လေးကို ခေါ်သွားကွဲ့”
လူကြီး နှစ်ယောက် သည် မလှမ်းမကမ်း တွင် ရှိနေသော မောင်ဖိုးဝေကို သေချာကြည့်လိုက်သည်။သူတို့၏ မျက်ဝန်းများတွင်တော့ လူပျိုပေါက် တောင် မဖြစ်သေးသော ကလေးသာသာ မောင်ဖိုးဝေအား ယုံကြည်‌ပုံမပေါ်ပေ။ဆရာတော်သည် ထိုလူကြီး နှစ်‌ယောက် ၏ စိတ်ကို သိနေသည့်အလား မိန့်တော်မူလေသည် ။
“ဒကာကြီးတို့ ဘာမှ သံသရ မဖြစ်ကြနဲ့တော့ ‌ဒီ ဒကာလေးက ဘုန်းကြီးဆီ မရောက်ခင်ကတည်းက ဒကာလေး မောင်ဖိုးဝေက အထက်လမ်းဆရာဖြစ်နေပါပြီ ဘုန်းကြီးကို ယုံကြည်သလို ဒကာလေးကို ‌လည်း ယုံကြည်ပေးစေချင်ပါတယ် ဒကာကြီးတို့ ”
ဆရာတော်၏ မိန့်မှာ စကားကြောင့် လူကြီး နှစ်ဦးမှ ဆရာတော်အား ထပ်ပြီး ဦးချ လိုက်ကာ
“တင်ပါ့ ဘုရား။တပည်တော်တို့ ယုံကြည်ပါတယ် အဲ့တာဆို တပည်တော်တို့ ဆရာလေးကို ပင့်သွားပါရစေ ”
“ကောင်းပြီ ဒကာကြီးတို့ ကောင်းသော ကြံဆောင်ခြင်းမှန်သမျှ အောင်မြင်ပါစေ”
“ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ ဘုရား ‘,
လူကြီး နှစ်ယောက်သည် ဆရာတော်အား ဦးချ ရှိခိုးပြီးလျှင် မောင်ဖိုးဝအား ပင့်ဆောင်လိုက်ကြပါလေတော့သည်။

*အခန်း(၄)

မောင်ဖိုးဝေသည် သူ့အားခေါ်သွားသော လူကြီး နှစ်ယောက်နောက် လိုက်ပါပြီးတောင်အောက်သို့ ဆင်းသွားနေသည်။ ထို့နောက် လူကြီး နှစ်ယောက်အနက် တ‌ယောက်သော လူကြီးသည် မောင်ဖိုးဝေအား ပြုံးပြလိုက်ပြီး စကားဆိုလာ၏။
“ဆရာလေး အလောတကြီး ဖြစ်နေတာနဲ့ ကျုပ်တို့နာမည် နဲ့ ရွာ‌တောင် မပြောပြရသေးဘူး ဆရာတော်က‌တော့ သိပါတယ် ဆရာတော် ဒီကို ရောက်စက အခုလို ကိစ္စတွေ ဖြစ်လို့ ပင့်ရင် ကြွပေးသေးတယ် နောက်တော့ လောကီ ကိစ္စတွေကို ဝင်မပါချင် တော့ဘူးဆို ပြီး မကြွ‌တော့ ဘူး အခု ကလည်း တခြား ဆရာတွေကိုပင့်ပေမဲ့ အကြောင်း မထူးတာကြောင့် ဆရာတော်ကို လာပင့်တာပါ ကျုပ်နာမည်က ကိုသောင်းပါ ‌ဟိုဘက်ကတော့ လှမြိုင် လို့ခေါ်ပါတယ် ကျူပ်တို့ ရွာ နာမည်က တာဘိုး ရွာပါ ”
