ဦးဖိုးဝေ နှင့် ငယ်ဘဝ(၃)

” ဦးဖိုးဝေ နှင့် ငယ်ဘဝ(၃) ”
ရေးသားသူ–မောင်တင်ဆန်း
+++++++++++

*အခန်း-၁

မောင်ဖိုးဝေ၏အဘ ဦးသင်္ခသည် ဝမ်းတွင်းစုန်းမက‌ေလးကို အသက်သေလွန်‌ေအာင် လက်လွန်သည့်နေ့မှ စ ၍ တမှိုင်မှိုင် တတွေတွေဖြစ်နေလေ၏၊၊ မောင်ဖိုးဝေသည်လည်း သူ၏ အဘ ကို ကောင်စွာဂရုစိုက်‌ေပး‌ေနသည် ၊ ထမင်းစားချိန် ထမင်း ‌ရေနွေးကြမ်းသောက်ချင်က ရေနွေးကြမ်း အသင့်ဖြစ်အောင် လုပ်ပေးထားသာ်၊ ယခုတွင်တော့ မောင်ဖိုးဝေသည် ယောက်ပေစူးလေးနှင့် ဖြစ်နေပြီ ဖြစ်သည် ၊ တနေ့ တနေ့ အိမ်ရှေ့တန်းလျားတွင် မှိုင်ငေးနေသော အဘဖြစ်သူအား။မောင်ဖိုးဝေသည် ရေနွေး လင်ပန်းကို ချပေးလိုက်ပြီး သူပါ တန်းလျားတွင် ထိုင်ကာ စကားဆိုလိုက်လေ၏
“အဘ အဘကို ကြည့်ရတာ တနေ့တနေ့ ပိုပို မှိုင်နေသလိုပဲ ‌ဗျာ အဘစိတ်ထဲမှာ ဟိုပညာသည်မလေး မတော်တစ ဆုံးပါးရတာကို အခုထိ မမေ့သေးဘူးလား”
“ဘယ်မေ့မှာလဲ လူလေးရယ်”
“မေ့လိုက်ပါ အဘရာ အဘက လူတွေရဲ့ အသက်ကို ကယ်တင်တဲ့သူပါ အဲ့နေ့က အဘ ကယ်လိုက်လို့ ပညာသည်ပြုစားတာ ခံနေရတဲ့သူ သက်သာ ပျောက်ကင်းသွားတယ် မဟုတ်လား အဲ့တော့ အဘက ကောင်းတာ လုပ်တဲ့သူ ပညာသည်မလေးက မကောင်းတာ လုပ်တဲ့သူလေ အဲ့လောက် ခံစားမနေပါနဲ့ ဗျာ ”
“မဟုတ်သေးဘူး‌လူလေး အဘ စိတ်ထဲ လိပ်ပြာ မလံုဘူး ဖြစ်နေတယ်ကွာ”
“အဲ့တာဆို အဲ့နေ့က ဘယ်လို ဖြစ်သွားတာလဲ ဆိုတာ ကျုပ်ကို ပြောပြပါလား အဘ ”
“အင်း အဘလည်း ပြောပြချင်နေတာ”
ဦးသင်္ခသည် ‌ေမာင်ဖိုးဝေချ‌ေပးထားသော ရေနွေးကြမ်းအိုးထဲမှာ ရေနွေးတခွက်ကို ငှဲ့လိုက်ပြီး သိမ်တောရွာသို့ စုန်းပြုစားခံထားရသော မိန်းက‌‌ေလးအား ကုသ‌ေပးသည့်နေ့အား ပြန်လည်ပြောဆိုလိုက်ပါလေတော့သည်။

*အခန်း-၂

‌ဦးသင်္ခသည် သိမ်တောသား နှင့် အတူ လွယ်အိတ်ကို ပုခုံးပေါ် တဖက်လွယ်ပြီး လိုက်သွားလိုက်၏ ၊အလုပ်တခုဆို လျင်လျင်မြန်မြန် လုပ်တက်သော ဦးသင်္ခသည် မည်သည့် လုပ်ငန်း‌ေဆာင်တာမဆို အချိန်ဆွဲသည်ကို လုံးဝမကြိုက် အခုလုပ်ရမည်အလုပ်ဆို အခုလုပ်၏ ၊ထို့ကြောင့်လည်း သူအားလာပင့်သည် နှင့်ချက်ချင်းလိုက်လာခဲ့ချင်းဖြစ်သည် ၊ လမ်းတလျှောက်တွင် လာပင့်သူအား သူကုရမည့် လူနာ အကြောင်းကို သေချာမေးလေသည်
“လမ်းသွားရင်း ကျုပ်ကို လူနာအကြောင်း သေချာပြောပြစမ်းပါ ဦး”
“ဟုတ်ကဲ့ ကျုပ်တူမလေးက အခုမ အသက် ၁၂ နှစ်လောက်ပဲ ရှိပါသေးတယ်ဗျာ ကျုပ်ညီ လင်မယား ပြောပုံအရ ဘယ်သူနဲ့ မှ လည်း ရန်ညှိုးရန်စ မရှိပါဘူး အဲ့တာကို ဒီကလေးအရွယ်လေးကို ဘာကြောင့်များ ပြုစားရတာလဲ မသိပါဘူး ဆရာကြီးရယ် ”
“စုန်းပညာသည်တွေရဲ့ စိတ်ကလည်း မှန်းရအခက်သား ချစ်လို့ တော့ ပြုစားတာတော့ မဖြစ်နိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ လူကိုတောင်ခွေးလို လိုက်ကိုက်အောင် လုပ်ထားတယ်ဆိုတော့ ဒါအတော်ကို ရက်စက်တယ် လို့ ပြောနိုင်တယ် သူရူးတ‌ေယာက်လို ဖြစ်အောင် လုပ်ကတည်းက ဘယ်လိုမှ ချစ်လို့ လုပ်တာ မဖြစ်နိုင်ဘူး မုန်းလို့ပဲ ဖြစ်မပေါ့ သို့ပေမဲ့ ကလေးသာသာ လေးကို ဒီလောက်ထိ လုပ်တာ တော့ လွန်လွန်းတယ်လေ ”
“ဟုတ်တယ် ဆရာကြီး ကျုပ်တူမလေးကတော့ ဘယ်သူကို မှ ဒုက္ခမပေးနိုင်ပါဘူး”
ဦးသင်္ခ နှင့် သိမ်တောရွာသား စကားတပြောပြော နှင့် လမ်းလျှောက်လာရာ မကြာသော အချိန် တွင် သိမ်တောရွာသို့ ရောက်လာပြီဖြစ်သည် ၊ သိမ်တောရွာ အဝင်တွင်‌ေတာ့ လူသုံးယောက်သည် သူတို့အားဆီးကြိုနေကြသည် ၊ထိုလူသုံးယောက်သည် ဦးသင်္ခတို့ကို မြင်သောအခါ အားရဝမ်းသာ နှင့် ဆီးကြိုကာ စကားဆိုလေ၏
“ဆရာကြီးရောက်လာပြီ ဝမ်းသာလိုက်တာဗျာ ဆရာကြီး ဒီနေ့မှ မရောက်ရင် က‌လေးမလေးက မလွယ်ပေဘူးဗျို အခု တောင် ကြိုးနဲ့ တုပ်ထားတာကို ကြိုးကို ပြန်ကိုက်နေလို့ ပါးစပ်ကို အဝတ်နဲ့ စည်းထားရတယ်ဗျာ ”
“ကဲကဲ အဲ့တာဆိုလည်း အချိန်ဆွဲလို့က မကောင်းပေဘူး မြန်မြန်သာလှမ်းကြရအောင်”
ကြိုဆိုနေသော လူသုံးယောက်လည်း ရှေ့မှနေ၍ ဦးသင်္ခကို ပင့်ဆောင်ပြီး ရွာလယ်ရှိ ပြုစားခံ ကလေးမလေးအိမ်သိူ့ သွားလိုက်ကြပါလေတော့သည် ။