ကိုသောင်း‌ဆိုသော လူကြီးသည် မောင်ဖိုးဝေအား ဆရာတော် အကြောင်း နှင့် သူနှင့် အတူ ပါလာသော လူနာမည်ကို ပါ မိတ်ဆက်ပြီး ခရီး ဆက်နေသည်။ ထို့နောက် မောင်ဖိုးဝေသည် ကို သောင်းဆိုသော သူကြီးအား လမ်းယှဉ် လျှောက်ရင်း ငဲ့စောင်း ကြည့်လိုက်ကာ
“ဦးကြီး ဘာဖြစ်တယ် ဆိုတာ ကျုပ်ကို ပြောပြလို့ ရမလားဗျ ”
“ရပါတယ် ကျုပ် ရဲ့တူတော်မောင်ပေါ့ ဗျာ တောထဲ သွားပြီး ဘာအမှား ကျူးလွန် လိုက်တယ် မသိဘူး မျက်ဖြူ စိုက်စိုက် နေတာ အခု ဆို လေးရက်ရှိပြီ ကြာရင် ကျုပ်အထင် အသက်ပါ ပါတော့မယ် ထင်တယ် တချို့ အထက်လမ်းဆရာတွေပြောတာတော့ တောင်ပိုင် ရဲ့ ဒေါသ မို့ သူတို့ လည်း မနိုင်ဘူးပြောပါတယ် ”
မောင်ဖိုးဝေသည် ဦးသောင်းပြောသော စကားကို ခေတ္တ တွေးလိုက်ပြီး
“အဲ့တာဆိုလည်း ဦးကြီးတို့ ရှေ့က သွား နှင့်ပါ ကျုပ် နောက်က လိုက်ခဲ့မယ် ”
“ဆရာလေး ကျုပ်တို့ တာဘိုးရွာက နေ့တဝက်လောက် လမ်းလျှောက်ရပါတယ် ကျုပ်တို့တောင် မနက် အာရုံ တက်ကတည်းက လမ်းလျှောက်လာတာ အစောကမှ ဆရာလေးတို့ ဆီ ရောက်တာ မဟုတ်လား ရွာကို သွားတဲ့ လမ်းက ရှုပ်တော့ တခါတည်းပဲ လိုက်ခဲ့ပါလား ဆရာလေး’
“ကျုပ်လုပ်စရာလေးရှိလို့ပါ ပြီးမှ လိုက်ခဲ့ပါမယ် ”
မောင်ဖိုးဝေ၏ ပြောစကားကြောင့် ကိုလှမြိုင်နှင့် ဦးသောင်း ဘဝင် မကျပေမဲ့ သူတို့က လာပင့်သူများမို့ ထပ်ပြီး အတိုက်အခံ မပြုလုပ်တော့ ပဲ မကြည်မသာ နှင့် ‌မောင်ဖိုးဝေကို ချန်ခဲ့ကာ အပြန် ခရီးဆက်လိုက်ကြပါလေတော့သည်။

*အခန်း(၅)

မောင်ဖိုးဝေသည် ကျွန်းပင် အရိပ်အောက်တွင် တင်ပလ္လင်ခွေ ထိုင်နေလေသည်။ထို့နောက် မျက်စိကို မှိတ် ထာပြီး ဦးသောင်းပြောသော တာဘိုးရွာ နှင့် မျက်ဖြူလန် လန် နေသော လူငယ်ထံ စိတ်အာရုံ ပို့ လိုက်ရာ တာဘိုးရွာ နှင့် ဝေဒနာ ခံစားနေရသော လူငယ်၏ အိမ်ကို ရှင်းလင်းစွာတွေ့ လာရသည်။ထို့နောက် မောင်ဖိုးဝေသည် သူ၏ စိတ်အာရုံကို ရွာအဝင် ဇရပ်တွင် ပို့လိုက်၏ ထိုအခါ ကျွန်းပင်အောက်တွင် ထိုင်နေသော မောင်ဖိုးဝေ၏ ကိုယ်ခန္ဓာ သည် လေမျောနေသော အခိုး‌အငွေ့များ သဏ္ဍန်ဖြစ်ပေါ်လာပြီး တဖြည်းဖြည်း ချင်း လွင့်မျော ပျောက်ကွယ်ကွာ တာဘိုးရွာ အဝင် ဇရပ်တွင် အခိုးအငွေ့များမှ မောင်ဖိုးဝေ၏ ရုပ်သဏ္ဍန်က တဖြည်းဖြည်း ပီပြင်လာပြီး တာဘိုးရွာထဲသို့ ဝင်သွားတော့သည်။ထို့‌နောက် ဝေဒနာ ခံစားနေရသော လူငယ်၏ အိမ်ရှေ့တွင် ရပ်လိုက်ပြီး