*အခန်း-၃

ဦးသင်္ခသည် သိမ်တော်ရွာလယ် မှ စုန်းကဝေ ပြုစားခံထားရသော ကလေးမလေးအိမ်သို့ရောက်ရှိလာပြီဖြစ်သည် ၊ အိမ်အနောက်ခန်း တိုင်တွင် ဆံရစ်ဝိုင်းလေးနှင့် ကလေးမလေးအားကိုယ်တွင် အဝတ်ခံပြီး တိုင်နှင့်ပူးပြီးကြိုး ချည်ထားကြသည် ကလေးမလေး၏ ပါးစပ်တွင်လည်း အဝတ်တထည့်ဖြစ်စည်းထားသေး၏ ၊ ကလေးမလေးသည် ထိုသို့သော ကြိုးများချည်နှောင်ထားသည်ကိုပင် သူမ၏ မျက်လုံးတို့သည်က ရန်လိုနေသေး၏ ၊ ဦးသင်္ခသည် ကလေးသာသာ မိန်းကလေးကို ယခုကဲ့သို ပြင်းထန်လွန်းလှသော ပညာရပ်ကို အသုံးချသည့် ပညာသည်ကို မျာစွာ စိတ်တိုဒေါသထွက်နေသည် ၊ ထို့နောက် ဦးသင်္ခသည် အိမ်ဦးခန်းသို့ သွားကာ ဘုရားစင်ကို ရှင်ခိုဦးချပြီး သစ္စာအဓိဋ္ဌာန်ပြုလိုက်ကာ ပြုစားခံထားရသော ကလေးမလေးဘက် လှည့်၍ ကြမ်းပြင်ကို လက်နဲ့ ပုတ်လိုက်ပြီး
“ဟဲ့ အယုတ်တမာ ပညာသည် နင်က ဒီလူမမယ် ကလေးကို ဘာကြောင့် ပြုစားရတာလဲ ”
“ခစ် ခစ် ခစ် ”
ပညာသည်သည် ဦးသင်္ခအား မခန့်လေးစားသည့်အမူအယာပြုနေလေသည် ၊ ထိုသို့သော အမူအယာကိုဖြစ် ပြုစားခံထားရသော ကလေးမလေး၏ ကိုယ်န္ဓာမှ ပြုလုပ်ပြနေချင်းဖြစ်၏ ၊ထို့ကြောင့် ‌ဦးသင်္ခ၏ ဒေါသသည် အထိန်းကွပ်မဲ့သွား‌ေလပြီဖြစ်သည်၊ ပြုစားခံ ကလေးမလေးသည် သူ၏ သားဖြစ်သူအရွယ် ဖြစ်နေသည်က တကြောင်း ထို့နောက် ပြင်းထန်လွန်းသော ပညာရပ်ဖြစ် မညှာမတာ ပြုစားသည် အတွက် ဦးသင်္ခသည် သူ၏ လက်ညှိုးကို ပြုစားခံရသော ကလေးမလေး ကို ထိုးကာ လက်တဖက်မှလည်း လွယ်အိတ်ထဲ နှိက်လိုက်ပြီး
“ကဲ ကဝေမ နင့် ဒဏ် နင်ခံ နင်ပြုစားထားတဲ့ ပညာရဲ့ ဆယ်ဆ တန်ပြန်စမ်း ကဲ တန်ပြန်စမ်းဟဲ့ ”
ဦးသင်္ခသည် သူ့အား ဆရာ့ ဆရာကြီးများ ပေးထားသော တန်ပြန် စမ ကို လွယ်အိတ်ထဲမှ ထုတ်၍ ပြုစားခံထားရသော က‌ေလးမလေး၏ ဦးခေါင်းတွင် တည်စေလိုက်ရာ ဆူးဝါးကျယ်လောင်သော ကလေးမလေးတယောက်
အသံ ထွက်ပေါ်လာပြီး သတိလစ်မေ့မျောဟန်ဖြစ် ငြိမ်သွာရာ ဦးသင်္ခ မျက်စိ မျက်နှာ အနည်းငယ် ပျက်သွား၏၊ မကြာသောအချိန် တွင် ပြုစားခံထားရသော ကလေးမလေးသည်၊ ပြန်လည်သတိရလာကာ ရေကို အရင်တောင်းလေသည် ၊ ထိုအခါ ဦးသင်္ခသည် ‌သောက်ရေ တခွက်ကို သစ္စာ အဓိဋ္ဌာန် တည်လိုက်ပြီးတိုက်လိုက်သည် ၊ ဦးသင်္ခသည် အစစ အရာရာ အဆင်ပြေသွား၍ အိမ်သိူ့ ပြန်မည်ပြုစဉ် အိမ်ပေါ်ရှိ မိန်းမသားများသည် တ‌ေယာက် ပြီးတယောက် ပညာသည်များ ပူကပ်နေကြသည် ၊ သူတို့သည် ဝင်ရောက်ပူးကပ်သည်အခါတိုင်း ဦးသင်္ခအား မျက်ထောင့် နီးကြီးများ နှင့် ကြည့်ကာ
“ဟဲ့ ဆရာစုတ် နင် ငါတို့ကလေးကို သတ်တယ် ”
“ဟဲ့ ဘယ်သူလဲ ငါက နင်တို့ ကလေးကို ဘာကြောင့် သတ် ရမှာလဲ ”
“ခုဏက ဟိုကလေးမ ကို ပြုစားထားတာ သူ့အရွယ် ငါတို့ကလေးပဲ နင် ဆယ်စ တန်ပြန်ခိုင်းတယ် အခု ငါတို့ကလေးသေပြီ နင့်ကို မကျေနပ်ဘူး ”
“နင်တို့ ကလေးက ဘာကြောင့် သူများကလေးကို ပြုစားရသလဲ ”
“ဒီကလေးက ရွာကထိန်မှာ သူစားမဲ ထမင်းပန်းကန်ကို ယူပြ‌‌ီး ခွေးကျွေး ပြစ်တယ် အဲ့တာကို မကျေနပ်လို့လုပ်တာ နင် တို့ကလေး နင်တို့ ပြန်မေးကြည့် ငါနင့်ကိုမကျေနပ်ဘူး”
စုန်းပညာသည် ဝင်ပူးနေသော မိန်းမကြီးများ မပူး မကပ်တော့သည့် အချိန်မှ ဦးသင်္ခသည် သူကုသပေးထားသော ကလေးမလေးကို သူရှေ့ခေါ်ပြီး မေးလိုက်လေသည် ။
“ကဲကလေးမ ဦးကြီးမေးစရာ ရှိတယ် ”
“မေးပါ ဦးကြီး ”
“ကလေးက ကထိန်မှာ ကလေးမ နဲ့ အရွယ်တူ ကလေးမလေးတ‌ေယာက် စားမဲ့ ထမင်းပန်ကန်ကို ယူပြီးခွေးကျွေးပြစ်တယ် ဆိုတာ ဟုတ်လား ”
ကလေးမလေးသည် ချက်ချင်းမဖြေပေ ထိုအခါ ဦးသင်္ခသည် ဆက်ပြီးမေးလေ၏
“ကလေးမလေး အမှန်တိုင်းပြောပါ”
“ဟို ဟိုလေ ”
“ဘယ်သူမှ ကလေးမကို မဆူမငေါက်ပါဘူး အမှန်တိုင်းပြောပါ ”
“ဟုတ် ဟုတ်ပါတယ် ဦးကြီး ရွာကထိန်တုန်းက ကျမ နဲ့ အရွယ်တူ ဘယ်ရွာက မှန်းမသိတဲ့ ကောင်မလေး အလှူ ထမင်းစားနေတာပါ အဲ့တာ ရွာထဲက မိသုံတို့ အေမိ တို့က သူကို အနိုင်ကျင့်ရဲလားလို့ မေးတော့ ကျမက အနိုင်ကျင့်ရဲတယ် လို့ပြောတာ သူတို့က မယုံဘူး လက်တွေပြဆိုတာနဲ့ သူစားနေတဲ့ ထမင်းပန်းကန်ကို ယူပြီး ခွေးကျွေးလိုက်မိပါတယ် ကျမ အဲ့လို လုပ်တော့ သူက ကျမကို မျက်စောင်းထိုးပြီးကြည်တယ် ပြီးတော့ နင်လည်း ခွေးဖြစ်စေရမယ် ပြောပြီး ပြန်သွားတယ် ကျမလည်း သူ့ကို တခါမှ မတွေ့ဖူးဘူး ”
ဦးသင်္ခသည် ကလေးမလေး၏ စကားကို ကြားရသောအခါ အားမရှိတော့သော လူတ‌ေယာက်ပမာ ဖြစ်သွားပြီး မျက်စိ မျက်နှာ အကြီးအကျယ် ပျက်၍ သွားရပါလေတော့သည် ။