“အိမ်ရှင်တို့ အိမ်ရှင်တို့ ”
“ဘယ်သူလဲ ကွဲ့ ဝင်ခဲ့ပါကွယ် ”
မောင်ဖိုးဝေသည် အိမ်ထဲမှ ခွင့်ပြုပေးလိုက်သည့် အသံကြောင့်အိမ်ထဲ ဝင်လိုက်သည် ၊ အိမ်လေးသည် သာမာန် အိမ်ငယ်လေး တလုံးဖြစ်ပြီး အိမ်ထဲ‌တွင်တော့ မည်သည့် အဆောင်ပရိဘောဂမျှ ရှိမနေပါ ၊ သက်ကယ်မိုး ကြမ်းခင်းအိမ်လေးပေါ်သို့ တက်ရသော ‌သုံးထစ်မျှပါသော အိမ်လေး၏ လှေကားမှ တဆင့် မောင်ဖိုးဝေ အိမ်လေးပေါ် ရောက်ချိန် အိမ်ခေါင်းရင်းခန်းတွင် လဲလျောင်းနေသော လူငယ်အား တွေ့လိုက်ရသည် ၊ လူငယ်၏။ဘေးတွင် တော့ ရပ်မိရပ်ဖ ဖြစ်ဟန်ရှိသော လူကြီးလေးငါးယောက် ပါရှိနေ၏ ထို့နောက် လူငယ်၏ မိခင် ဖြစ်ဟန်တူသော အမျိုးသမီးကြီးသည် မောင်ဖိုးဝေကို ကြည့်ကာ
“ကလေး ဘာကိစ္စရှိလို့ လဲကွဲ့ ”
“ဒီရွာက ဦးသောင်း နဲ့ ဦးလှမြိုင်က ကျုပ်ကို ခေါ်ထားလို့ပါ ”
“အရီးမောင် နာမည်က ကိုသောင်းပါ သူက မဟာမြိုင်တောထဲက ဆရာတော်ကြီး သွားပင့်နေတာပါ အမြန်ဆုံးရောက် ညနေမိုးချုပ်ပေါ့ ”
“ကျုပ်ကို ခေါ်ထားလို့ ကျုပ်လာရတာပါ လူနာကို ကြည့်ခွင့်ပေးနိုင်မလား အရီး ”
လူနာ၏ မိခင်ကြီးသည် မောင်ဖိုးဝေကို တလှည့် သူ၏ သားဘေး‌တွင် ထိုင်နေသော ရွာမှ ရပ်မိရပ်ဖများကို တလှည့်ကြည့်ကာ နေလေ၏။ ထိုအချိန် ရပ်မိရပ်ဖထဲမှ လူကြီးတယောက်သည် လူနာ၏ မိခင်ကိုကြည့်ကာ
“ကဲ မပျိုရီ ဒီတိုင်းနေလို့လည်း ဘာမှ ထူးမှာမှ မဟုတ်တာ သမားဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး ကျုပ်တို့ လည်းရှိနေတာ ဆိုတော့ ပြလိုက်ပါ ဗျာ ”
“အင်း ရွာလူကြီးက ပြဆို‌တော့လည်း ကျမသားလေးကို ပြကြည့်ရတာပေါ့ ”
ထို့‌နောက် ဒေါ်ပျိုရီသည် မောင်ဖိုးဝေအား သားဖြစ်သူကို ကြည့်ပေးရန် တောင်းဆို လိုက်လေ၏
“ငါ့တူ ကြည့်တတ်ရင် ကြည့်ပေးပါဦးကွယ် အရီးသားလေးကို အပ်ပါတယ် ”
ထိုအခါ မောင်ဖိုးဝေသည် ခေါင်းညိတ်ပြီး အသိအမှတ် ပြုလိုက်ကာ ရပ်မိရပ်ဖများနှင့် မျက်နှာချင်းဆိုင် လူနာ၏ ဘေးတွင် ထိုင်လိုက်ကာ ဘုရားစင်ကို လက်အုပ်ချီပြီး ပါးစပ်မှ ဘုရားဂုဏ်တော်ကို တိုးတိုးရွတ်ဆိုလိုက်ပြီးနောက် ကြမ်းပြင်ကို လက်နှင့် တချက် ပုတ်လိုက်လေရာ ရပ်မိ ရပ်ဖများ အနည်းငယ် လန့်သွားသလို လူနာသည်လည်း ချက် ချင်း တင်ပလ္လ ချိတ်ထိုင်နေလေသည်။လူနာသည် တပလ္လ ချိတ် ထိုင်နေရင်းမှ မောင်ဖိုးဝေကို ကြည့်ကာ
“ဟဲ့ ‌ဆရာပေါက်စ ငါ့လို တောင်ပိုင်ကို များ သင်းက ခေါ်ဝံ့တယ်လား”
“တောင်ပိုင်ဆိုရင်လည်း ကျုပ်ဖိုးဝေက မေတ္တာ ရပ်ခံချင်ပါတယ် ဒီ စနေသားရဲ့ အမှားကိုလည်း တောင်းပန်ခိုင်းလိုက်ပါမယ် မေတ္တာရှေ့ထားပြီး ခွှင့်လွှတ်လိုက်ပါ ”
“ဟားးးဟားးး တယ်လည်း ဆရာပုံစံ ဖမ်းတဲ့ ကောင်လေးပဲ မင်းကို ငါသိတာပေါ့ မင်းက သစ်ခေါင်းပေါက်ဖိုးဝေ မဟုတ်လား မင်းပိုင် တဲ့ အရာတွေနဲ့ ငါ့ကို ထိခိုက်အောင်လုပ်နိုင်မယ် ထင်လား ”
“တောင်ပိုင် ကျုပ် ယခု စနေသား ကိုယ်စား ကျုပ်တောင်းပန်ပါတယ် သူမည်သို့သောမလေး မခန့်မှုကို ပြု လုပ်လို့ တောင်ပိုင် ဒီလောက်ထိ ညှုင်းပန်းနေရတာပါလဲ ”
“ဘယ်လို လုပ်ရမှာလဲ ဒီကောင်က ငါ့တောထဲ ထင်းလာခုတ်ပြီး သူစားဦး စားဖျားငါ့ကို မကျွေးပဲ သူနဲ့ တူတူ ပါတဲ့ ခွေးကိုပဲ ကျွေးတယ် ဒီကောင် ငါ့ကို မလေးမခန့်လုပ်တာ ဒီကောင်ကို အသေသတ်မဲ့ သူ့နဲ့ တူတူ ပါတဲ့ ခွေးတော့ ငါသတ်လိုက်ပြီ”
မောင်ဖိုးဝေသည် တောင်ပိုင်၏ ပြောစကား ကြားသောအခါ ဒေါသ ထွက်မိသည် ၊ထို့နောက် တောင်ပိုင် ဝင်ပူးနေသော လူနာကို သေချာကြည့်ကာ
“ဪ ဒါဆို စနေသားက အပြစ် မလုပ်ဖူးပဲ သင်ကသာ တောင်ပိုင် ဖြစ်ပြီး အတ္တမာနတွေ များနေတာကိုး သူယူခဲ့ တဲ့ ထမင်း သူစားမပေါ့ နောက်ပြီး သူမွေးထားတဲ့ ခွေးကို ကျွေးမပေါ့ သင်က သူအတွက် ဘာအကျိုးကျေးဇူးပြုခဲ့ လို့ သင့်ကို ‌စားဦစားဖျား ကျွေးရမှာလဲ သင်တို့ လို အတ္တမာန လွန်ကဲ တဲ့ သူတွေကြောင့် ရွာသားတွေ ဒုက္ခ ရောက်ပေါင်းများပြီ သင် စနေသား မွေးထားတဲ့ ခွေး ကို ဘယ်လို သတ်လိုက်တာလဲ ”
“ဟားးဟားး ငါတောမီးထဲကို ထည့်လိုက်တယ်ကွ ”