*အခန်း-၄

ဦးသင်္ခသည် မောင်ဖိုးဝေအား သိမ်တောရွာသို့ သွားစဉ်က ဖြစ်ခဲ့သော အ‌ေကြာင်းအရာများကို ပြောပြီးနောက် ၊ စိတ်မကောင်းအတော် ဖြစ်နေဟန်ရှိသည် ၊မောင်ဖိုးဝေသည်လည်းမည်သည့်စကားပြောရမည်မှန်း မသိအောင်ပင် ဆွံ့အနေမိသည် ၊ ထို့နောက် သူ၏ စိတ်ထဲ တွင် အဘဖြစ်သူ၏ ‌‌ေစတနာ ပိုကဲ ၍ မှားသည့် အမှားကြောင့် ဖြစ်ခဲ့ရသော နစ်နာသူအား အဘ မသိအောင် သွားရောက် တောင်းပန်မည်ဟု တွေးထားလိုက်ပါလေသည် ၊ သူထိုသို့ တွေးနေစဉ် ဦးသင်္ခထံမှ သက်ပျင်းချသံ နှင့် အတူ စကားသံထွက်ပေါ်လာသည်
“လူလေး ”
“ဗျာ အဘ ”
“လူလေး အဘကို ကတိတခုပေးနိုင်လား ”
“ပြောပါအဘ ”
“လူလေး ပယောဂတွေကုတာ စုန်းကဝေ ပြုစားတာတွေကို ကုပေးရင် ပညာသည်တွေကို မသတ်ပါဘူးလို့ ကတိပေးပါ ”
“အဘကလည်း အဲ့တာတွေက အရေးကြီးလို့လား ”
“ကြီးတာပေါ့ လူလေးရာ အဘကို ကတိပေးလား လူလေး”
“အင်းပါ ကျုပ် မသတ်ပါဘူးလို့ ကတိပးပါတယ်”
“အင်း လူလေး ဖြစ်ချင်တဲ့ စေတလုံးပိုင်ဖြစ်ဖို့ဆိုတာ သီလ လုံဖို့ အရေးကြီးတယ် ”
“အင်ပါ အဘရယ် ကျုပ်မသတ်ပါဘူး ကတိပေးပါတယ် အဘလည်း ကိုယ့်စိတ်မပါပဲ မှားခဲ့တဲ့ အမှားကိုပဲ အမြဲတွေးမနေပါနဲ့ ရပ်ရေးရွာရေးတွေနဲ့ တခြား ကိစ္စတွေ လစ်ဟင်းကုန်ပြီ အဘရဲ့ ”
“အေးပါ လူလေးရယ် အဘသတိထားပါ့မယ် ”
ထို့‌ေနာက်‌ေမာင်ဖိုး‌ေဝသည် အဘဖြစ်သူ စိတ်သောက အနည်းငယ် ပြေပျောက်စေရန် ရည်ရွယ်၍ ရွာထဲ၌ ရှိ‌ေသာ ရပ်ရေး ရွာရေးကိစ္စများကို မေးမြန်းပြီး နေသည်၊ ထို့နောက် မောင်ဖိုးဝေသည် ဦးသင်္ခထံ ခွင့်တောင်းကာ ပုဆိုးအပိုတထည်ကို စလွယ်သိုင်းပြီး သိမ်တောရွာသို့ ထွက်ခဲ့လိုက်လေသည် ။
သိမ်တော့ရွာသို့ ရောက်‌ေသာအခါ သူ့အား မည်သူမျှ ဦးသင်္ခ၏ သားဟု မထင်ပေ ၊ ထို့နောက် ရွာထိပ်ရှိ ဘုန်းတော်ကြီးကျောင်းသို့သွာကာ ဆရာတော်အားး ရှစ်ခိုးဦးချပြီး လျှောက်ထားလေသည်-
“ဆရာတော်ဘုရား တပည့်တော်က ငကောင်းကံရွာက သစ်ခေါင်းပေါက် ဖိုးဝေပါ ဘုရား ”
“အော် ဘာအကြောင်းရှိလို့လဲ ဒကာလေး”
“တပည့်တော် သိချင်တာလေးရှိလို့ပါ ဘုရား ”
“ဘာကိစ္စ သိချင်တာလဲ ဒကာလေး”
“ပြီးခဲ့တဲ့ ကထိန်တုနး်က ကလေးမလေး နှစ်‌ေယာက် အချင်းများတာကို သိချင်တာပါ ”
“,အဲ့တာတွေဆိုရင်တော့ ဟို ဆွမ်းစားကျောင်းက ကပ္ပိယ ကြီးကို သာ မေးတော့ ဘုနး်ကြီးလည်း ဘာမှ မသိဘူး ဒကာလေး”
“တင်ပါဘုရား တပည့်တော် မေးလိုက်ပါ့မယ် ဘုရား”
ထို့‌ေနာက် မောင်ဖိုးဝေသည် ဆရာတော်အား ရှင်ခိုးဦးချပြီး ဆွမ်းစား သစ်သားကျောင်းလေးဆီသို့ သွားလိုက်ပါလေတော့သည် ။