“ဪ ရက်စက် လိုက်တဲ့ တောင်ပိုင် သင့်ကြောင့် နာကျင်ခံစားရတဲ့သူတွေရဲ့ နာကျင်မှုကို သင်ခံစားကြည့်စမ်း ”
မောင်ဖိုးဝေသည် တောင်ပိုင် ဝင်ပူးနေသော လူနာ ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ သူ၏ စိတ်ထဲမှ နေ၍ တောင်ပိုင်ကို အာရုံပြုလို့ တေဇောဓတ် များ ထုတ်ပေးလိုက်လေသည် ။ထိုအခါ လူနာသည် ချွေးသီးချွေးပေါက်များကျလာသလို ‌ဝင်ပူးနေသော တောင်ပိုင်သည် လည်းငယ်သံပါအောင် အော်ဟစ်နေလေသည် ။
“ပူတယ် ငါပူတယ် ငါ့ကို လွှတ်”
“ဟဲ့ တောင်ပိုင် နင့်အဆင့်က သရဲ သဘက် အဆင့်ဟဲ့ နင်နေတာ ကြာနေလို့ တောင်မှာ တောင်ပိုင်လို့ သမုတ်ကြတာကို နင်က မာနကြီးနေတယ်ပေါ့ နင်ကြောင့် သေခဲ့ရတဲ့ သတ္တဝါတွေရဲ့ နာကျင်ခဲ့ရတာတွေကို နင်တလှည့် ပြန်ခံစားကြည့်စမ်း”
မောင်ဖိုးဝေ၏ စကားဆုံးသောအခါ တောင်ပိုင်ဝင်ပူးနေသော လူနာသည် တုန်ယင်နေပြီး မောင်ဖိုးဝေအား လက်အုပ်ချီကာ တောင်းပန်လေတော့သည်။
“ဆ ဆရာလေး ကျုပ် ကျုပ်တောင်းပန်ပါတယ် ကျုပ်ကို မီးမတိုက် ပါတော့နော် ”
“နင်ပြောတော့ သစ်ခေါင်းပေါက် ဖိုးဝေ ပိုင်တဲ့ အရာတွေ ကို ခံနိုင်တယ်ဆို ”
“ကျုပ် ဆရာလေးရဲ့ ကသိုဏ်း အစွမ်းတွေကို မသိလို့ပါ ”
“ကဲ သင် ထပ်မိုက်ဦးမလားပြောစမ်း သင်ထပ်မိုက်နေမယ်ဆိုရင်တော့ သင်ရဲ့ တောင်ကို ကျုပ် သိမ်းလိုက်ရမလား ”
“မလုပ်ပါ နဲ့ ဆရာလေး ကျုပ် ထက်မမိုက်‌တော့ ပါဘူး ကျုပ် ကျုပ်ကတိပေးပါတယ် ”
“ကဲ ဒါဆိုရင်လည်း ဒီစနေသား ကို ဒုက္ခမပေးနဲ့‌တော့ နောက်တခါ သင့်ကို မစော်ကားပဲ အခုလို ထပ်လုပ်လို့ကတော့ ကျုပ် တခြားဘုံ မှ ရောက်ခဲ့သည့်တိုင် သင့်ကို ခွင့်မလွှတ်ဘူးကြားလား ”
“ဟုတ် ဟုတ်ကဲ့ ပါဆရာလေး ”
“ကဲ ကဲ သင့်တောင်ကို သင်ကောင်းမွန်စွာ စောင့်လျှောက်ပါ ကျုပ် သွားခွင့်ပြုပြီ ”
မောင်ဖိုးဝေ၏ စကားဆုံးသောအခါ ချွေးများစို ရွှဲနေပြီး တုန်ရင်နေသော လူနာသည် အိပ်ယာ ထဲ သို့ ခေတ္တ လဲကျသွားပြီး ထို့နောက် ပြန်လည် ငုတ်တုတ်ထိုင်ကာ သူ၏ ဘေးမှာ ရှိသော လူများကို ငေးကြောင်ပြီး ကြည့်လိုက်ရင်း သူ၏ မိခင်အား စကားဆိုလာလေသည်။