*အခန်း-၅

ဆွမ်းစားကျောင်းလေးပေါ်တွင် သပိတ်များနှင့် ဆွမး်ချိုင့်များကို ဆေးကြောပြီး၍ အဝတ်နှင့် ရေသုပ်နေသော ကပ္ပိယကြီးသည် သူ၏ ရှေ့တွင် ရှိသော ယောင်ပေစူး နှင့် ပုဆိုးးအပိုဝထည်ကို စလွယ်သိုင်းထားသော မောင်ဖိုးဝေကို အကဲခက်ကြည့်နေလေသည် ၊ ထိုနောက် ကပ္ပိယကြီးသည် မောင်ဖိုးဝေအား စကားဆိုလိုက်၏-
“ကောင်လေး မင်းကို တို့ရွာမှ မတွေ့ဖူးပါဘူး မင်းဘယ်ရွာကလဲ ”
“ကျုပ်နာမည် ဖိုးဝေပါ ငကောင်းကံရွာက ဦးသင်္ခရဲ့သားပါ ”
“ငကောင်းကံရွာလူကြီး အထက်လမ်းဆရာ ဦးသင်္ခရဲ့သားလားဟ ”
“ဟုတ်ပါတယ် ”
“မင်းပုံစံကြည့်ရာတာ ဦးသင်္ခသားလို့ မထင်ရဘူး ငါကြားတာတော့ ဦးသင်္ခသားက ငယ်ငယ်ရွယ်ရွယ် နဲ့ ပယောဂ ကုနေပြီကြားတာ အခု မင်းကို မြင်ရ‌ေတာ့ ငါကြားထားတာ မှားနေပြီ ထင်တယ်ကွ”,
ကပ္ပိယရကြီး၏ စကားကြားသောအခါ မောင်ဖိုးဝေသည် တချက်ပြုံးလိုက်ပြီး စကားဆိုလိုက်၏-
“ကျုပ် ကပ္ပိယကြီး ဆီက သိချင်တာ ရှိလို့ ဗျ”
“ကဲ ဆိုစမ်းပါ ဦး ”
“တခြားတော့ မဟုတ်ပါဘူး ဒီရွာရဲ့ ဘုံကထိန်တုန်းက ကလေးမလေး နှစ်‌ေယာက် ပြဿနာတက်တာ ကပ္ပိယကြီးသိလား ကထိန်မှာ ကပ္ပိယကြီးက ကျောင်းမှာ ထမင်းကျွေးတာဆို‌ေတာ့ သိများသိမလားလို့ ပါ ”
“နေဦးကွ ငါခဏ စဉ်းစားလိုက်ဦးမယ် ”
ကပ္ပိယကြီးသည် ဆွမ်းချိုင့်များကို ရေသုပ်ရင်း အတန်ကြာစဉ်းစားကာ-
“မှတ်မိပြီဟေ့ မိသူ ဆိုတဲ့ ရွာလယ်က ကလေးမလေးပေါါ့ကွာ ငါရှေ့မှာတင် ဧည့်သည်ကလေးမလေး စားနေတဲ့ ထမင်းပန်းကန်ကို ယူပြီး ခွေးချကျွေး‌းပြစ်တာဟေ့ ငါ‌ေတာင် ငေါက်ငမ်းလိုက်ရသေးတယ် ဧည့်သည် ကလေးမလေးတော့ အတော် စိတ်ထိခိုက်သွားပံုပဲကွာ ငါတောင် နောက်ကလိုက်ချော့ပြ‌ီးး ထမင်း ထပ်စားဖို့ပြောတာ မရဘူးဟေ့ ပြန်သွားတယ် ပြီးတော့ မိသူရဲ့ နေ့တွေနာမ်တွေကို မေးသေးတယ်ကွ ငါလည်း မိသူရဲ့ နေ့နာမ်တွေကို သိနေတာဆို‌ောတ့ အားနာတာနဲ့ ပြောလိုက်တယ်ကောင်ရေ ”
“ဟုတ်လားး ကျုပ်သိချင်တာလဲ အဲ့တာပဲ ဧည့်သည်ကလေးမ‌လေး နေတဲ့ ရွာကို သိချင်တာဗျာ ကပ္ပိယကြီးးသိလား”
“နေ နေဦးငါမေးထားလိုက်တယ်ကွ ဘာဆိုလား ကြာတော့ပါတယ်ကွ ရိုးမ တောင်ကြောတွေ ပေါ်ကပဲ အော်သိပြီ ကြာရိုးရွာတဲ့ကွ ”
“ကြာရိုးရွာ ဟုတ်လား ကပ္ပိယကြီး ”
“ဟုတ်တယ် ကြာရိုးရွာ ”
မောင်ဖိုးဝေသည် သူသိချင်တာ များသိရပြီမို့ ကပ္ပိယကြီးကို နုတ်ဆက်ကာ ကြာရိုးရွာသို့ သွားဖို့ ပြင်ဆင်လိုက်ပါလေတော့သည် ။