“အမေ ကျုပ် ဘာဖြစ်တာလဲဗျ လူတွေ လည်းစုံလို့ပါလား ”
“တင်မောင် နင့်ကို တောင်ပိုင် ဆိုလားပြုစားတယ်တဲ့ အိမ်က အောင်နက် ကော နင်နဲ့ ပါသွားတာ ပြန်မလာဘူး ”
“အောင်နက်က ခွေးရူးတကောင်လို တောမီးလောင်နေတဲ့ ဘက်ပြေးသွားတာ အမေ အဲ့နောက်ပိုင်း ကျုပ်လည်း ဘာမှ မသိတော့ဘူး ”
တင်မောင်၏ စကားကြားသောအခါ အိမ်ပေါ်မှာ ရှိသော သူများသည် မောင်ဖိုးဝေကို ဝိုင်း၍ ကြည့်လေသည် ၊ ထိုအခါ မောင်ဖိုးဝေသည် ဒေါ်ပျိုရီကို နှုတ်ဆက်စကားဆိုကာ အားလုံး တားနေသည့်ကြားမှ အိမ်ပေါ်မှ ဆင်းပြီး အိမ်ဝိုင်းအပြင်ဖက် ထွက် ခွာသွားပါလေတော့သည်။

*အခန်း(၆)

ညီအကို မသိတသိ အချိန်တွင် တာဘိုးရွာဝင် လမ်းတွင် ကိုသောင်း နှင့် ကိုလှမ်ြိုင်တို့ လေးကန်သော‌‌ ခြေလှမ်းများဖြင့် ရွာထဲ ဝင်လာကြသည် ၊ သူတို့သည် တလမ်းလုံး မည်သည့်စကားမှ မပြောပဲ အနောက်ကိုသာ လှည့် လှည့် ကြည့်ပြီး မောင်ဖိုးဝေ ပါလာမလား ပါလာမလား နှင့် အိမ်ပြန်လာရာ မိုးချုပ်၍ ရွာထဲသို့ ဝင်သည်တိုင် မောင်ဖိုးဝေကို မတွေ့ သော အခါ သက်ပျင်းကိုယ်စီ ချကာ ကိုသောင်း မှ စကား စ ဆိုလာလေသည်
“လှမြိုင်ရေ ငါတူ တင်မောင်က‌တော့ အသက်ရှင်ဖို့ ကံဇာတာ မပါဘူးထင်ပါတယ်ကွာ ဆရာတော်ရဲ့ တပည်လေးကလည်း မနိုင်ဘူး ထင်လို့ မလိုက်ရဲ ဘူးထင်တယ် ”
“အင်း သူ့ရဲ့ အသက် အရွယ်လေးနဲ့ မလိုက်ရဲတာ လည်း အပြစ် မဆိုရဲ ပါဘူးကွာ ”
“ငါ့ အမကို‌ဘယ်လို ပြန်ပြောရမယ်မှန်းမသိတော့ဘူးကွာ သူက တင်မောင်ကို ပဲ အားကိုးနေရတာ ငါကလည်း ငါ့မိသားစု စားဝတ်နေရေး ရုန်းကန်နေရတာ ဆို‌တော့ ငါလည်း ဘာမှမတက်နိုင်ပါဘူး ငါအမတော့သနားပါတယ် ”
ကိုသောင်းသည် သူ၏ အမအား သနားကြောင်းပြောရင်း လှမြိုင် နှင့် အတူ ရွာထဲ လမ်းလျှောက်နေလေရာ မကြာသော အချိန်တွင် သူ၏အမ ဖြစ်သူ ဒေါ်ပျိုရီ အိမ်သို့ ရောက်ရှိလာပြီဖြစ်သည် ၊ ထို့နောက် သူတို့နှစ်‌ယောက် အိမ်လေးပေါ် တက်လိုက် ချတွင် သူတို့ မထင် မှတ်ထားသော မြင်ကွင်း ကြောင့် ပါးစပ် အဟောင်းသာ ဖြစ်ရလေသည် ၊ သူတို့ မြင်ရသည် မှာ မိခင်ဖြစ်သူကို ထမင်းခူးခပ်ပေးနေသော သူ၏ တူ‌တော် မောင်အား သူတို့ နှစ်ယောက်မှ မြင်သောအခါ