*အခန်း-၆

မောင်ဖိုး‌ေဝတယောက် ရက်ပိုင်းအတွင်းတွင်ကို ရိုးမတောင်ကြောပေါ်ရှိ ကြာရိုးရွာကိုသွား‌ေန၏၊ သူနေထိုင်သော ငကောင်းကံရွာသည် ရိုးမ တောင်ခြေဖြစ်ပေမဲ့ ယခုသွားရမည် ကြာရိုးရွာမှာ ရိုးမ တောင်ကြော ပေါ်ရှိသည် မို့ အတော်ကို အတော်ကို လှမ်းမည်ထင်သည် တောင်ကြောပေါ်ရောက်သည့်တိုင် ကြာရိုးရွာကို ရှာမတွေ့ပေ သူ၏ စိတ်ထဲတွင်လည်း သေဆံုးသွားသော စုန်းကဝေမလေးသည် ဒီလောက်ဝေးသည့် ခရီးကို အဘယ်သို့သော ပညာရပ်များကို အသုံးချပြီး လာခဲ့ သနည်းဟု တွေးနေမိသည် ၊ထို့‌ေနာက် ကြာရိုးရွာကို ရှာမရသောအခါ သူ၏ ဓားပိုင်ကို ဆင့်ခေါ်ကာ မေးလိုက်ပြီး ကြာ ရိုးရွာသို့ သွားလိုက်တော့သည် ၊ မကြာသော အချိန်တွင် ကြာရိုးရွာသို့ ရောက်ပြီ ဖြစ်သည် ၊ ကြာရိုးရွာသည် အိမ်ခြေ အနည်းငယ် မျှသာရှိရာ တဲစုဟု ခေါ်လျှင့် ပိုသင့်မည်ဟု မောင်ဖိုးဝေတွေးလိုက်မိ၏ ၊ ရွာထဲသို့ ဝင်သောအခါ အိမ်လေးများထဲမှ က‌ေလးများ နှင့် ဆံပင်ကို ဖားလျားချထားသော မိန်းမကြီးများသည် မောင်ဖိုးဝေကို မသိမသာ အကဲခက်ကြည့်နေသည် ၊ ထို့နောက် မောင်ဖိုးဝေသည် လမ်းလေးဘေးရှိ အိမ်ဝိုင်းထိပ်တွင် ရပ်ကာ –
“အိမ်ရှင်တို့ အိမ်ရှင်တို့ ”
“ဘယ်သူလဲ ”
“ကျုပ် ဧည့်သည်ပါ ”
“ဘယ်က ဧည့်သည်လဲ ဟ ”
အသက်ငါးဆယ် ကျော်ရှိသော လူကြီးသည် အိမ်လေးထဲမှ ထွက်လာပြီး မောင်ဖိုးဝေအား အိမ်ဝိုင်းထံ ဝင်ရန် လက်ယက် ခေါ်‌ေနသည် ၊ထို့နောက် အိမ်ရှေ့တန်းလျားတွင် ထိုင်စေပြီး –
“ငါတို့ ရွာကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ကောင်လေး”,
“တမင်ကို လိုက်ရှာပြီးရောက်လာတာ ကျုပ် ဒီရွာက မကြာသေးခင်က ဆုံးသွားတဲ့ အသက် ဆယ်နှစ် ဆ့်သုံးနှစ်လောက်ရှိမဲ့ ကောင်မလေးရဲ့ အိမ်ကို သိချင်လို့ပါ ”
“မင်းပြောတာ မေနွဲ့လေးကို ပြောတာလား ကောင်လေး “,
“ဟုတ်မယ်ထင်တယ် ”
“ဘာကိစ္စကြောင့် သွားချင်တာလဲ ”
“တောင်းပန်စရာ ရှိလို့ပါ ‘
“နေပါဦး မင်းက ဘာအတွက် သွားတောင်းပန်မှာ လဲ”
“ကျုပ်အဘ ရဲ့ စမ ကြောင့် အဲ့ဒီကလေးမလေး အသက်ဆုံးခဲ့ရလို့ပါ ”
“အဲ့ အဲ့တာဆို မင်းက သင်္ခဆိုတဲ့ကောင် ရဲ့ သား သားလား ”
“ဟုတ်ပါတယ် ကျုပ်က ဦးသင်္ခရဲ့ သားပါ ”
“တောက် မင်းက ငါတို့ရွာကို လာဝံ့သေးတာလား ”
“ကျုပ်ကို သေဆံုးသူရဲ့ အိမ်ကိုသာ လမ်းပြပါ ကျုပ်တောင်းပန်ချင်လို့လာတာ ပါ ကျုပ် အဘကလည်း သေစေလိုတဲ့ ဆန္ဒ မရှိပါဘူး ”
“တော်စမ်းပါကွာ မင်းတို့ အထက်လမး် ဆရာတွေ ပြောလိုက်ရင် အဲ့လိုပဲ ငါတို့ရဲ မေနွဲ့ ‌ေ လးကို မင်းအဘ ကာကွယ်ပေးခဲ့တဲ့ ကလေးမက ဘယ်လိုလုပ်ခဲ့လဲဆိုတာ သိလား ”
“ကျုပ် အကြောင်းဆုံသိပြီးပါပြီ ”
မောင်ဖိုးဝေ နှင့် အိမ်ရှင် စကားပြောနေစဉ် အိမ်ဝိုင်းထဲသို့ ဆံပင်များဖြူနေပြီ ဖြစ်သော အမယ်အို တယောက် ဝင်လာ‌ေလသည်၊ ထိုအမယ် အိုအား အိမ်ရှင်ဖြစ်သူ မြင်လိုက်ချိန်တွင် ပြာပြာသလဲဖြစ်ကာ –
“အမေကြီး လာပါ ထိုင်ပါ ကျုပ်အိမ်ဘယ်လို လုပ်ရောက်လာတာလဲ ခင်ဗျ”
“ငါ ရဲ့ ရွာထဲကို အထက်လမ်းဆရာ တ‌ေယာက် ရောက်နေတယ်လို့ ရွာ စောင့်တွေက လာသတင်းပေးလို့ ရောက်လာတာ အထက်လမ်းဆရာဆိုတာ ‌ဟို ယောင်ပေစူး နဲ့ကောင်လေးလား ”
‘မသိဘူး အမေကြီး သူပြောတာတော့ သင်္ခရဲ့ သားလို့ ပြောတယ် ”
“ဘာ သင်္ခသား ဟုတ်လား ”
အမယ်အိုသည် မောင်ဖိုးဝေအနားသို့ တိုးကပ်လာသည် မောင်ဖိုးဝလည်း တန်းလျာတွင် ထိုင်နေရာမှ ထရပ်လိုက်ပြီး –
“ဟုတ်ပါတယ် ကျုပ်က ဦးသင်္ခသားပါ ကျုပ်က ကျုပ်အဘ ကိုယ်စား ဒီက ပညာသည် မိန်းကလေး ရဲ့ မိဘတွေကို လာတောင်းပန်မလို့ လာတာပါ ”
“နင်တောင်းပန်စရာမလိုဘူး အဲ့ကလေးမှာ မိဘ လည်း မရှိဘူး အဖွားပဲ ရှိတယ် သူအဖွားက ငါပဲ ငါ့မြေး မသေ ဘူး ငါမြေးက ရှိသေးတယ ်”
“တကယ် ပြောတာလား ”
“ဟုတ်တယ် ငါမြေးကို ဘယ်‌ေကာင် သတ်သတ် မသေဘူး း”,
“ဟုတ်လို့လား ကျုပ်အဘပြောတော့ သေသွားတယ်ဆို ”
“အေး ဒါပေမဲ့ အခုထိ ငါ့မြေးက ငါနဲ့ ပဲ တူတူနေတယ် နင်အဘလည်း မကြာခင် သူအပြစ် သူခံရမှာပါ ခစ် ခစ်”
အမယ်အိုသည် သူမ၏ စကားကို သူမကိုယ်တိုင်ပြန်သဘောကျကာ ရယ်မောနေ၏ ၊မကြာသော အချိန်တွင် မောင်ဖိုးဝေ ရောက်နေသော အိမ်ဝိုင်းထဲ ‌သိူ့ ကြာရိုးရွာ တရွားလုံး နီးပါးရောက်လာကြသည် ၊ သူတိူ့၏ ပြောစကားများသည် မောင်ဖိုးဝေ၏ နားထဲ သို့ အတိုင်းသားကြားနေရ၏