“ဦးလေးနဲ့ ဦးလှမြိုင် ထမင်းတခါတည်း လာစား အမေက ဦးလေးတို့ကို စောင့်နေတာ ”
“လာလာ ငသောင်း ငါနင်တို့ အတွက် ကြက်ကာလသားချက်လေးနဲ့ သရက်သီးထောင်းထားတယ် လာစား နင်တို့ တနေကုန်ဘာမှ မစားရသေးဘူး မဟုတ်လား နင်တို့ဟယ် ဆရာလေးကို လွှတ်လိုက်ပြီး နင်တို့က ဘယ်ကို သွားနေကြတာလဲ ”
“ဗျာ ”
“ဗျာ မနေနဲ့ နင်တို့ လွှတ်လိုက်တဲ့ ဆရာလေး တော်ချက်ဟယ် ငါတောင် မထင်ထားဘူး ရော့ ရော့ လက်ဆေး ထမင်းစား ရင်းပြောပြမယ်”
ကို သောင်း နှင့် ကို လှမြိုင်သည်လည်း ဒေါ်ပျိုရီ ပြောနေသော စကားများကို နားမလည်ပေမဲ့ ဗိုက်ဆာ နေပြီမို့ ထမင်းကိုစား‌ရင်း အာပေါင် အာရင်းသန်သန် ပြော‌ပြနေသော ဆရာလေးအကြောင်းကို နားထောင်နေသည်။ထို့နောက် ကိုသောင်းသည်
“အမ နေပါဦးဗျ ဆရာလေး ဆရာလေးနဲ့ အသက်က ဘယ်လောက် ရှိလို့ လဲ ဗျ”
“အလွန်ဆုံးရှိ ၁၃ ၁၄ ပေါ့ဟယ် ”
“ဗျာ အဲ့တာ ဆို သူရဲ့ ပုံပန်း သဏ္ဍန်းကို ပြောပြပါအုံး အမ ”
ကိုသောင်းမှ မေးလိုက်သော အခါ ဒေါ်ပျိုရီသည် မောင်ဖိုးဝေ၏ ပုံပန်းသဏ္ဍန် နှင့် ဝတ်ထားသည့် အဝတ်အစားကို သေချာပြောလိုက်သောအခါ ကိုသောင်း နှင့် ကိုလှမြိုင်သည် တယောက် မျက်နှာ တ‌ယောက်ကြည့်ကာ
‘ဆရာတော့် တပည့်လေး ‘ ဟု သံပြိုင် ရေရွတ်လိုက်ကြပါလေတော့သည် ။

*အခန်း(၇)

မောင်ဖိုးဝေသည် လာစဉ်ကအတိုင်း စိတ်အာရုံကိုညွှတ်လို့ အခိုးအငွေ့ အလား လေမှာ မျောပြီး ကိုယ်ခန္ဓာကြီးကို ဆရာတော်ကျောင်းသိူ့ ပို့ လွှတ်ပြီး ပြန်လေသည် သူ၏ ရုပ်ခန္ဓာ ကောင်းစွာပေါ်ပေါက်လာချိန် ဆရာတော်သည် သူ၏ ရှေ့တွင် ရောက်နေပြီး စိတ်မကြည်မသာ နှင့် ခေါင်းကို ခါယမ်းနေလေ၏၊ ထို့ကြောင့် မောင်ဖိုးဝေသည် ဆရာတော်အား ညိုးငယ်စွာ လျှောက်တင်လေသည် ။
“အရှင်ဘုရား ဘာများအလို မကျလို့ပါလဲ ဘုရား ”


“ဒကာလေးရဲ့ တတ်မြောက်ထားတဲ့ ပညာတွေကို စည်းမရှိကမ်း မရှိသုံးနေရင် စေတလုံးပိုင် ဖြစ်ဖို့အတွက် ခဲယဉ်း နိုင်ပါတယ် ဘုန်းကြီးတို့ တန်ခိုးတော် အနန္တမြတ်စွာ ဘုရားရှင်ကိုယ်တော် မြတ်ကြီးတောင် ဒေဿစာရီ ခရီးကြွရင် ခြေလျင် ကြွတော်မူတယ် ဒကာလေးသည်က ဘာမျှ မဟုတ်သေးသည့် ပညာကို အခုကတည်းက စည်းမရှိ ကမ်း မရှိသုံးနေရင် နောင် ကျင့်ကြံရမဲ့ အရာတွေကို ဒကာလေး မာန မထောင်လွှားန်ိုင်ဘူးလို့ မပြောနိုင်ဘူးလေ ”
ထိုအခါမှ မောင်ဖိုးဝေသည် သူ၏ အပြစ်ကို သူသိကာ ဆရာတော် ရှေ့တွင် ဝပ်တွား ရှိခိုးပြီး ခေါင်းမဖော်ပဲ တောင်းပန်လေသည် ။
“အရှင်ဘုရား။တပည့်တော် တောင်းပန်ပါတယ် ဘုရား နောက်တခါဆို တပည့်တော် စိတ်ထင်ရာတွေ မလုပ်တော့ ပါဘူး ဘုရား ဒီတခါတော့ အမိုက်အမဲလေးမို့ ခွင့်‌လွှတ်တော် မူပါ
ဘုရား တပည်တော်ကို စေတလုံး ပိုင်ဖြစ်ဖို့ လမ်းညွှန်ပေးပါဘုရား ”
ညှိုးငယ်စွာ မြေမှာ ဝပ်၍ တောင်းပန်နေသော မောင်ဖိုးဝေ ကို ဆရာတော် ကြည့်လိုက်ကာ
“ဒကာလေးက လူတယောက်ရဲ့ အသက်ကို ကယ်တင်ဖို့ အရေးတကြီးဖြစ်နေတာ ဆရာတော်သိပါတယ် သို့ပေမဲ့ စည်းကတော့ ရှိရတယ်ကွဲ့ နောက်ဆို ဝဋ်နာ ကံနာ ဖြစ်ရင် ဒကာလေး ကယ်မရတဲ့ အချိန် ဒကာလေး ပို စိတ်ဆင်းရဲ ရလိမ့်မယ် အဲ့တာကြောင့် လူအများ ဒုက္ခ ရောက်နိုင်င်တဲ့ အနေအထားမှ သာ သဘာဝ ထက်ကို ပိုလွန်နေတဲ့ ပညာရပ်တွေ အသုံးချပါ ”
“တပည့်တော် မှတ်ထားပါ့မယ် ဘုရား တပည့်တော်ကို ခွှင့်လွှတ်ပါ”
“ကဲ ကဲ ကောင်းပြီ ဒကာလေး စိတ်ထဲမှာ ဘာမှ မထား နဲ့တော့ နောက်နေ့တွေ မှ ဘုန်းကြီး တတ်မြောက်ထားတဲ့ လောကီပညာ နောက်ဆုံး ကျင့်စဉ်ကို ပေးမယ် လောကီ လူသားတွေ ရဲ့ ကောင်းကျိုးကို သယ်ပိုးပါ”
ဆရာတော်၏ မိန့်မှာစကား ကြားသောအခါ မောင်ဖိုးဝေသည် မျက်ရည်များစို့ကာ ဝမ်းပန်းတသာ ဖြစ်ပြီး ဆရာတော်အား ဖူးမျှော်ကြည့် ရင်း
“ကျေးဇူးကြီး မားလှပါတယ် ဘုရား တပည့်တော် အမှားကင်းအောင်နေပြီးလောကီ အကျိုးကို သယ်ပိုးပါမယ် ဘုရား”
“သာဓု သာဓု သာဓု ”
ဆရာတော်၏ သာဓုခေါ်သံသည် ကျောင်းလေး ဝန်းကျင်တွင် လွင့်ပြန်သွား၏။မောင်ဖိုးဝေသည်လည်း နောက်နေ့တွင်သင်ရမည့် စေတလုံး ပိုင်နိုင်မည့် ပညာရပ်များအား ကြိုးစား ကျင့်ကြံမည်ဟု သံဓိဋ္ဌာန်ချလိုက်ပါလေတော့သည် ။

ပြီးပါပြီ။
မောင်တင်ဆန်း

Leave a Comment