“အဲ့‌ေကာင်‌ေလးက သင်္ခသားဆိုရင် ငါတို့ သတ်လိုက်ကြမလား မေနွဲ့လေးတောင် သူ့အဘက သတ်သေးတာပဲ ငါတို့လည်း သင်္ခသားကို ပြန်သတ်မယ်ဟေ့ ”
“ဟုတ်တယ် သင်္ခသားကို သတ်မယ် ”
‌ေမာင်ဖိုးဝေသည် သူအား မခန့်လေးစား စကားဆိုနေသော လူများကို တချက်ဝေ့ကြည့်လိုက်ပြီး –
“ကဲ ခင်ဗျားတို့ ပညာသည်တွေဆို ကျုပ် အနားကပ် ပြီး ကျုပ်အသားကိုပဲ ထိကြည့် ထိလို့ရရင် သတ်သွားကြ ”
မောင်ဖိုးဝေသည် တန်းလျားမှ ထိုင်နေရာ မှ မတ်တတ် ရပ်လိုက်ပြီး စကားဆိုလိုက်ချင်းဖြစ်သည် ၊ သူ နှင့် သူအဘ ဦးသင်္ခအား မည်သည့် စုန်းကဝေ အောက်လမ်း မှ အနားမကပ်နိုင်ပေ အနားကပ်သည်နှင့် သူတို့၏ အစောင့် များမှ ရိုက်ပုတ်ထုတ်မည်သာ ဖြစ်သည် ၊ သို့ပေမဲ့ ပညာသည် မဟုတ်သော သာမာန်လူဆိုက သူတို့အန းကို ကပ်လို့ ရနိင်သည် ထို့ကြောင့် အထက်လမ်းဆရာတို့ ကြောက်ရသည်မှာ သာမာမန် လူသားများကို သာ ဖြစ်၏ ၊ ယခု ကြာရိုးရွာသည် တရွာလုံး ပညာသည် များဖြစ်ဟန်တူသည်၊ ထို့အတွက် မောင်ဖိုးဝေမှ စိန်ခေါ်လိုက်ချင်းဖြစ်၏၊ ကြာရိုးရွာသူ ရွာသားများသည် မောင်ဖိုးဝေ အနားသို့ ကပ်သွားနေစဉ် ဆံပင် ဖြူနေသော အမယ်အို သည် ရှေ့တိုးလာသော သူမ၏ ရွာသူရွာသားများကို တချက် ဝေ့ကြည့်လိုက်ကာ
“နေစမ်း ဘယ်သူမှ အဲ့ကောင်လေးကို သွားမနှောက်ယှက်နဲ့ ငါတို့က ဒီကောင်လေးနဲ့ ဘာပြဿနာမှ မရှိဘူး ”
အမယ်အို စကားပြောလိုက်သည် နှင့် ‌ေ မာင်ဖိုးဝေ အနားသွားနေသော ရွာသူရွာသားများသာ် သူတိူ့၏ လှမ်းနေသော ခြေလှမ်းများကို ရပ်လိုက်ကြ၏၊ ထို့နောက့် အမယ်အိုသည် မောင်ဖိုးဝေ ဘက်လှည့်ကာ –
“ကောင်လေး နင်က နင့်အဘအတွက် လာတောင်းပန်တာ ဟုတ်လား”
“ဟုတ်ပါတယ် ”
“အေး နင်တောင်းပန်လိုက်လို့ ငါမြေးရဲ့ နာမ်က ပြန် လာမှ မဟုတ်တော့ဘူး”
“ကျုပ်အဘလည်း ဒီလိုတွေ ဖြစ်မယ် မှန်းမသိလို့ လုပ်လိုက်မိတာပါ – ကျုပ်အဘ ကိုယ်စား တရွာလုံးကီု တောင်းပန်ပါတယ် ”
မောင်ဖိုးဝေ မှ ထိုသို့ တောင်းပန်စကား ပြောသောအခါ ကြာရိုးရွာသားမျာသည် ဟားတိုက်ရယ်မောနေကြသည်၊။
“ဟား– ဟား–ဟား– ”
မောင်ဖိုးဝေသည် ဟားတိုက်ရယ်မောနေသော ကြားရိုး ရွာသူရွာသား များကို ကြည့်ကာ နားမလည်ဖြစ်နေလေ၏ ၊ သူသည် ကောင်းမွန်စွာ တောင်ပန် စကားဆိုသည်ကို ဝိုင်းဟားသည်က ကောင်းသော အပြုမူတော့ မဟုတ်ပေ သို့ပေမဲ့ သူတို့ရွာမှ ကလေးမလေး ဆုံးရှုံးရ၍ မကျေးမချမ်း ရယ်မောသည် ဟုသာ ဖြည့်တွေးပြီး နေလိုက်၏ ၊အတန်ကြာရယ်မောပြီးသော အခါ အမယ်အို သည် မောင်ဖိုးဝေအားကြည့်၍ စကားဆိုလေသည်။
‘ကောင်လေး နင့်အဘက ကြောက်နေပြီလားဟဲ့ အဲ့တာကြောင့် နင့်ကို လာတောင်းပန်ခိုင်းတာလား”
“မဟုတ်ပါဘူး ကျုပ်က ကြားထဲကနေ လာပြီးတောင်းပန်တာပါ ကျုပ်အဘလည်း နေ့တိုင်း တမှိုင်မှိုင် တတွေတွေ နဲ့စိတ်မကောင်းဖြစ်နေတာပါ ”
“တော်စမ်း နင်အဘ လူယုတ်မာက ဒီလို ဖြစ်မတဲ့လား”
“ကျုပ် အဘက လူယုတ်မာ မဟုတ်ဘူး ခင်ဗျားတို့ကသာ အသက်ငယ်ငယ် နဲ့ ကလေးမလေးကို ပညာ အသုံးချခွင့်ပေးထားတာ ခင်ဗျားတို့က စည်းမရှိတာ ”
“တော်စမ်း ငါမြေးပြုစား တဲ့ ကောင်မကကော ငါ့မြေးကို စော်ကာမော်ကား လုပ်တာက ကောင်းလား ”
“မကောင်းဘူးဆိုတာ သိတယ် ခင်ဗျားတို့ကကော ခင်ဗျားမြေး သူတပါးအပေါ် သေအောင် ပြုစားမဲ့ အရေးကို မတားပဲ ဘာကြောင့် လွှတ်ထားရနာလဲ ”
“,သူကို့ စ ရင်တော့ သူက သတ်မှာပဲ လေ ”
“အဲ့လို ပြောမယ်ဆို ကျုပ်အဘကလည်း လူတွေကို ပြုစားတဲ့ စုန်းတွေကို သတ်တာ အပြစ်မရှိဘူးပေါ့ ”
“နင် နင် ”
“ကျုပ်က ကျုပ်အဘ ဖြစ်နေတာကို မကြည့်ရက်လို့လာတာ ကျုပ် အဘ နဲ့ ကျုပ်က ခင်ဗျားတို့လို စုန်းကဝေ တွေကို ကြောက်မယ် များထင်နေလား ကျုပ်က လူသားဆန်စွာ လာတောင်းပန်ပြီး ပြီး ကျုပ် ပြန်မယ် ”
“အေး ပြန်ပြန် နင် အိမ်ရောက်ရင်သာ ငါတို့ အကြောင်းကို သိစေရမယ် ငါတို့က နင် နဲ့ နင့် အဘကို ထိမရဘူး ဒါပေမဲ နင်မလာခင် ကတည်းက နင်အဘ အတွက် လက်ဆောင် ပေးထားခဲ့ပြီ ပြီ ခစ်–ခစ်”
“ဘာ ဘာပြောတယ် ”
မောင်ဖိုးဝေသည် ကြာရိုးရွာသားများကို တချက် စိုက်ကြည့်ပြီး နောက် ကြာရိုးရွာမှ အမြန် ထွက်လိုက်ပါလေတော့သည ်။

*အခန်း-၇

မောင်ဖိုးဝေသည် အိမ်သို့ ပြန်သည် လမ်းတလျောက် စိတ်လောနေ၍ ခလုပ်တိုက် တိုက်နေသည် ၊မောင်ဖိုးဝေ စိတ်ထဲ တွင် ရွာကို ပြန်သည့် အပြန်လမ်းသည် ပို၍ ရှည်ကြာနေသည့် ဟုထင်မိသည် ၊ ထို့နောက် မောင်ဖိုးဝေသည် ငကောင်းကံရွာလေးသို့ ပြန် ရောက်လာပြ‌‌ီဖြစ်သည် ငကောင်းကံ ရွာသို့ရောက်သည် နှင့် မောင်ဖိုးဝေသည် သူ၏ အိမ်သို့ အပြေးတပိုင်း နှင့် သွားလိုက်ချိန် အိမ်အောက်တွင် လူများဝိုင်း အုံ‌ေနသည်ကို တြွေလိုက်ရသည် ၊ ထိုအခါ မောင်ဖိုးဝေ၏ စိတ်ထဲတွင် ထင့်ခနဲဖြစ်ကာ လူများအုံနေသော နေရာသို့ ရ‌ေရာက်လာခဲ့သည် ၊ သူရောက်လာသည် နှင့် ငကောင်းကံရွာသားများသည် သူ့အား သနားစဖွယ်ကြည့်ကာ
“ဖိုးဝေ မင်းအဘကို ဒီကောင် နှစ်ကောင် ဓားနဲ့ အိမ်ပေါ်တက်ထိုးတာ မင်းအဘ ဒဏ်ရာရသွားတယ် အိမ်ပေါ်မှာ ဆေးကုပေးနေတယ် ”
မောင်ဖိုးဝေသည် လူများကြားထဲမှ အိမ်တိုင်တွင် ကြိုး နှင့် တုပ်ထားသော လူနှစ်ယောက်ကို ကြည့်လိုက်သည် တ‌ေယာက်သည် ရွာအနောက်ဘက်ပိုင်းမှ ဘိန်းစား ဖိုးကျော် ဆိုသူဖြစ်ပြီး သူသည် အရပ်တကာလှည့်လည် သွားနေသူ ဖြစ်၏၊ ကျန်သော သူတယောက်သည်က သူမသိသော မျက်နှားစိမ်း တ‌ေယာက်ဖြစ်သည် မောင်ဖိုးဝေသည် ထိုသူနှစ်ယောက်ကို သေချာကြည့်ကာ တောက်တချက်ကို ခေါက်ပြီး အိမ်ပေါ်သို့ ပြေးတက်လိုက်ကာ သူ၏ အဘ ဦးသင်္ခဆီသွားလိုက်တော့သည် ။
အိမ်ပေါ်သို့ ရောက်သောအခါ ဦးသင်္ခသည် အိပ်ယာပေါ် လဲလျောင်းနေပြီး ဝမ်းဗိုက်တွင် ပုဆိုးကို ပတ်တီး အဖြစ်စည်းထား‌ေပးကြ၏။ သူ၏ဘေးတွင်တော့ ရပ်မိရပ်ဖ များနှင့် ရွာသားအတော် အများ ရှိလေသည် ၊ ထို့‌ေနာက် ဦးသင်္ခဘေး‌တွင် ထိုင်နေသော လူများသည် မောင်ဖိုး‌ေဝကို မြင်သောအခါ
“ဖိုးဝေ မြန်မြန်လာပါဟ မင်းအဘက မင်းကို တချိန်လုံး မေးနေတာ ”
“ဗျာ ”
မောင်ဖိုးဝေ အံ့ဩသွားရလေ၏ ဒဏ်ရ ရထားသည်ဟု အိမ်အောက်က ရွာသားများပြောသော စကားကြောင့် သိထားပေမဲ့ ယခုလောက်ကြီး ဆိုးမည်ဟုမထင်ထားမိပါ ၊ ယခုအချိန်တွင် ‌ေတာ့ ဦးသင်္ခသည် အတော်ကို အခြေအနေ ဆိုးရွားစွာရှိနေပြီး မျက်လုံးကို ပင်မဖွင့်နိုင်တော့ပေ မောင်ဖိုးဝေ ကြောင်ငေးနေစဉ် ၊ သူအားနောက်တခါ ထပ်ခေါ်မှ သူ၏ အဘအနားသွားလိုက်ကာ
“အဘ ဘယ်လို ဖြစ်တာလဲဗျာ ဦးကြီးတို့ အဘကို မြို့ဆေးခန်းကို မပို့ ကြဘူးလား ဗျာ ”
မောင်ဖိုးဝေသည် သူ၏ အဘကို ကြည့်ရင်း စကားပြောကာ ဘေးတွင် ရှိ‌ေသာ ရပ်မိရပ်ဖများကိုပါ တခါတည်း မေးခွနး် ထုတ်လိုက်လေသည်။ ထိုအခါ ရပ်မိရပ်ဖ ထဲမှ လူကြီး တဦးသည် မောင်ဖိုးဝေ၏ ပုခုံးကို လက်တဖက်ဖြစ် ဖက်ကာ –
“ငါတို့က ဆေးရုံပို့ဖို့ လုပ်ပါသေးတယ် မင်းအဘက မသွားဘူးတဲ့ မင်းအလာကိုပဲ ဒီကစောင့်မယ်လို့ပြောလို့ပါ ကွာ”
‌ေမာင်ဖိုးဝေသည် သူ့အား ပုခုံးကိုဖက်၍စကားဆိုနေသော လူကြီး၏ စကားကို ခွန်းတုန့်မပြန်နိုင်ပေ သူ၏ ရင်ဘက်ထဲမှ ဆို့နင့်ကာ မျက်ဝန်းမှ မျက်ရည်တို့သည် ရစ်ဝဲ၍လာ၏ သူ၏ ရှေ့တွင်တော့ ဖခင် အရင်း မဟုတ်ပေမဲ့ ဖခင် အရင်းထက်ကို ပိုပြီး လိုလေသေ့ မရှိအောင် ဂရုစိုက်ပေးခဲ့သော မွေးစားဖခင် ဖြစ်သူမှာ မျက်လုံးကို မှိတ်လို့ ပါးစပ်မှ တိုးတိုး စကားဆိုနေသည် ၊ ထိုအခါ မောင်ဖိုးဝေသည် အသံတိုးတိုး ရေရွတ်နေသော ဦးသင်္ခ၏ ပါးစပ်နားသို့ နားကပ်ပြီး နားထောင်လိုက်သည် ”
“လူလေး ရောက်လာပြီလား”
“ကျုပ် ကျုပ်ရောက်ပါပြီ အဘ”
“အဘ မင်းကို စောင့်နေတာ အဘ သွားတော့မယ် လူလေး ဖြစ်ပျက်သမျှတွေက ကံ‌ကြောင့်လို့ပဲ အဘတွေးပါတယ် လူလေးကို မှာချင်တာတခုရှိတယ် အဘကို ပေးထားတဲ့ ကတိကိုတော့ မဖျက်ပါနဲ့ ”
မောင်ဖိုးဝေ ခေတ္တ ငြိမ်ပြီး မည်သည့်စကားမှ ပြန်မပြောပေ ၊ မောင်ဖိုးဝေ မည်သည့်စကားမှ ပြန်မပြောသောအခါ ဦးသင်္ခသည် ဆက်ပြီး ‌စကားဆိုလေ၏
“လူလေး အဘ မရှိရင်တောင် အဘ စကားကို နားထောင်မယ်လို့ မျှော်လင့်ပါတယ်ကွယ် ”
ဦးသင်္ခသည် ထိုမျှလောက်သာ စကားဆိုပြီး နောက်ထပ် မည်သည့်စကားမှ မပြောတော့ပါပဲ အေး‌ေဆးတည်ငြိမ်စွာနှင့် ဆုံးပါးသွားလေတော့သည် ၊ မောင်ဖိုးဝေသည် သူ၏ အဘဆုံးပါးသွားသည်ကို သိပေမဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်အောင် အော်ဟစ်ငိုကျွေးချင်းမရှိပါ ၊ သူ၏ စိတ်ထဲတွင်တော့ ဝမ်းနည်းကြေကွဲချင်းနှင့်အတူ ဒေါသများ ပြည့် နှက်နေသည် ၊ သို့ပေမဲ့ သူ၏အဘ သူ့အား မသေခင် အချိန်ထိ တတွတ်တွတ်တောင်းခဲ့သော ကတိကိုတော့ တည်မည်ဟုတွေးရင်း ဖခင်၏ နာရေးအတွက်ကိုသာ ယခုလောလော ဆယ် အာရုံစိုက်ရင်း ဦးသင်္ခအလောင်း၏ ခြေအစုံကို နဖူးနှင့် ထိလိုက်ပြီး မျက်ရည် စက်လက် နှင့် ဦးချ ကန်တော့လိုက်ပါလေတော့သည် ။

*အခန်း-၈

ဦးသင်္ခ၏ အသုဘသည် ဝမ်းနည်းကြေကွဲ နှမျော တသ သူများစွာ နှင့် လိုက်ပါ ပို့ဆောင်ပြီး ပြီးဆုံးသွားပြီဖြစ်သည် ၊ ထို့နောက် မောင်ဖိုးဝေသည် သူ၏ အိမ်အောက်တွင် ထိတ်တုံး ခတ်ခံထားရသော လူနှစ်ယောက်ကို စူးဆိုက်ကြည့်နေသည် ၊ သူ၏ အဖေကို သတ်သောသူမှ သူ့ရှေတွင် ရှိသော လူနှစ်‌ေယာက်ဆိုပေမဲ့ ဒီလူတွေသည် အကြောင်းမဲ့ သက်သက်တော့ သူ၏ အဘကို မသတ်နိုင် အကြောင်းတခုခု တော့ ရှိမည်ဟုတွေးကာ
“ကဲ ကိုဖိုးကျော် ခင်ဗျားက ကျုပ်တို့ ရွာသားဆိုတာ ကျုပ်သိတယ် ဘာလို့ ကျုပ်အဘကို သတ်ရတာလဲဗျာ ကျုပ်အဘက ခင်ဗျာကို ဘာလုပ်မိလို့လဲ ဟိုတလောကတောင် ခင်ဗျား မိဘတွေကို ဆန်တခွဲ ကျုပ်ကို ပို့‌ေပးခိုင်းသေးတယ် ခင်ဗျားတို့ မိသားစု အပေါ် ကျုပ်အဘ ဘာများ အပြစ်ကျူးလွန်ထားလို့လဲ ပြောစမး်ပါဦး ”
မောင်ဖိုးဝေ ထိုသို့သော စကားကို အေးဆေး တည်ငြိမ်စွာ စကားပြောနေစဉ် ဖိုးကျော်၏ မိဘ နှစ်ပါးသည်လည်း မောင်ဖိုးဝေတို့ အနားသို့ ရောက်လာကာ မောင်ဖိုးဝေ၏ ရှေ့တွင် ဒူးထောက် ထိုင်ချလိုက်ပြီး –
“ဖိုးဝေ ငါတို့ သားအတွက် ငါတို့တောင်းပန်ပါတယ် ”
“ဟုတ်ပါတယ် ငါတို့ သားအတွက်ဆိုတာ သူ့ကိုလွှတ်ပေးဖို့ တောင်းပန်တာ မဟုတ်ပါဘူး ငါ့သားကြောင့် မင်းရဲ့ အဘ ကို ဆုံးရှုံးခဲ့ ရတဲ့ အတွက်ပါကွာ ”
“မဟုတ်တာ ထပါ အရီး နဲ့ ဦးကြီးရယ် ကျုပ်ကို ငရဲ မပေးပါနဲ့ အရီးတို့ နဲ့ မဆိုင်ပါဘူး ကျုပ်အဘက ကိုဖိုးကျော် ကို ဘယ်လို အပြစ်ကျုးလွန်ထားလို့ ဓားနဲ့ထိုး သတ်ရတဲ့ အထိ ဖြစ်ရတာလဲ ဆိုတာ မေးပေးပါ ဦး”


မောင်ဖိုးဝေသည် အေးဆေးတည်ငြိမ်စွာ စကားဆိုပြီးချိန် တွင် ၊ ဖိုးကျော်ကိုသာ စူးစိုက်ကြည့်နေသည် ဖိုးကျော်သည် မောင်ဖိုးဝေ၏ အကြည့်ဒဏ်ကို မခံနိုင်ပဲ မျက်နှာ လွှဲနေလေသည် ၊ ထို့နောက် ဖိုးကျော်၏ မိဘများသည် သူ၏ သားဖြစ်သူကို ကြည့်ကာ
“ဟဲ့လူမိုက် နင်က ငါတို့ရဲ့ ကျေးဇူးရှင်ကို ဘာကြောင့် သတ်ရတာလဲ နင်က ဘိန်းတခုကိုပဲ သိတဲ့ ဘိန်းစားပဲ နင် ကြိုးစင်ပေါ်မှာပဲ သေပေတော့ နင်ဘာကြောင့် ငါတို့ ရွာလူကြီးကို သတ်ရတာ လဲငါ့ကို ပြောစမ်း ပါ ဟယ် ”
အမေဖြစ်သူ၏ စကားဆုံးသည် နှင့် ဖိုးကျော်သည် သူအနားတွင် ရှိသော မျက်နှာစိမ်းအား စူးစိုက်ကြည့်ကာ
“ဒီကိစ္စတွေ ဖြစ်တာ မင်းကြောင့် မင်းကြောင့် ငါ့ရွာလူကြီးကို ငါသတ်မိတာ မင်းကို ဘိန်းတွေ ဘယ်သူပေးတာလဲ ပြောစမ်း ငါတို့ကို ဘိန်းတွေ ပေးပြီး သတ်ခိုင်းတာ ဘယ်သူလဲ ”
“ငါ ငါပြောပြပါမယ် ငါလည်း ဘိန်းတွေ အများကြီး မြင်တော့ ဘာမှမတွေးနိုင်‌ေတာ့ဘူး ပြီးတော့ ငါ့ မိန်းမကိုလည်း သူတို့က ပြုစားထားလို့ ငါ မငြင်းနိုင်တာပါကွာ ”
မောင်ဖိုးဝေသည် ပြုစားသည်ဆိုသော စကားကြောင့် မျက်နှားစိမ် လူကို သေချာကြည့်ကာ
“ဟေ့‌လူ ပြောစမ်း ခင်ဗျားကို ဘယ်သူ ခိုင်းတာ လဲ ”
“ဟို ဟို ကြာ ကြာရိုးဆိုလား အဲ့ရွာက လူတ‌ေယာက်လာခိုင်းတာ သူတို့က စုန်းတွေထင်တယ် ကျုပ် မိန်းမကို လည်း ပြုစားထားတယ် ကျုပ်တို့ကိုလည်း ဘိန်းတွေ ပေးတယ်”
“တောက် စုန်း တွေ စုန်းတွေ ဘာမှကောင်းကျိုး မပေးတဲ့ စုနး်တွေ ငါ အကြောင်း နင့်တို့ ကောင်းကောင်းသိစေရမယ် ဟေ့ ”
မောင်ဖိုးဝေသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ပါးစပ်မှ ရေရွတ်ကာ စုန်းများအား သတ်ပြစ်ချင်ပေမဲ့ သူ၏ အဘကို ပေးထားသည့် ကတိတည်ရမည်ဖြစ်ကာ ပညာများကို သာဖျက်စီးပြစ်မည်ဟု စိတ်ဆုံးဖြတ်လိုက်ပါလေတော့သည်။

ဦးဖိုးဝေ နှင့် ငယ်ဘဝ (၄) အားဆက်လက်တင်ဆက်ပေးပါမည်

မောင်တင်ဆန်း

Leave a Comment